၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာညွှန်ကြားချက်များ (Community Forestry Instructions) နှင့်ပတ်သက်သည့်အချက်အလက် များကို http://www.fdmoecaf.gov.mm/other_book တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

နိုင်ငံတော် သမ္မတဦးထင်ကျော် ဦးဆောင်ပြီး ဒုတိယ သမ္မတ ဦးမြင့်ဆွေ၊ အမျိုးသားလွှတ်တော်ဥက္ကဌ ၊ နေပြည်တော်ကောင်စီဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်း များစုပေါင်း၍ မိုးရာသီ သစ်ပင်စိုက် ပျိုးခြင်းကို ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်-တပ်ကုန်း၊ အမှတ်(၁)ကားလမ်း၊ မိုင်တိုင်အမှတ် (၂ / ၄)နှင့် (၂ / ၅)ကြားရှိ ဖိုးဇောင်တောင် ကြိုးဝိုင်း၊ အကွက် အမှတ် (၁၆) သဘာဝ သစ်တောအတွင်း စိုက်ပျိုးခဲ့ကြပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တော သုတေသန၊ ရေဆင်းတွင် လစ်လပ်လျက်ရှိသော သုတေသနလက်ထောက်(၃)၊ ပညာရှင်(အဆင့်-၂) လစာနှုန်း(ကျပ် ၁၆၅၀၀၀-၂၀၀၀-၁၇၅၀၀၀) ရာထူး (၄) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများဖွင့်ပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ နံနက် ၀၉း၀၀ နာရီ တွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ ဂရင်းအမရဟိုတယ်၌ ကျင်းပရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန နှင့် ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Thailand International Cooperation Agency -TICA)တို့ပူးပေါင်းကျင်းပသည့် ဝါးသယံဇာတ စဉ်ဆက်မပြတ် အသုံးချမှုအထောက်အကူပြု ဝါးပျိုးထောင်စိုက်ပျိုးခြင်း၊ ဝါးစိုက်ခင်းစီမံအုပ်ချုပ်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန်တွင် သစ်တောသုတေသနဌာန(ရေဆင်း)၊ စုဝေးခန်းမ၌ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

၂၇)ကြိမ်မြောက် အာဆီယံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် အလှည့်ကျ လက်ခံ ကျင်းပမည်ဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ် လျက်ရှိသော ကျွမ်းကျင်သူ(အဆင့်-၄) လစာနှုန်း (ကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)တောအုပ်ကြီး(၇၆) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရှိဝန်ထမ်းများ၏ သား၊ သမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၀၉:၀၀) နာရီ တွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းတက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

Pages