၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝပတ်၀န်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနအနေဖြင့် သဘာဝထိန်းသိမ်းရေး နယ်မြေများဖြစ်သော အမျိုးသားဥယျာဉ်များနှင့် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောများအား ကာကွယ်ထိန်းသိမ်းရန်အတွက် သက်ဆိုင်ရာတာဝန်ကျဝန်ထမ်းများက ဒေသခံပြည်သူများအား ပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် ကြိုးဝိုင်း၊ကြိုးပြင်ကာကွယ်တောနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများဟူ၍ အဆင့်ဆင့်ခွဲခြား သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် တရားမဝင်သစ်နှင့်သစ်တော ထွက်ပစ္စည်းများ ခိုးယူထုတ်လုပ်ခြင်းလုပ်ငန်းများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် စီမံချက် ချမှတ်၍ ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိပါသည်။ နေပြည်တော်သစ်တောဦးစီးဌာနမှ တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းဖမ်းဆီးရေး အဖွဲ့သည်(၁၇.၁၂.၂၀၁၃)ရက်နေ့တွင်ဇမ္ဗူသီရိမြို့နယ်သပြေကုန်းအဝိုင်းအရှေ့ဘက်မှ တရားမဝင်

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများတည်ထောင်၍ သစ်တောထွက်ပစစည်းများ ထုတ်ယူခြင်းဖြင့် သဘာဝသစ်တောများအပေါ် မှီခိုမှုလျော့နည်းလာစေရန်၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများတွင် သီးနှံသစ်တောရောနှော စိုက်ပျိူးခြင်းအားဖြင့် သစ်တောထွက်ပစစည်းနှင့် စားသုံးသီးနှံနှစ်မျိုးစလုံး အကျိုးခံစားနိုင်ကြခြင်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးအား အထောက်အကူဖြစ်စေရန်၊ ဒေသခံပြည်သူများသစ်တောလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရန်နှင့် အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများအကြောင်း ပိုမိုကျယ်ပြန့်စွာ သိရှိလာစေရန်ရည်ရွယ်လျက် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောပညာဖွံ့ဖြိုးမှု သင်တန်းအမှတ်စဥ်(၂ဝ)ကို မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ ညွန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမတွင် (၉-၉-၂ဝ၁၃)ရက်နေ့မှ (၂ဝ-၉-၂ဝ၁၃)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချခဲ့ပါသည်။

သစ်တောများသည် သစ်၊ ထင်း၊ မီးသွေးနှင့် အခြားလူသုံးကုန်ပစ္စည်းများထုတ်ယူရရှိရာ သဘာဝအရင်း အမြစ်များဖြစ်သည့်အပြင် ရေနှင့် မြေသယံဇာတများထိန်းသိမ်းပေးခြင်း၊ ကမ္ဘာ့လေထုသန့်ရှင်းရန် ထိန်းညှိပေး ခြင်းစသည့် ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးသည်။ ထို့အပြင် ကုန်းတွင်းပိုင်း ဇီဝမျိုးစုံမျိုးကွဲများ၏ ၉၀% ရှင်သန်ရပ်တည်ရာနေရာများလည်းဖြစ်သည်။

နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးအတွက် မြို့ရွာဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ၌ မြေယာခွဲဝေအသုံးချမှုများ ထိရောက်စွာဆောင်ရွက်နိုင်ရေး၊ မြေအသုံးချမှုမူဝါဒများ ရေးဆွဲပြီးဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေစီမံခန့်ခွဲမှုဆိုင်ရာအစီအမံများစနစ်တကျ ဆောင်ရွက်နိုင်ရန်ရည်ရွယ်

ကျေးလက်ပြည်သူတို့၏ လူမှုစီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေများတိုးတက်ကောင်းမွန်စေရေးအတွက် သစ်တောနယ်မြေများအတွင်းနှစ်ကာလအတန်ကြာအခြေချနေထိုင်လျက်ရှိသောအိမ်ခြေ(၅၀)အောက်အိမ်စု၊ ရွာစုများအား ကျေးရွာသစ်များအဖြစ် သစ်တောမြေမှ ပယ်ဖျက်ကာကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အစီအမံများနှင့်အညီ ဆက်လက် စုစည်းနေရာချထားပေးမည်။

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း စွမ်းဆောင်ရည်အကဲဖြတ်အဖွဲ့သို့ ပေးပို့လာသည့် ပဲခူးတိုင်း ဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ စိမ့်တောကျေးရွာတွင် နေထိုင်သူများသည် မိမိတို့၏နေအိမ်တွင် စိုက်ပျိုးထားသော သစ်များနှင့် ရေ၌မျောပါလာသော သစ်များကို အသုံးပြုနေကြပြီး ယခုအခါ သစ်တောရေးရာဝန်ကြီးဌာနမှ ထိုသို့အသုံးပြုနေသည့် သစ်များကို ဖမ်းဆီးသည့်အပြင် ဘုန်းတော်ကြီးကျောင်းရှိ သစ်များကိုပါ သိမ်းဆည်းနေပါသဖြင့် မိမိတို့သည် မည်သည့် သစ်များကို အသုံးပြုရမည်ကို သိရှိလို၍ အကြံပြုတင်ပြခြင်းအား ဆောင်ရွက်ထားရှိမှု အခြေ အနေ

Pages