၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဌာန(ICIMOD)နှင့် ဂျာမနီနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(GIZ)တို့ ပူးပေါင်း၍ REDD+ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျား၊ မ တန်းတူညီမျှရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ Lake Garden Hotel တွင်(၂၆.၈.၂၀၁၅)ရက်နေ့၊ နံနက်(၈:၃၀)နာရီတွင် ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

“မြန်မာနိုင်ငံအပူပိုင်းဒေသ ရေအရင်းအမြစ်နှင့် အစားအစာဖူလုံမှုတို့အပေါ် ရာသီဥတု ပြောင်းလဲခြင်းကြောင့် ဆုံးရှုံးနိုင်ခြေများအားကိုင်တွယ်ဖြေရှင်းခြင်းလုပ်ငန်းစီမံကိန်း -Project for Addressing Climate Change Risks on Water Resourcesand Food Securityin theDry Zone of Myanmar” စီမံကိန်းလုပ်ငန်းများစတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်(၉:၃၀)နာရီတွင် နေပြည်တော်၊ အမရဟိုတယ်၌ ကျင်းပပြုလုပ်ပါသည်။

ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO)၏ လူသားနှင့် ဇီဝ အဝန်းနယ်မြေအစီအစဉ် Man and the Biosphere Reserve Programme ၌ အဖွဲ့ဝင်နိုင်ငံများ တွင်တည်ရှိသည့် ဂေဟနစ် နှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး သဘာဝနယ်မြေများအနက် ကမ္ဘာလုံး ဆိုင်ရာ ထူးခြားထင်ရှားမှုရှိပြီး ထိန်းသိမ်းကာကွယ်ထားသင့်သောဒေသများကို ဇီဝအဝန်းနယ်မြေများ (Biosphere Reserve) ဟု ခေါ်ဝေါ်သတ်မှတ်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဇီဝအဝန်း နယ်မြေအဖြစ် အင်းလေးကန်ဒေသကို ယခုနှစ် ဇွန်လ ၉ ရက်နေ့၌ ယူနက်စကိုအဖွဲ့ကြီးမှ အတည်ပြု သတ်မှတ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

အမျိုးသားမြေအသုံးချမှု မူဝါဒသုံးသပ်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ အစည်းအဝေးအား သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ယနေ့ (၂၆-၈-၂၀၁၅)ရက်နေ့ မွန်းလွဲ (၁၃:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ရာ လုပ်ငန်းအဖွဲ့ဝင်များဖြစ်သော ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ညောင်ဦးမြို့နယ်အတွင်း ရောက်ရှိနေသော တောဆင်ရိုင်း (၆) ကောင်အုပ်အား ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်မှု မရှိစေရေး ဦးစားပေးကာ မူလကျက်စားရာနယ်မြေဖြစ်သော နတ်မောက်/မြို့သစ် မြို့နယ်ရှိ ပဲခူးရိုးမဒေသအတွင်းသို့ ပြန်လည်ပို့ဆောင်နိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ အထူးအလေးထား၍ စနစ်တကျစီမံဆောင်ရွက်လျက် ရှိပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ မြန်မာ့သစ်လုပ်ငန်း တာဝန်ရှိသူများနှင့် တောဆင်ရိုင်းထိန်းသိမ်းရာတွင် ဝါရင့်အတွေ့အကြုံရှိသော ဆင်ဆရာဝန် ဒေါက်တာစည်သူဝမ်ထွန်း ဦးစီးအင်အား (၃၅) ဦး၊ တောဆင်ရိုင်းများ ကျေးရွာများသို့ ဝင်ရောက်မှု မရှိစေရေး၊ လမ်းကြောင်းပိတ်ဆို့ရေးဆောင်ရွက်ရန် ညွှန်ကြားရေးမှူး (၂)ဦး၊ ဦးစီးအင်အား (၂၈) ဦးတို့သည် သြဂုတ်လ ၂၄ ရက်မှစတင်၍ တောဆင်အုပ်ရှိရာနယ်မြေတွင် အင်အား စုဖွဲ့ပြင်ဆင်ပြီး၊ လုပ်ငန်းတာဝန်များ စတင်ဆောင်ရွက်လျက်ရှိပြီး၊ သြဂုတ်လ ၂၅ ရက်မှ စတင်ပြီး ဆင်အုပ်နှင့်အနီးကပ် စောင့်ကြည့်ထိန်းကြောင်းလျက်ရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး (ASEAN Secretariat) တို့ပူးပေါင်း၍ (၁၁)ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုး မြူငွေ့ဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် နေပြည်တော်၊ The Hotel Royal ACE ၌ ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေအေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

(နေပြည်တော်၊ ၁၈-၈-၂၀၁၅)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E. Mr. Daniel Zohar Zonshine နှင့် CEO of Greenforest Consulting Limited and Former National Forest Commissioner, Dr. Nir Atzmon တို့မှ ယနေ့ ၁၈-၈-၂၀၁၅ ရက်နေ့၊ နေ့လည် ၁၄:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်သည် သြဂုတ်လ ၇ ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုကော်မတီဝင်များ၊ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါလျက် ဘိုကလေးမြို့နယ်၊ ပြင်ဒရယ်ကြိုးဝိုင်အတွင်း နာဂစ်မုန်တိုင်းဒဏ်ခံစားခဲ့ရသော ဝေးလံခေါင်ဖြာဒေသတစ်ခုဖြစ်သည့် ထော်ပိုင်ကျေးရွာအုပ်စု၊ အေးချမ်းသာယာကျေးရွာသို့သွားရောက်၍ ကျေးလက်ဒေသနေပြည်သူလူထုနှင့်တွေ့ဆုံကာ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးမှာကြား ခဲ့ကြောင်းသိရသည်။

Pages