Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၃.၃.၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် မြန်မာနိုုင်ငံရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့နှင့် ခရိုင်မှုခင်း၊ စ. ရ .ဖ တပ်ဖွဲ့ဝင်များ ပါဝင်သောအဖွဲ့သည် လားရှိုးမြို့၊ မြို့ရှောင်လမ်း ယာဉ်အမှတ် (YGN-3J/1681) နှင့်ယာဉ်အမှတ် (MDY-6G/5718) တပ်ဆင်ထားသည့် FUSO အမျိုးအစား (၁၂) ဘီးယာဉ် (၂) စီးပေါ်မှ တရားမဝင် တမလန်း(ဓားရွေ/သစ်လုံး)၊ ၉၃(လုံး/တုံး) (၈.၉၂၀၆)တန်နှင့်အတူ တရားခံ(၄) ဦး ဖမ်းဆီးရမိပါသည်။

၂.၃.၂၀၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခရိုင်မှုခင်းအကူဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောအဖွဲ့သည် လွိုင်လင်မြို့နယ်၊ လွိုင်လင်မှ ပင်လုံမြိုသို့အဝင် ရဲကင်းအနီးတွင် ယာဉ်အမှတ် (3B/ 4220) တပ်ဆင်ထားသည့် Nissan Fuso အမျိုးအစား အစိမ်းရောင် (၁၂)ဘီး ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ဓားရွေ (၁၂) တုံး၊ ၂.၀၅၉ တန်နှင့်အတူ တရားခံ (၂) ဦးဖမ်းဆီးရမိပါသည်။

၅.၃.၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများသည် တောင်ငူမြို့နယ်၊ ပဲကျက်ကုန်းရွာနှင့် ချောင်းဖြူရွာ ချင်းဆက်တံတားတွင် ယာဉ်အမှတ် (5M-4729) တပ်ဆင်ထားသော FAW အမျိုးအစား အပြာရောင်ယာဉ်ပေါ်မှ တရားမဝင်အခြားခွဲသား (၈၁)ချောင်း ၊ (၁.၁၆၈၂) တန် နှင့်အတူ တရားခံ (၂) ဦးဖမ်းဆီးရမိပါသည်။

၃.၃.၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံ ရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော အဖွဲ့သည် ကျောက်တံခါးမြို့နယ် ကောလိယချောင်းဘေး ခန့်မှန်း မ.ပ.ည (KV-269883) နေရာတွင် ယာဉ်အမှတ်မပါ HINO အမျိုးအစား အပြာနုရောင် (၆) ဘီးယာဉ်ပေါ်မှ တရားမဝင် ကညင်ခွဲသား (၂၄) ချောင်း ၊ (၃.၀၄၆၂) တန်အား သိမ်းဆည်းရမိပါသည်။

၅.၃.၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန် ထမ်းများနှင့် အမြန်လမ်းရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်များသည် အုတ်တွင်းမြို့နယ် ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင် ၁၄၀/၁ အနီးတွင် ယာဉ်အမှတ် (8I/1137) တပ်ဆင်ထားသော Super Custom အမျိုးအစားယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား (၉၄) ချောင်း (၀.၇၉၀၆) တန်အား သိမ်းဆီးရမိပါသည်။

၃.၃.၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များသည် ပဲခူးမြို့နယ်၊ တရုတ်လယ်ကျင်း ၊သစ်တောစခန်းတွင် ယာဉ်အမှတ် (၃က/၆၅၈၈) တပ်ဆင်ထားသော HINO အမျိုးအစား (၆) ဘီးယာဉ်ပေါ်မှ တရားမဝင်အခြားခွဲသား (၃၁) ချောင်း၊ (၃.၆၂၅၂) တန်၊ လံထင်း(၂.၈၁၁၆) တန် နှင့်အတူ တရားခံ (၁) ဦး၊ ဝေါလမ်း၊ မိုင်တိုင်အမှတ် (၆၂/၁)နှင့် (၆၂/၂)ကြားတွင် ယာဉ်အမှတ် (YGN-1F/2217) တပ်ဆင်ထားသော FUSO အမျိုးအစား(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား (၄၅) ချောင်း ၊ (၂.၂၀၈၄) တန်၊ နှင့် တရားခံ (၁) ဦးဖမ်းဆီးရမိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်အား ဂျပန်နိုင်ငံ (Japan International Cooperation Organization Agency-JICA) မှ SHI SHI DO KENICHI (Senior Deputy Director General) နှင့် အဖွဲ့မှလာရောက်တွေ့ဆုံခဲ့ပါသည်။

၂-၃-၂၀၁၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များသည် မှော်ဘီမြို့၊ အနော် ရထာလမ်း၊ အမှတ်(၂)ရပ်ကွက်တွင် ယာဉ်အမှတ်(YGN-6E/3194) တပ်ဆင်ထားသော MPV(အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင် ကျွန်းတံခါးချပ်(၂၅)ချပ် (၁.၃၁၂၅)တန်အား ဖမ်းဆီးရမိပါသည်။

Pages