၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပြည်ပနိုင်ငံများသို့သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ရာ ဒေါ်ခင်ရည်မွန်လှိုင်(ဦးစီးအရာရှိ) သဘာဝတောနှင့်စိုက်ခင်းလုပ်ငန်းဌာနမှ ဗီယက်နမ်နိုင်ငံ( Regional South-south Learning Event on Country Approaches to REDD-Safeguards and Safeguards Information System(ASIA)) တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် သစ်တောအရာရှိကြီးများ၊ အရာထမ်း/ အမှုထမ်းများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမတွင် (၂၃- ၈ -၂၀၁၈)ရက်နေ့ ၊ နံနက်(၁၀:၃၀)နာရီအချိန်၌ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်းနှင့် တာဝန်ရှိသူများအား မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ ဒုတိယသံအမတ် နှင့် ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံမှ ဆင်(၃)ကောင် လှူဒါန်းမည့်ကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံသစ်တောကျောင်း၊ ပြင်ဦးလွင်မြို့တွင် ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသော အခြေခံ သစ်တောပညာ(၂)နှစ်သင်တန်း၊ အမှတ်စဉ်(၁၁၄)မှ သင်တန်းသား(၅၆)ဦးအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ပြင်ဦးလွင်မြို့နယ်မှ ရှေးဦးပြုစုခြင်းသင်တန်းဆင်းပွဲကို (၂၀.၈.၂၀၁၈)ရက်နေ့ (၁၅:၃၀)နာရီတွင် ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းဆင်းပွဲကို အခမ်းအနားကျင်းပဖွင့်လှစ်ကြောင်း ကြေညာခြင်း၊ မြန်မာနိုင်ငံ သစ်တောကျောင်း၊ ကျောင်းအုပ်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ သင်တန်းဆင်းလက် မှတ်များကို ဒေါ်အေးအေးဖြိုး၊ တပ်ခွဲမှူး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြင်ဦးလွင်မြို့နယ်မှ ချီးမြှင့်ခြင်း၊ ထူးချွန်ဆုရသင်တန်းသားများကို မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျောင်းအုပ်ကြီးမှ ဆုချီးမြှင့်ခြင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပြင်ဦးလွင်မြို့နယ်မှ သင်တန်းဆရာ/ ဆရာမများ အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း၊ အခမ်းအနားပြီးမြောက်ကြောင်းကြေညာခြင်းစသည့် အခမ်း အနားအစီအစဉ်(၆)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။  

မြန်မာနိုင်ငံသည် အာရှနှင့်ပစိဖိတ်ဒေသတွင် ဇီဝမျိုးစုံမျိုးကွဲ အကြွယ်ဝဆုံးနိုင်ငံများ တွင် ပါဝင်သည်။ ဇီဝမျိုးစုံမျိုးကွဲများနှင့် ယင်းတို့မှီခိုသော ဂေဟစနစ်များ ရေရှည်တည်တံ့ရေးအတွက် အဓိကနည်းလမ်းမှာ သဘာဝထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ဖွဲ့စည်းခြင်း ဖြစ်ပါသည်။ သတ်မှတ်ဖွဲ့စည်းထားသောသာဝထိန်းသိမ်းရေးနယ်မြေများကို စီမံအုပ်ချုပ်ရန် နှင့် နိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်စောင့်ရှောက်ရန် ဥပဒေပြဋ္ဌာန်း ထားပါသည်။ မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနှင့်ပတ်သက်သည့် ပထမဦးဆုံး ဥပဒေမှာ ၁၈၇၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဆင်ကာကွယ်ထိန်းသိမ်းရေးဥပဒေ ဖြစ်ပြီး ၁၈၈၃ ခုနှစ်တွင် ပြင်ဆင်ခဲ့ပါသည်။ ၁၉၃၆ ခုနှစ်တွင် တောရိုင်းတိရစ္ဆာန်များအား ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး တောရိုင်းတိရစ္ဆာန် နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေ (၁၉၉၄) ဖြင့်အစားထိုးခဲ့ပါသည်။ ၂၀၀၂ ခုနှစ်တွင် တောရိုင်းတိရစ္ဆာန် နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး နည်းဥပဒေကို ရေးဆွဲခဲ့ပါသည်။

Drone ရိုက်ကူးအသုံးပြုခြင်းသင်တန်းနှင့် Global Mapper နှင့် ArcGIS Soft ware များအသုံးပြု၍ မြေပုံထုတ်လုပ်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၀-၈-၂၀၁၈) ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်၌ သစ်တောသုတေသနဌာန၊ စုဝေးခန်းမ(ရေဆင်း)တွင် ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် တက်ရောက် ၍ အဖွင့်အမှာစကားပြောကြားပါသည်။  

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာန မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း၊ သစ်မျိုးသန့်ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်းပွဲ အခမ်းအနားကို (၁၇-၈-၂၀၁၈)ရက်နေ့၊ (၁၄:ဝ၀)နာရီအချိန်တွင် သစ်တောသုတေသနဌာန၊ ရေဆင်း(စုဝေးခန်းမ)၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာညီညီကျော် တက်ရောက် အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များချီးမြင့်ခဲ့ပါသည်။
 
 

သစ်တောဦးစီးဌာနနှင့် ကိုရီးယား-မဲခေါင် သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဌာန (KMFCC)တို့အကြား စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း အဖြစ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ၁၇.၈.၂၀၁၈ ရက်နေ့ ၁၁:၀၀နာရီတွင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့်“မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး လုပ်ငန်း စီမံကိန်းနှင့် REDD+ လုပ်ငန်းများကို အထောက်အကူဖြစ်စေရန်အတွက် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းနှင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း နည်းစနစ်များ သရုပ်ပြခြင်း လုပ်ငန်းစီမံကိန်း” ကို နားလည်မှု စာချွှန်လွှာရေးထိုး  နိုင်ခဲ့ပါသည်။

 KMFCC သည် ကိုးရီးယာသမ္မတနိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်း နိုင်ငံများအကြား သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်နိုင်ရန်နှင့် အဖွဲ့ဝင်များ နိုင်ငံ များ၏လိုအပ်ချက်နှင့်ကိုက်ညီသည့်လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းအစီအစဉ်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၆ခုနှစ် ဇူလိုင်လတွင် စတင် တည် ထောင်ထားရှိပြီး ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ ရုံးစိုက်ထားရှိသည့် သစ်တောပူးပေါင်း ဆောင်ရွက်ရေးဌာနဖြစ်ပါသည်။

KMFCC သည် ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်း တည်ထောင်ရန်နှင့် မဲခေါင် မြစ်ဝှမ်းနိုင်ငံများ(ကမ္ဘေားဒီးယာ၊ လာအို၊ မြန်မာ၊ဗီယက်နမ်-CLMV)အကြား သစ်တော လုပ်ငန်းအစီအစဉ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် အဖွဲ့ဝင်နိုင်ငံများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရန် ရည်မှန်းချက် ထားရှိပါသည်။ KMFCC သည် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးလုပ်ငန်းစီမံကိန်း၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်မှုကို အထောက် အပံ့ပေးခြင်း ဖြစ်ပါသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ၁၆- ၈ -၂၀၁၈ ရက်နေ့ ၊ နေ့လည် ဝ၁:ဝ၀ နာရီအချိန်၌ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား WWF –Myanmar မှ Ms. Hanna Jelsingen,Green Ecomomy Programme Manager နှင့် ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ ရေရှည်တည်တံ့သော အခြေခံအဆောက်အဦ(လမ်း)နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်..  

Pages