Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၁၀၀.၅၈၀၂)တန်၊ သစ်မာ(၄၃.၉၇၆၂) တန်၊ အခြား(၅၇.၆၇၇၆)တန်၊ စုစုပေါင်း(၂၀၂.၂၃၄၀)တန်၊ တရားခံ(၂၉)ဦး၊ ယာဉ်/ယန္တရား (၃၄) စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၁၀-၉-၂၀၁၈ ရက်နေ့၌ စစ်ကိုင်း တိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ကျွန်းတောရွာအနီးတွင် တရားမဝင် ကျွန်းသစ်/ခွဲသား(၁၇၀)လုံး/ချောင်း (၂၅.၂၅၇၄)တန်၊ အင်ဂျင်(၃)လုံး၊ လွှဝိုင်း (၃)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပါကြောင်း။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာန မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း၊ သစ်မျိုးသန့်ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁၃) သင်တန်းဆင်းပွဲအခမ်းအနားကို ၁၄-၉-၂၀၁၈ ရက်နေ့၊ (၁၅:ဝ၀) နာရီအချိန်တွင် သစ်တောသုတေသနဌာန၊ ရေဆင်း(စုဝေးခန်းမ)၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး)ဦးဇော်မင်း တက်ရောက် အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များချီးမြင့်ခဲ့ပါသည်။
သစ်တောဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ IUCN တို့ ပူးပေါင်းကျင်းပသည့် “Integrated Coastal Resources Management” ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ၆-၉-၂၀၁၈ နှင့် ၇-၉-၂၀၁၈ ရက်နေ့တို့တွင် နေပြည်တော်ရှိ Horizon Lake View Resort တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးကိုယ်စား အမြဲတမ်းအတွင်းဝန်( သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန) မှ တက်ရောက်အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။
(၂/၂၀၁၈) ကြိမ်မြောက် နိုင်ငံအဆင့်တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ တရားမဝင် ကူးသန်းရောင်းဝယ်မှုအား ဥပဒေအရ ထိရောက်စွာတားဆီးရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ၁၂-၉-၂၀၁၈ ရက်နေ့၊ နံနက် (၉:၃၀)နာရီ၌ သစ်တောဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။အစည်းအဝေးသို့ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ သစ်တောဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးများ၊ WWF နှင့် WCS တို့မှ တာဝန်ခံများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ မြန်မာနိုင်ငံ၏ အထင်ကရ အင်းလေးကန်အား ရမ်ဆာရေဝပ်ဒေသထိန်းသိမ်းရေးကွန်ဗင်းရှင်းမှ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ၅ ခု မြောက် နိုင်ငံတကာအရေးပါသည့် ရေဝပ်ဒေသ သို့မဟုတ် ရမ်ဆာထိန်းသိမ်းရေးနယ်မြေ (Wetland of International Importance- Ramsar Site) (Site No. 2356) အဖြစ် တရားဝင် အသိအမှတ်ပြု သတ်မှတ်လိုက်ကြောင်း အဆိုပါကွန်ဗင်းရှင်း၏ အင်တာနက်စာမျက်နှာတွင် စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန် ကြေညာထားကြောင်း သိရှိရသည်။
ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) ဦးဇော်မင်း ဦးဆောင်သော သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ State Academy of Forestry Administration - STAFA ကိုယ်စားလှယ်အဖွဲ့သည် ၁၁-၉-၂၀၁၈ ရက်နေ့၊ နံနက်(ဝ၉း၃၀)နာရီအချိန်၌သစ်တောဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမတွင် လာရောက်တွေ့ဆုံ၍ သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ ဏ္ဍရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များ၊ ကျေးလက်ဒေသဆင်းရဲမွဲတေမှု လျော့ချရေးဆိုင်ရာ ကဏ္ဍရပ်များတွင်းပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်တို့ကို ဆွေးနွေးခဲ့ပါသည်။
သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာနတို့ပူးပေါင်းဆောင်ရွက်မှုဖြင့် AFoCO Secretariat အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ အာရှဒေသအဆင့် သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း (AFoCO RETC) တွင် ၂၀၁၈ ခုနှစ်မှ စတင်၍ လေ့ကျင့်ပညာပေးသင်တန်း အစီအစဉ်များ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ၅-၉-၂၀၁၈ ရက်နေ့၌ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန၊ မှော်ဘီတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည့် တောကြပ်အကြိုလုပ်ငန်းခွင် သင်တန်းအမှတ်စဉ်(၁၂)မှ သင်တန်းသား(၅၀)ဦးသည် AFoCO RETC သင်တန်းကျောင်းသို့ လာရောက်လေ့လာခဲ့ပါသည်။
နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၁၁၁.၀၉၆၉)တန်၊ သစ်မာ(၇၇.၄၈၁၉) တန်၊ အခြား(၁၁၆.၁၇၄၉)တန်၊ စုစုပေါင်း(၃၀၄.၇၅၃၇)တန်၊ တရားခံ(၄၆)ဦး၊ ယာဉ်/ယန္တရား (၄၆) စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၄-၉-၂၀၁၈ ရက်နေ့၌ စစ်ကိုင်း တိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းဘိနယ်အတွင်း တရားမဝင်ကျွန်းသစ်(၃၂၇)လုံး (၄၄.၃၈၈၀)တန်၊ လုံးပတ် ၃ပေအောက်ကျွန်း (၁၇၆)လုံး (၁၅.၈၄၂၀) တန်၊ တရားခံ(၅)ဦးတို့ ဖမ်းဆီးရမိခဲ့ပါကြောင်း။