၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သစ်တောဦးစီးရုံးချုပ်၏ ချပြသတင်းအရ ၂၇-၇-၂၀၁၉ နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်း မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ပုသိမ် - မုံရွာ ကားလမ်း ဘေး ရောင်ကြီးကျေးရွာအရှေ့ဘက် (၄) ဖာလုံခန့် အကွာနေရာတွင် တရားမဝင်ကျွန်းခွဲသား (၁၉)ချောင်း (၁.၆၅၉၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော် ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင် ရေးစီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၂၆-၇-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်း၊ ထန်းတပင် သီတာအေး တာဆုံ စုပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်အမှတ် (1Q 4729) Nissan Diesel (ဖြူ စိမ်း ကြား) (၆) ဘီးယာဉ်အား တရားမဝင် တောင်သရက်ခွဲသား (၃၂)ချောင်း (၃.၅၅၆၄)တန်ကိုတရားခံ (၂) ဦး တို့နှင့်အတူဖမ်းဆီးရမိခဲ့ပြီး တရားခံများအား သစ်တောဥပဒေနှင့် အညီ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၆-၇-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကသာမြို့နယ်၊ အထက်ဝဲကြီးရွာဟောင်းအနီးတွင် တရားမဝင် ကညင်သစ်(၅၇)လုံး (၁၁၃.၃၀၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချီဖိန်းမြို့၊ အာရှ-ပစိဖိတ် သစ်တောများစဉ်ဆက်မပြတ် စီမံအုပ်ချုပ်ရေးနှင့် ပြန်လည်တည်ထောင် ရေးကွန်ယက်(APFNet)သင်တန်းကျောင်းတွင်ကျင်းပသော အာရှ-ပစိဖိတ် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။အဖွင့်မိန့်ခွန်းပြောကြားရာတွင် အာရှ-ပစိဖိတ် သစ်တောများစဉ်ဆက်မပြတ် စီမံအုပ်ချုပ် ရေးနှင့် ပြန်လည်တည်ထောင်ရေးကွန်ယက် (APFNet)၏ President ဖြစ်သူ Mr.Shucong Zhao ၊ Executive Director ဖြစ်သူ Dr. Lu De တို့နှင့် တွေ့ဆုံ၍ သစ်တောများပြန်လည်တည်ထောင်ရေး လုပ်ငန်းများ၊ ဂေဟစနစ်ပြည်လည်တည်ထောင်ရေး လုပ်ငန်းများ၊ စဉ်ဆက်မပြတ် သစ်တောစီမံ အုပ်ချုပ်မှုလုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ မဟာသိပ္ပံနှင့် ပါရဂူဘွဲ့ပညာသင်ဆုများ အထောက် အပံ့ရရှိရေး၊ စဉ်ဆက်မပြတ် သစ်တောစီမံအုပ်ချုပ်ခြင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း၊

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၂-၇-၂၀၁၉)ရက်နေ့မှ (၂၈-၇-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၆၃.၃၂၉၂)တန်ဖမ်းဆီးရမိခဲ့ပါသည်။

၂၇-၇-၂၀၁၉ ရက်နေ့၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင်ဦးဆောင်၍ သစ်တောဦးစီးဌာနမှ အရာထမ်းများ၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင် ရာတက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် တတိယနှစ်၊ စတုတ္ထနှစ်၊ နောက်ဆုံးနှစ် ကျောင်းသူ/ကျောင်းသားများ ပါဝင်၍ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ရိုးစုံကျေးရွာရှိ ဦးအုန်းညွန့်ပါ (၁၂၀)ဦး၏ ရိုးစုံဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော(၅၅၀)ဧကသို့ ကွင်းဆင်းလေ့လာခဲ့ကြသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ ရွှေနတ်တောင်အဆိုပြုကြိုးပြင်ကာကွယ်တောအတွင်း အပူပိုင်းဒေ သစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ၂/၂၀၁၈ အခြားစိုက်ခင်း (၂၅)ဧက အားလေ့လာခဲ့ပါသည်။ ဆက်လက်၍ ကျောင်းသား/ကျောင်းသူများသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ မယ်ညိုတောင်ကြိုးဝိုင်း အတွင်း အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ Asian Development Bank (ADB)နှင့် Nippon Koei Co.,Ltd တို့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Rural Productivity and Ecosystem Services Enhanced in Central Dry Zone Forest စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှုများအား လေ့လာခဲ့ပါသည်။

၂၃-၇-၂၀၁၉ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပလွေး(၇၆) ဂွေးချိုချောင်းဘေးမှ တရားမဝင် သံသေ/ချဉ်ယုတ်/ကျွန်းဓါးရွေ(၁၄၅)ချောင်း (၆.၃၇၁၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၂၃-၇-၂၀၁၉ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သာသနာရေးဦးစီးမှူးနှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ရွာကောက်အုပ်စု၊ ပန်းခင်း(၃)လမ်း၊ နန္ဒဝန်ကျောင်းဝန်းအတွင်း တရားမဝင်ပိတောက်/ပျဉ်းကတိုး/ကညင်ခွဲသား (၂၈၃)ချောင်း(၁၃.၂၃၀၈)တန်အား ပိုင်ရှင်(စုံစမ်းဆဲ) ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက် ရှိပါသည်။

Pages