၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၄-၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အမှတ်(၆၀၄)ဒုံးတပ်ရင်းမှ ဗိုလ်ကြီးဉာဏ်လင်းထက်ဦးစီးသော တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ ပန်ပဲတိုးချဲ့ကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်း /ပျဉ်းက တိုးသစ် (၁၀၀)လုံး (၂၃.၁၁၇၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၅-၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် သစ်တောဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့၊ ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ လ/ထညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကောလင်းမြို့နယ်၊ ကောလင်း-ဥက္ကံသွား ကားလမ်း၊ ဂွေးတောက်ကျေးရွာတောင်ဘက်(၆)ဖာလုံခန့်အကွာ မော်တော်ယာဉ်အမှတ်(MDY-9H/ 3731) CDW-757 SINOTRUK အနီရောင်(၆)ဘီး(၁)စီးပေါ်မှ တရားမဝင် အင်ခွဲသား(၃၀၉)ချောင်း(၄.၉၁၉၂)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၅-၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းကျေးရွာအုပ်စု၊ ဂရံကျေးရွာ၏ အနောာက်ဘက်(၂)ဖာလုံခန့်အကွာနေရာ၌ တရုတ်နီအင်ဂျင်(၁)လုံးပါ သစ်စက်ဆက် ပစ္စည်းများနှင့်အတူ တရားမဝင်ကျွန်းသစ်(၃၃)လုံး (၆.၄၆၆၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၄-၁-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မတ္တရာမြို့နယ်၊ ဝန်တင်ကုန်းကျေးရွာ၏ အရှေ့ဖက်(၁)မိုင်ခန့်အကွာ တောစပ်တွင် တရားမဝင်ပျဉ်းကတိုး/အင်/သဒီသစ် (၇၉)လုံး/ခြမ်း(၃၀.၃၃၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၄-၁-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ကြီး)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ စစ်ဗျူဟာ(အခြေချ)မှ ဗိုလ်ကြီး သန့်ဇော်လင်း၊ စ.ရ.ဖ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ ကွန်ဟိန်းတံတားပေါ်မှ မော်တော်ယာဉ်အမှတ်- (3B-8279) Nissan (၁၀)ဘီး (ဖြူ/ပြာ)ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ (၁၄၇)ချောင်း (၄.၆၀၃၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၂၇-၁-၂၀၂၀ ရက်နေ့ (၁၃:ဝဝ)နာရီအချိန်တွင် အမျိုးသားမြေအသုံးချမှု ကောင်စီမှ အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်ရန်အတွက် သဘောတူညီမှုမှတ်တမ်း( RoD) လက်မှတ်ရေး ထိုးခြင်း အခမ်းအနားကိုကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ (သစ်တော) နှင့် EU မှDr. Johann Hesse, Head of Cooperation နှင့် SDC မှ Mr. Giacomo Solari, Head of Cooperation တို့က သဘောတူညီမှုမှတ်တမ်း(RoD)ကို လက်မှတ်ရေးထိုးခဲ့ပါသည်

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တွင် ၂၀၁၈ ခုနှစ်မှစ၍ ပြည်တွင်း/ပြည်ပ သင်တန်းများ ဖွင့်လှစ်ကျင်းပလျက်ရှိပါသည်။၂၀၂၀ ပြည့်နှစ်အတွင်း ဖွင့်လှစ်ပို့ချသွားမည့် ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် များ အနက် ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ “ဝါးမှ မျှစ်ထုတ်လုပ်ခြင်းနှင့် ကြိမ် ပရိဘောဂ ပြုလုပ်ခြင်းသင်တန်း”ကို (က) သစ်မဟုတ်သော သစ်တောထွက် ပစ္စည်းများမှ တန်ဖိုးမြှင့် ပရိဘောဂပစ္စည်းများ၊ လက်မှုပစ္စည်းများနှင့် စားသောက်ကုန်များ ထုတ်လုပ် ခြင်းဖြင့် ဒေသခံများ၏ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု သင်တန်းများ ပေးရန် (ခ) ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအခြေပြု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး လာစေပြီး သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို ပိုမိုအားကောင်းလာစေရန် (ဂ) ဒေသခံ ပြည်သူ များ၏ အသက်မွေးဝမ်းကျောင်းအတွက် သစ်တောများအပေါ် မှီခိုနေမှုများ လျော့ချနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်လျက်ရှိပါသည်။

၂၇-၁-၂၀၂၀ ရက်နေ့၊ နံနက်(၉:၃၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံ ရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အရ ဒေါက်တာ သန့်ရှင်း(လက်ထောက်ညွှန်ကြားရေးမှူး) သစ်တောသုတေသနဌာနက ထိုင်းနိုင်ငံတွင် (Capacity building workshop on reporting progress made toward the achievement of the Global Forest Goals and targets of the UN Strategic Plan on Forests 2030(UNSPF) )တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်း ဆွေးနွေးခြင်း၊ ဦးလွင်ကိုဦး(ဦးစီးအရာရှိ) ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာနက ဂျပန်နိုင်ငံ တွင် (ဂေဟစနစ်အခြေခံသည့် သဘာဝအန္တရာယ် လျော့ချရေးဆိုင်ရာသင်တန်း) တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်း၊ ဒေါ်ခင်ငြိမ်းစံ (ဦးစီးအရာရှိ)သဘာဝဝန်းကျင် နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက လာအိုနိုင်ငံတွင်( The Sixth ASEAN Heritage Parks Conference) တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ဒေါ်ညိုမီထွန်း(ဦးစီးအရာရှိ) သဘာဝတောနှင့်စိုက်ခင်းလုပ်ငန်းဌာနက ထိုင်းနိုင်ငံတွင်(Science-Policy Dialogue on the IPBES Asia-Pacific Regional Assessment for South-East Asia and North-East Asia Subregion) တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်း ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

Pages