Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

(၁၉-၂-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ မြကန်သာရေကန်စောင်းအနီး ခန့်မှန်းမြေပုံညွှန်း(LC/519136)တွင် ယာဉ်အမှတ်(3G/8831)တပ်ဆင်ထားသော FAW အမျိုးအစား၊ ယာဉ်ပေါ်မှ တရားမဝင် (အင်ကြင်း၊ အင်)ခွဲသား၊ (၂၀၉)ချောင်း၊ (၃.၆၃၅၈)တန်နှင့်အတူ တရားခံ (၂)ဦး ဖမ်းဆီးရမိပါသည်။

(၁၄-၂-၂၀၁၇)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သစ်တောဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ သာစည်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများပါဝင်သောပူးပေါင်းအဖွဲ့သည် သာစည် မြို့နယ်၊ လှိုင်းတက်ကျေးရွာ၊ အရှေ့ဘက်(၁)မိုင်ခန့်အကွာ ခန့်မှန်းမြေပုံညွှန်း(93 D5L- 665261) နေရာ သရက်ခြံအတွင်းမှ တရားမဝင်(ပိတောက်၊ ပျဉ်းကတိုး၊ သစ်စေး) ဓားရွေ (၅၅၄)ချောင်း၊ (၃၅.၃၈၈၆)တန်နှင့်အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။

(၁၉-၂-၂၀၁၇)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် သစ်တောဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် ပြည်ကြီး ရင်လုံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၄၁၅/S-2) ၈၈ လမ်း၊ ၁၂x ၁၄ လမ်းကြားတွင် တရားမဝင် အခြား(သစ်ခြမ်း/ဖရုံစိတ်)၊ (၈)ခြမ်း/စိတ် (၂.၀၇၆)တန်နှင့်အတူ တရားခံ (၂)ဦး ဖမ်းဆီးရမိပါသည်။

(၁၉-၂-၂၀၁၇)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် သစ်တောဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ အောင်ပင် လယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အောင်ပင်လယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင် သော ပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်၊ မြဝတီလမ်း၊ (၅၂x၅၃)ကြား၊ A လမ်းပေါ်တွင် ရပ်တန့်ထားသည့် ယာဉ်အမှတ်(၈ည/၄၆၃၉)တပ် ဆင်ထားသည့် မြတ်မန္တလာထွန်း မှန်လုံခရီးသည်တင်ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ဓားရွေ (၂၇)ချောင်း၊ (၀.၇၃၉၀)တန်နှင့် ယာဉ်အနီးမှ တရားမဝင် ပိတောက် ဓားရွေ(၈၃)ချောင်း၊ (၀.၈၅၂၆)တန်၊ နံ့သာဖြူဟုယူဆရသည့် သစ်အပိုင်းအစ(၁၅)တုံး၊ အလေးချိန်(၄၈ ပိ ဿာ ၈၀ ကျပ်သား)၊ နံ့သာနီဟုယူဆရသည့် သစ်အပိုင်းအစ(၆၇) တုံး၊ အလေးချိန်(၂၀ ပိဿာ ၁၄ ကျပ်သား)တို့အား သိမ်းဆည်းရမိပါသည်။

၂၁-၂-၂၀၁၇ ရက်နေ့၊ (၁၄ : ဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန၊ ရေဆင်း၌ CF Unit လစဉ်ပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

သစ်တောဦးစီးဌာနမှဖွင့်လှစ်သည့် ဦးစီးအရာရှိများစွမ်းဆောင်ရည်မြင့်မားရေးမွမ်းမံသင်တန်းအမှတ်စဉ်(၈)သင်တန်းဆင်းပွဲသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင် တက်ရောက်အမှာစကားပြောကြားပါသည်။

(၁၆-၂-၂၀၁၇)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ၊ ရေကန်တောင်ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သဲချောင်း ကြီးကျေးရွာနှင့် ရေကန်တောင်ရွာအုပ်ချုပ်ရေးအဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာအုပ်စု၊ သဲချောင်းကြီးရွာ၊ ရွာရှေ့ချောင်း၊ ခန့်မှန်း မြေပုံညွှန်း(MN-341006) နေရာတွင် (၄၄' x ၁၀' x ၅' )အရွယ်အစား၊ တရုတ်(10 H.P)အင်ဂျင်(၁)လုံးနှင့် HONDA (5 H.P) အင်ဂျင်ရေစုပ်စက်(၁)လုံး တပ်ဆင်ထား သည့် စက်လှေ(၁)စီး၊ (၅၂' x ၁၅' x ၇') အရွယ်အစား၊ တရုတ်(22 H.P) အင်ဂျင် (၂)လုံးနှင့် HONDA (5H.P)အင်ဂျင်ရေစုပ်စက်(၁)လုံးတပ်ဆင်ထားသည့် စက်လှေ (၁)စီး၊ (၄၇' x ၁၂' x ၆') အရွယ်အစား၊ တရုတ်(10 H.P) အင်ဂျင်(၂)လုံးနှင့် HONDA (5 H.P) အင်ဂျင်ရေစုပ်စက်(၁)လုံးတပ်ဆင်ထားသော စက်လှေ(၁)စီး၊ (၃၃' x ၄.၆' x ၄') အရွယ် အစား၊ တရုတ်(10 H.P) အင်ဂျင်(၁)လုံးနှင့် HONDA (5 H.P) ရေစုပ် စက်(၁)လုံး တပ်ဆင်ထားသော စက်လှေ(၁)စီး၊ စုစုပေါင်းစက်လှ(၄)စီးမှ တရားမဝင် (ငှက်/ဆောင်း) သစ်မျိုး၊ မျောလုံး(၁၉၅၅)လုံးအား သိမ်းဆည်းရမိပါသည်။

(၁၈-၂-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ သီပေါမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သီပေါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သီပေါမြို့ အနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် သီပေါမြို့နယ်၊ အနောက်ရပ် ကွက်၊ ကံ့ကော်လမ်း၊ ဟိန္နူဘုရားကျောင်းအနီးတွင် ယာဉ်အမှတ်(MDY/3E-2263) တပ်ဆင်ထားသော ခေါင်းအပြာရောင်(၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင်(ပိတောက်/ တမလန်း) ခွဲသား၊ (၆၃) ချောင်း၊ (၆.၂၆၄၀)တန်နှင့်အတူ တရားခံ(၂)ဦးဖမ်းဆီးရမိပါသည်။

Pages