၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO)၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ အဖွဲ့၏ လုပ်ငန်းအစီအစဉ်များ ဖြစ်သော သဘာဝအမွေအနှစ်များထိန်းသိမ်းရေးနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး လုပ်ငန်း များတွင် တက်ကြွစွာပူးပေါင်းပါဝင်လျက်ရှိပါသည်။ နိုင်ငံအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများအား ကာကွယ်ထိန်းသိမ်းခြင်းနှင့် ဒေသခံများ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်း ဆောင်ရွက်လျက်ရှိရာ အင်းလေးကန်ဒေသအား လူသား နှင့်ဇီဝအဝန်းနယ်မြေ(MAB)အဖြစ် သတ်မှတ် အတည်ပြုနိုင်ခဲ့ကာ အလားတူကာကွယ် ထိန်းသိမ်းခြင်း လုပ်ငန်းများ ပိုမိုထိရောက် စေရန်အတွက် အခြားသောသဘာဝထိန်းသိမ်းရေးနယ် မြေများကိုပါ လူသားနှင့်ဇီဝအဝန်း နယ်မြေ(MAB)အဖြစ် ထပ်မံအဆိုပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

မျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏လမ်းညွှန်မှုဖြင့် ဆောင်ရွက်မည့် အစိုးရ ဌာနဆိုင်ရာ နှင့် အဖွဲ့အစည်းများ ၏ ကိန်းဂဏန်း စုစည်းမှု၊ မြေပုံထုတ်လုပ်သည့်စနစ်တွေကို စံပြုထားတဲ့ အမျိုးသားမြေပုံစံ စနစ်ဖြစ်မယ့် OneMap Myanmar ကို စတင် အကောင် အထည်ဖော်ရန် OneMap Myanmar စီမံကိန်း စတင်ခြင်း အခမ်းအနားကို ၂၅-၆-၂၀၁၅ ရက်နေ့ (ကြာသပတေးနေ့) တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ OneMap Myanmar စီမံကိန်းအကောင် အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ တွင်ပါဝင်သော ဌာန/အဖွဲ့အစည်း (၂၅) ဌာန မှ တာဝန်ရှိသူများ၊ OneMap Myanmar မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် Swiss Agency for Development and Cooperation (SDC), Centre for Development and Environment(CDE), University of Bern, Switzerland နှင့် Land Core Group တို့ မှ တာဝန်ရှိသူများ နှင့် ကျွမ်းကျင်ပညာရှင်များ၊ စုစုပေါင်း (၄၃) ဦး တက်ရောက်ခဲ့ကြပါသည်။

အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏လမ်းညွှန်မှုဖြင့် ဆောင်ရွက်မည့် အစိုးရ ဌာနဆိုင်ရာ နှင့် အဖွဲ့အစည်းများ ၏ ကိန်းဂဏန်း စုစည်းမှု၊ မြေပုံထုတ်လုပ်သည့်စနစ်တွေကို စံပြုထားတဲ့ အမျိုးသားမြေပုံစံ စနစ်ဖြစ်မယ့် OneMap Myanmar ကို စတင် အကောင် အထည်ဖော်ရန် OneMap Myanmar စီမံကိန်း စတင်ခြင်း အခမ်းအနားကို ၂၅-၆-၂၀၁၅ ရက်နေ့ (ကြာသပတေးနေ့) တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ OneMap Myanmar စီမံကိန်းအကောင် အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ တွင်ပါဝင်သော ဌာန/အဖွဲ့အစည်း (၂၅) ဌာန မှ တာဝန်ရှိသူများ၊ OneMap Myanmar မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် Swiss Agency for Development and Cooperation (SDC), Centre for Development and Environment(CDE), University of Bern, Switzerland နှင့် Land Core Group တို့ မှ တာဝန်ရှိသူများ နှင့် ကျွမ်းကျင်ပညာရှင်များ၊ စုစုပေါင်း (၄၃) ဦး တက်ရောက်ခဲ့ကြပါသည်။

သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့တွင် တာဝန်ထမ်း ဆောင်လျက်ရှိသော လုပ်သက်(၅)နှင့်အထက်ရှိ တောအုပ်ကြီး (သိပ္ပံသစ်တောဘွဲ့) များအား ဦးစီးအရာရှိရာထူးတိုးမြှင့်ခန့်ထားပေးရန်အတွက် ရေးဖြေစာမေးပွဲကျင်းပပြုလုပ်ခဲ့ရာ (၅၅)ဦး ဖြေဆိုခဲ့ပြီး (၅၄)ဦးအောင်မြင်ခဲ့ပါသည်။ ရေးဖြေစာမေးပွဲအောင်မြင်သူ တောအုပ်ကြီး (၅၄)ဦး အား လူတွေ့စစ်ဆေးခြင်း ပြုလုပ်မည်ဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များအား အောက် ပါလင့်ခ်တွင် download ရယူကာ ဖတ်ရှုနိုင်ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (World Wide Fund for Nature - WWF) တို့ပူးပေါင်း၍ အစိမ်းရောင် စီးပွားရေး မူဝါဒနှင့် မဟာဗျူဟာမူဘောင်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Inception Workshop on Developing a Green Economy Policy and Strategic Framework for Myanmar) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော်၊ Grand Amara Hotel ၌ ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင်နှင့် WWF Greater Mekong မှ Regional Conservation Director - Mr. Teak Seng တို့က အဖွင့်အမှာစကား အသီးသီးပြောကြားကြသည်။

၂၀၁၄-၂၀၁၅ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ သား/သမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် သင်တန်းသား ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့(၁.၇.၂၀၁၅)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက်၍ အမှာစကားပြောကြား ပါသည်။

နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ ပညာရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန တို့မှ ပူးပေါင်း၍ မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၏ စာသင်ခုံလိုအပ်ချက် များကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလကုန်အပြီး ဖြည့်ဆည်းဆောင်ရွက်ပေးရန် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ကမ္ဘာ့လူဦးရေ တိုးတက်လာသည်နှင့်အမျှ လူသားတို့၏ လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်မှု၊ လူနေမှု အဆင့်အတန်း တိုးတက်မြင့်မားစေရေး ကြိုးပမ်းကြံဆောင်မှု၊ နည်းပညာများ ဆန်းသစ်တီထွင်ဆောင်ရွက်မှု စသည့် ကြိုးပမ်းဆောင်ရွက်မှု အသီးသီး၏ ရလာဒ်အဖြစ် ဖွံ့ဖြိုးတိုးတက်မှုအဝဝကို ဖော်ဆောင်နိုင်ခဲ့ကြ သည်။ လူသားတို့၏ လူမှုစီးပွား တစ်စထက်တစ်စ တိုးတက်မှုနှင့်အတူ ၁၉၅၀ ခုနှစ်၏ နောက်ပိုင်းကာလ များ၌ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု၊ ညစ်ညမ်းမှုစသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာကြရသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိအမြင်များအား ကျေးရွာနေပြည်သူများ အထိ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် ပညာပေးစည်းရုံးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Pages