၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် အား ဘရာဇီးနိုင်ငံသံအမတ်ကြီး H.E. Mr. Alcides G. R. Prates မှ ယနေ့
၁၃-၁၀-၂၀၁၅ ရက်နေ့၊ မွန်းလွဲ ၁၂:၃၀ နာရီတွင် သစ်တောဦးစီးဌာန အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင် တို့ တက်ရောက်ခဲ့ကြသည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အေးမြသောကမ္ဘာမြေကြီးဆိုင်ရာ တီထွင်ဆန်းသစ်မှုဖိုရမ်၏ ဒုတိယအကြိမ် အစည်းအဝေး (2nd Annual Meeting of the Innovation for Cool Earth Forum­ ICEF) သို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် "အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာမူဝါဒနှင့် မဟာဗျူဟာ မူဘောင် ဖွံ့ဖြိုးတိုးတက်ရေး အကြံပြုဆွေးနွေးခြင်းအလုပ်ရုံဆွေးနွေးပွဲ" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၀၉း၀၀ နာရီတွင် နေပြည်တော်ရှိ အမရဟိုတယ်၌ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် (၉-၁၀-၂၀၁၅) ရက်နေ့၊ မွန်းလွဲ (၀၂:၀၀)နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ World Bank မှ Programme Leader ဖြစ်သူ Ms. Louise F. Scura ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ရေဘေးအန္တရာယ်ကျရောက်မှုအပေါ် ငွေးကြေးနှင့် နည်းပညာထောက်ပံ့ပေးနိုင်ရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် (၉-၁၀-၂၀၁၅) ရက်နေ့၊ မွန်းလွဲ (၀၂:၀၀)နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ World Bank မှ Programme Leader ဖြစ်သူ Ms. Louise F. Scura ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ရေဘေးအန္တရာယ်ကျရောက်မှုအပေါ် ငွေးကြေးနှင့် နည်းပညာထောက်ပံ့ပေးနိုင်ရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်သည် (၉-၁၀-၂၀၁၅) ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် သစ်တောဦးစီးဌာန အစည်းအဝေးခန့်းမ၌ ထိုင်းနိုင်ငံ Titan Mining Corporation Company Limited မှ Managing Director ဖြစ်သူ Mr. Thiraphat Sajakul နှင့် အဖွဲ့အား လက်ခံတွေ့ဆုံပြီး သံဖြူ သတ္တုတူးဖော်ထုတ်လုပ်ရန် ဖြစ်နိုင်ခြေ ဆန်းစစ်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် FAO တို့ပူးပေါင်းပြုလုပ်သည့် “အမျိုးသားစားနပ်ရိက္ခာ ဖူလုံရေးအတွက် မြေယာ၊ သားငါးနှင့် သစ်တောများ၏ လုပ်ပိုင်ခွင့်အား စီမံခန့်ခွဲရန် လိုက်နာသင့်သည့် လမ်းညွှန်ချက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားကို (၉-၁၀-၂၀၁၅) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင် နေပြည်တော် Hotel Max တွင်ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်သည် (၉-၁၀-၂၀၁၅) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီတွင် သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၌ ကျင်းပသည့် ကိုရီးယားနိုင်ငံမှ အလှူရှင်များ လှူဒါန်းဖွင့်လှစ်သော သစ်တောသုတေသနဌာန ဆေးခန်းဖွင့်ပွဲနှင့် ဝန်ထမ်းမိသားစုများအား အခမဲ့ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးဝါးလှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက် အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

Pages