Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၅-၂-၂၀၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရေကြောင်းရဲတပ်ဖွဲ့၊ သရက်တပင်ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မင်းလှကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ တံပိုးကျွန်းကျေးရွာအရှေ့ဘက် ဘောဂဆိပ်အနီး၊ ဧရာဝတီမြစ်လယ်တွင် (၆၅' x ၁၀' x ၅') အရွယ်အစား၊ တရုတ်အင်ဂျင်(၃၂)H.P (၁)လုံး၊ ရှပ်တန်း(၁)ခု၊ တရုတ် KAWA အင်ဂျင်(၇.၅) ခလုပ် တပ်ဆင် ထားသော စက်လှေ(၁)စီးပေါ်တွင်တင်ဆောင်၍ အဆိုပါ စက်လှေနှင့်တွဲယူလာသော (၂၆' x ၄' x ၁၄') အရွယ်အစား ရေစမ်းပဲ့ထောင် (၁)စီးနှင့်အတူ တရားမဝင်(ကျွန်း/ပိတောက်) ဗုံတို/ဓားရွေ(၁၃၇)လုံး/ချောင်း (၁၄.၈၉၅၈)တန်၊ ထင်းခွဲခြမ်း(၃.၈၀၁၆)တန်အပါအဝင် စုစုပေါင်း(၁၈.၆၉၇၄)တန်၊ တရားခံ(၃)ဦးအား ဖမ်းဆီးရမိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ဆွာရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် (၁၈-၂-၂၀၁၇)ရက်နေ့မှ (၂၂-၂- ၂၀၁၇)ရက်နေ့အတွင်း တရားမဝင်သစ်ရှာဖွေဖမ်းဆီးခြင်းလုပ်ငန်းများဆောင်ရွက်စဉ် ရေတာရှည်မြို့နယ်၊ အနောက်ဆွာကြိုးဝိုင်း၊ အကွက်အမှတ်(၁၀၀၊ ၉၂၊ ၉၄) နေရာများ တွင် တရားမဝင် (ကျွန်း/သစ်မာ) ခွဲသား(၁၃၆၉)ချောင်း၊ (၆.၉၄၂၂)တန်၊ တရုတ်နီ (၂၂)H.P အင်ဂျင်(၁)လုံးအပါအဝင် သစ်စက်ဆက်စပ်ပစ္စည်း(၄)မျိုးတို့အား သိမ်းဆည်း ရမိပါသည်။

၂၃-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တောင်ငူအမှတ်(၂)ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် တောင်ငူမြို့နယ်၊ ကင်းဆိပ်ကျေးရွာ၊ အပြင်(၁၀)ပေလမ်း၊ ဝင်္ဂဘာလမ်းထိပ်တွင် ယာဉ်အမှတ်(၉ဌ/၁၅၁၅၂) တပ်ဆင်ထားသော FAW အမျိုးအစား၊ အပြာရောင်ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၄၄၂)ချောင်း၊ (၁.၆၁၅)တန်နှင့်အတူ တရားခံ(၂)ဦး ဖမ်းဆီးရမိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ နှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များအဖွဲ့သည် ၂၅-၂-၂၀၁၇ ရက်နေ့တွင် ကျောက်တံ ခါးမြို့နယ်၊ ဘိုင်းဒါးကြိုးဝိုင်း အကွက်(၁၀၉)ခန့်မှန်းမြေပုံညွှန်း KV/329487 နေရာတွင် ယာဉ်အမှတ် 6M/3175 တပ်ဆင်ထားသော FAW အမျိုးအစား အဖြူရောင်(၆)ဘီး ယာဉ်(၁)စီး၊ ဘ/၇၇၈၆ တပ်ဆင်ထားသော NISSAN အမျိုးအစား (၁၀)ဘီးယာဉ်(၁) စီး၊ ယာဉ်အမှတ်မပါ ချက်ပက်လက်အမျိုးအစားယာဉ်(၁)စီး၊ စုစုပေါင်း ယာဉ်(၃)စီးပေါ် မှ တရားမဝင်(ကျွန်း/အခြား) ခွဲသား(၁၀၃)ချောင်း၊ (၁၀.၇၄၁၈)တန်၊ တရားခံ(၁)ဦး၊ ၂၆-၂-၂၀၁၇ ရက်နေ့တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၈၃/၄၊ မြို့ချောင်းရွာ၊ မြို့ချောင်းလမ်းအနီးတွင် ယာဉ်အမှတ် 6K/1364 တပ်ဆင်ထားသော FUSO အမျိုးအစား အပြာရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား(၁၆၈)ချောင်း၊ (၅.၃၉၉၂) တန်နှင့် တရားခံ(၃)ဦး ဖမ်းဆီးရမိပါသည်။

၂၃-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း၊ အုတ်ဖိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အုတ်ဖိုမြို့၊ မိုးညိုတန်းရပ် ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် အုတ်ဖိုမြို့နယ် ခြောက်တင်းကွင်းရွာ နှင့် ရှားတောကွင်းရွာကြား၊ ရန်ကုန်-ပြည်ကားလမ်းတွင် ယာဉ်အမှတ်(သ/၉၇၀၆) တပ်ဆင်ထားသော FUSO အမျိုးအစား ယာဉ်ပေါ်မှ တရားမဝင်(သစ်/အခြား) သစ်/ တိုင်၊ (၂၁)လုံး၊ (၄.၆၃၈၀)တန်နှင့်အတူ တရားခံ(၄)ဦးဖမ်းဆီးရမိပါသည်။

၂၄-၂-၂၀၁၇ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် အုတ်တွင်းမြို့နယ် ခပေါင်းကြိုးပြင်ကာကွယ်တော XVII, ဘုန်းတောင်းကြိုးဝိုင်းအကွက်(၁၆)၊ (၉)နေရာများတွင် တရားမဝင်(ကျွန်း/သစ် မာ/အခြား)ခွဲသား (၂၇၆၁)ချောင်း၊ (၁၀.၂၆၈၀)တန်အား သိမ်းဆည်းရမိပါသည်။

၂၃-၂-၂၀၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သစ်တောဦးစီးဌာန မှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အသိသက်သေများပါဝင်သော ပူးပေါင်းအဖွဲ့သည် မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-သာစည်လမ်း မိုင်တိုင် ၉/၃ နှင့် ၉/၄ ကြားတွင် ယာဉ်အမှတ်(MDY-1M/8958) တပ်ဆင်ထားသော ISUZU အမျိုးအစား၊ အဖြူရောင်ယာဉ်ပေါ်မှ တရားမဝင် အခြားခွဲသား(၄၁)ချောင်း၊ (၆.၇၄၆၈)တန်နှင့်အတူ တရားခံ(၆)ဦး ဖမ်းဆီးရမိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်ချက်အရ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မဟာမြိုင် သစ်တောဧရိယာအတွင်း တရားမဝင်သစ်ရှာဖွေဖမ်းဆီးခြင်းလုပ်ငန်းများအား ၄-၂-၂၀၁၇ ရက်နေ့မှ ၁၂-၂-၂၀၁၇ ရက်နေ့အထိ ဆောင်ရွက်ခဲ့ရာ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ဖုန်းသုန်းကြိုးဝိုင်း၊ ပုလ္လင်းကြိုးဝိုင်း၊ မဟာမြိုင်ကြိုးဝိုင်း၊ ရွှေကျင်ကြိုးဝိုင်းနှင့် ဆက်စပ်နေရာများ တွင် တရားမဝင်(ကျွန်း၊ သစ်မာ၊ အခြား) သစ်လုံး/ ခွဲသား/ ပကာ(၁၅၁.၄၆၁၇)တန်၊ စက်လွှ (၃)လက်၊ ထွန်စက်နောက်တွဲ(၃)ခု၊ တရားခံ(၂)ဦးတို့အား ဖမ်းဆီးရမိပါသည်။

Pages