၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

နော်ဝေဘုရင့်နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရတို့ကြား ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် လက်မှတ်ရေး ထိုးခဲ့သော နားလည်မှုစာချွန်လွှာ အရ နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနတို့အကြား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်တစ်ရပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက် တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါသဘောတူညီချက်အရ စီမံကိန်း (၃) ခု ဆောင်ရွက် လျက်ရှိပြီး ၎င်းတို့အနက်မှ ရေသယံဇာတအရင်းအမြစ်များ ဘက်စုံစီမံအုပ်ချုပ်ခြင်း(IWRM) -စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် သင်တန်းပေးခြင်း စီမံကိန်းကို သစ်တောဦးစီးဌာနနှင့် နော်ဝေ နိုင်ငံရေသုတေသနဌာန (NIVA) တို့ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ၎င်းစီမံကိန်းကို နိုင်ငံအဆင့် ကုန်းတွင်းရေသယံဇာတအရင်းအမြစ်များ ဘက်စုံစီမံအုပ်ချုပ်သည့်စနစ်တစ်ခု ပေါ်ထွန်းလာစေခြင်း၊ အမျိုးသားအဆင့် ရေဆိုင်ရာအခြေခံမူဘောင် လမ်းညွှန်နှင့်အညီ ရေသယံ ဇာတအရင်းအမြစ်များအား စီမံအုပ်ချုပ်ခြင်း စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

Pages