Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

အစည်းအဝေးတွင် စီမံကိန်းလုပ်ငန်းစဉ်အဆင့်(၁)နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုတွေ့ရှိချက်နှင့် အဆင့်(၂)လုပ်ငန်းများအပေါ် ဖြည့်စွက် ဆွေးနွေးခြင်းနှင့် စီမံကိန်းဧရိယာများအား ရွေးချယ်အတည်ပြုခြင်း၊ စီမံကိန်းလုပ်ငန်း စဉ်အဆင့်(၂)လုပ်ငန်းအပေါ် ဝိုင်းဝန်းဆွေးနွေးခြင်းနှင့် အတည်ပြုဆုံးဖြတ်ခြင်းနှင့် စီမံကိန်းအကောင်းအထည်ဖော်ဆောင်ရွက်မှုနှင့် အခြားအကြောင်းအရာများအား ဆွေး နွေးခဲ့ကြပါသည်။

၂၆-၆-၂၀၁၇ ရက်နေ့ (၁၅:၀၀)နာရီအချိန်၌ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ဦးစီးအရာရှိ၊ သံဖြူဇရပ်မြို့နယ် ဦးစီးဌာနမှူးနှင့် သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ လ.စ.ရ (၂)မှ ဗိုလ်ကြီး၊ မုဒုံ/သံဖြူဇရပ်/ကမာဝက်/ကျိုက္ခမီ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေကြောင်းခရီးဖြင့် တရားမဝင်သစ် ခိုး ယူသယ်ဆောင်မှုများအား စုံစမ်းရှာဖွေခဲ့ရာ မုဒုံမြို့နယ်၊ အဘစ်ဘိနယ်၊ ကမာအုပ်ကျေးရွာ၊ ဝယ်ဗြဲချောင်းအတွင်း စက်လှေ(၂)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား ခန့်မှန်း (၄၀) တန်ခန့်အား ဖမ်းဆီးရမိခဲ့ပြီး၊ တရားမဝင်သစ်/စက်လှေများနှင့် ဆက်စပ်ပတ်သက်သူ တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စုံစမ်းရှာဖွေဖော်ထုတ်ပေးရန် သက်ဆိုင်ရာ ရဲစခန်း၌ အမှုဖွင့်လှစ်ဆောင်ရွက်သွားပါမည်။

၂၆-၆-၂၀၁၇ ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ခေါင်းဆောင်၍ အောင်မြေသာစံမြို့နယ် ဦးစီးအရာရှိနှင့် သစ်တောဦးစီးဌာန ဝန်ထမ်း များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ် ခိုးယူစုဆောင်းထားရှိမှုအား စုံစမ်းရှာဖွေဖော်ထုတ်ခဲ့ရာ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ အကွက် (၁၁၁)မှ တရားမဝင် ကျွန်းခွဲသား/သစ်ယာခွဲသား (၁၄၆၂)ချောင်း (၂၁.၃၂၅၆)တန် ကို တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး၊ တရားမဝင်သစ်နှင့် တရားခံများအား ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အ-ပ-က (၃)ဖြင့် အမှုဖွင့်လှစ်ထားပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရာဇီးနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) တို့၏ဖိတ်ကြား ချက်အရ ဘရာဇီးနိုင်ငံသို့ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှ (၁၀)ရက်နေ့အထိ သွားရောက်၍ ဘရာဇီးလီးယားမြို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ရုံးချုပ်တွင် ဌာနေ ကိုယ်စားလှယ် Mr. Niky Fabiancic နှင့် အဖွဲ့အားတွေ့ဆုံ၍  ဘရာဇီးနိုင်ငံ သစ်တောများ ပြုန်းတီးမှု လျှော့ချခြင်းနှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊  ဘရာဇီးနိုင်ငံ၏ အတွေ့အကြုံနှင့် ရင်ဆိုင်ရသော စိန်ခေါ်မှုများကို လေ့လာ၍ မြန်မာနိုင်ငံ၏ သစ်တော ပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစား ကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ ချခြင်း (REDD+)  လုပ်ငန်းများ အောင်မြင် စွာအကောင်အထည်ဖေါ်နိုင်ရေးအတွက် ဆွေးနွေးခဲ့သည်။ 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ (၁၀-၇-၂၀၁၇)ရက်နေ့၊ (၁၃:ဝ၀)နာရီ အချိန်တွင် သစ်တောဦးစီးဌာနတွင် အသုံးပြုရန် လိုအပ်သည့် ရုံးလုပ်ငန်းသုံး ပစ္စည်း များအား တင်ဒါစနစ်ဖြင့် ဝယ်ယူနိုင်ပါရန်အတွင် တင်ဒါပွဲ ကျင်းပပြုလုပ်ရာ တင်ဒါပွဲ ကျင်းပရေးကော်မတီ၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြပါသည်…
တင်ဒါအခမ်းအနားတွင် သစ်တောဦးစီးဌာနမှ ဝယ်ယူလိုသည့် လုပ်ငန်းသုံး ပစ္စည်းများအား ကုမ္ပဏီ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များမှ စျေးပြိုင်တင်ဒါစနစ် ဖြင့် စျေးနှုန်းတင်သွင်းကြပြီး စျေးပြိုင်တင်ဒါစနစ်ဖြင့် တင်သွင်းမှုများအပေါ် တင်ဒါကျင်းပရေးကော်မတီမှ တင်ဒါစည်းကမ်းချက်များနှင့်အညီ အောင်မြင်သူများ အား ရွေးချယ်အတည်ပြုခဲ့ကြပါသည်…
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန သည် တောရိုင်းတိရစ္ဆာန်များအား တရားမဝင်သတ်ဖြတ်ခြင်း၊ တောရိုင်းတိရ စ္ဆာန်များ၏ အစိတ်အပိုင်းများအား တရားမဝင်လက်ဝယ်ထားရှိခြင်း၊ သယ်ယူခြင်းနှင့် ရောင်းဝယ် ဖောက်ကားခြင်းများအား သက်ဆိုင်ရာအဖွဲ့အစည်းများ ဒေသခံပြည်သူများနှင့်အတူ သတင်းရယူ စုံစမ်းဖော်ထုတ် ဖမ်းဆီး၍ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ တောရိုင်းတိရစ္ဆာန်များအား  တရားမဝင် ဖမ်းဆီးသတ်ဖြတ် ၍ ယင်းတို့၏ အစိတ်အပိုင်းမျာအား  သယ်ယူခြင်းနှင့် ရောင်းဝယ်ဖောက်ကားမှုများအား ဖမ်းဆီးရမိသည့် ဖြစ်စဉ် တစ်ခုအနေဖြင့်    (၉-၇-၂-၁၇) ရက်နေ့၊ နေ့လည် (၁၂:ဝဝ) နာရီအချိန်ခန့်တွင်   တာချီလိတ်ခရိုင်၊     တာချီလိတ်မြို့နယ်၊    သစ်တောဦးစီးဌာန မှ တောအုပ်ကြီး ဦးအောင်မိုး ဦးဆောင်သည့်သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဝန်ထမ်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောအဖွဲ့သည် တာချီလိတ်မြို့နယ်၊  မယ်ယမ်းပူးပေါင်း စစ်ဆင် ရေးစခန်း၌ စစ်ဆေးရေး လုပ်ငန်းများဆောင်ရွက်နေစဉ် တာချီလိတ်မှ ကျိုင်းတုံဘက်သို့   ယာဉ်မောင်း   ဦးစိုင်းနွဲ့  ၁၃/ကတလ(နိုင်)၀၂၅၂၉၀  (ဘ) ဦးအိုက်စိုက် မောင်းနှင်လာသည့်  ယာဉ် အမှတ် (4E/8471)  တပ်ဆင်ထားသော probox  အမျိုးအစား ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင်ရေခဲပုံးအတွင်း ထည့်သွင်းသယ်ယူလာသည့် အလျား (ခေါင်းမှအမြီးဖျားထိ) ၈ပေ ၈လက်မ၊ ခါးလည်လုံးပတ် ၃ ပေ ၁၀ လက်မ၊ ဦးခေါင်းလုံးပတ် ၂ ပေ၊ အမြင့် ၂ ပေ ၄ လက်မနှင့် အလေး ချိန် ၁၂၅ ကီလို/၂၇၅ ပေါင် ရှိ(ဝမ်းဗိုက်ခွဲ/အတွင်းကလီစာ)  ထုတ်ထားပြီး ကျားသေ အထီး (၁) ကောင်အား သယ်ယူလာသည့် ပိုင်ရှင်ဖြစ်သူ  ဦးငြိမ်းချမ်း  ၁၃/ကတန (နိုင်)  ၁၂၂၂၄၀ (ဘ) ဦးအိုက်ရီနိုင်  တို့နှင့်အတူဖမ်းဆီးရမိခဲ့ပါသည်။
 
 

လူသားတို့၏ စားဝတ်နေရေးကို ထောက်ပံ့ပေးသည့်အပြင် သဘာဝဘေးအန္တရာယ်များ ကာကွယ်ပေး၍ အခြားဝန်ဆောင်မှုများရှာပေးစွမ်းနိုင်သည့် မြန်မာ့ရေဝပ်ဒေသများအား သစ်တောဦးစီးဌာနမှ တိုးချဲ့ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူတရပ်လုံးမှ ပူးပေါင်းပါဝင်ထိန်းသိမ်းကြစေရန် ရည်ရွယ်ချက်ဖြင့် သိရှိနည်းလည် နိုင်စေရန် ရည်ရွယ်၍ ဂုဏ်ပြုဖော်ပြလိုက်ပါသည်။

ကမ်းရိုးတန်းသယံဇာတထိန်းသိမ်းရေးလုပ်ငန်းစဉ်များ အစဉ်ပြေ ချောမွေ့စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ မျှော်မှန်းထားသည့် ရည်ရွယ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေး၊ မြန်မာ့ကမ်းရိုးတန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများနှင့် စီမံအုပ်ချုပ်မှုစနစ် များကျယ်ကျယ်ပြန့်ပြန့်တိုးချဲ့ဆောင်ရွက်သွားနိုင်ရေးအတွက်ထိရောက်မှန်ကန်သည့်ဆုံးဖြတ်ချက် များ ရရှိနိုင်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

Pages