၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

မှော်ဘီမြို့နယ်၊ ပညာရေးမှူးရုံးနှင့် ညှိနှိုင်းလျက် အခြေခံ ပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများအား  ဖိတ်ခေါ်၍ ကျင်းပပြုလုပ်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း သင်တန်းကျောင်း၌ လေ့လာရေးခရီးစဉ် (၅)ကြိမ် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၆၉.၅၈၇၈)တန်၊ သစ်မာ(၉၄.၂၀၈၀) တန်၊ အခြား(၁၂၅.၈၉၁၉)တန်၊ စုစုပေါင်း(၂၈၉.၆၈၇၇)တန်၊ တရားခံ(၃၈)ဦး၊ ယာဉ်/ ယန္တရား(၂၇)စီး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး ခရိုင်၊ ကလေးမြို့နယ်၊ ကျောက္ကာဘိနယ်၊ ကျီကုန်းကျေးရွာအနီး၊ ခမ မပည FA- 162691 တရားမဝင် အင်ခွဲသား (၆၄၈)ချောင်း (၁၈.၆၂၆၈)တန်အား ယာဉ် (၂)စီး၊ တရားခံ (၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ရေဝပ်ဒေသ ထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ပဉ္စမ အကြိမ် အစည်းအဝေး ၂/၂၀၁၈ ကို ၂၇-၁၂-၂၀၁၈ ရက်နေ့တွင် သစ်တောဦးစီးရုံးချုပ် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များ စုစုပေါင်း (၁၈) ဦး တက်ရောက်ခဲ့ပြီး၊ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီ (အမြဲတမ်းအတွင်း ဝန်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန နှစ်ပတ်လည် စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် သစ်တောသုတေသနဌာန နှစ်(၄၀)ပြည့် ပတ္တမြားရတု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် သစ်တောသုတေသနဌာန(ရေဆင်း)၊ စုဝေးခမ်းမတွင် ကျင်းပသည်။ 

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်  Community Monitoring and Reporting System ဖြင့် ၁၀-၁၂-၂၀၁၈ ရက်နေ့မှ   ၁၆-၁၂-၂၀၁၈ ရက်နေ့အထိ အပတ်စဉ်ဖမ်းဆီးရမိမှုတင်ပြခြင်း

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၃၆.၃၄၃၀)တန်၊ သစ်မာ(၄၁.၈၉၆၂) တန်၊ အခြား(၁၆၉.၄၉၂၆)တန်၊ စုစုပေါင်း(၂၄၇.၇၃၁၈)တန်၊ တရားခံ(၂၇)ဦး၊ ယာဉ်/ ယန္တရား (၂၁)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ စစ်ကိုင်းကိုင်းဒေသကြီး၊ မုံရွာ ခရိုင်၊ မုံရွာမြို့နယ်၊ မုံရွာတောင်ဘိနယ်၊ ရတနာပုံကျွန်းကျေးရွာ၏အနောက်တောင် ဘက်(၂)မိုင်ခန့်အကွာ၊ ချင်းတွင်းမြစ်ကမ်းအနီး၊ ကိုင်းတောအတွင်း၊ ခမ မပည GV-221320 နေရာတွင် တရားမဝင်ကညင်သစ်/ခွဲသား/ခွဲခြမ်း (၆၈)လုံး/ချောင်း/ခြမ်း (၂၆.၉၃၈၀)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

Pages