Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁၄-၂-၂၀၁၇ ရက်နေ့တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်း များအဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်-တောင်တွင်းကြီးလမ်း မိုင်တိုင်(၂၅/၀) နှင့် (၂၅/၁)ကြား၊ ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ်(၇၃)တွင် ယာဉ်အမှတ်(YGN-8G/ 9915) တပ်ဆင်ထားသည့် Super Custom အမျိုးအစား၊ ခဲရောင်ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးဓားရွေ(၉)ချောင်း၊ (၀.၈၀၅၈)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် တရားမဝင်သစ်ရှာဖွေဖမ်းဆီးခြင်း လုပ်ငန်းများဆောင်ရွက်စဉ် ၁၉-၂-၂၀၁၇ ရက်နေ့တွင် အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်း အကွက်(၉၂)တွင် တရားမဝင် ကျွန်းသစ်(၁၇)လုံး၊ (၂.၆၈၂)တန်နှင့် ၂၀-၂-၂၀၁၇ ရက် နေ့တွင် ခပေါင်းကြိုးဝိုင်းအကွက်(၂၀၅)တွင် တရားမဝင် ကျွန်းသစ်(၁၆)လုံး၊ (၃.၇၃၀) တန် ဖမ်းဆီးရမိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ အသိသက်သေများပါဝင်သောအဖွဲ့သည် တရားမဝင် သစ်ရှာဖွေဖမ်းဆီးခြင်းလုပ်ငန်းများဆောင်ရွက်စဉ် ၂၀-၂-၂၀၁၇ ရက်နေ့တွင် ရေတာ ရှည်မြို့နယ်၊ တုံးကြီးရွာ၏တောင်ဘက်(၂)ဖာလုံခန့်အကွာ ကြိုးပြင်တော ခန့်မှန်းမြေပုံ ညွှန်း(V-690262)နေရာတွင် တရားမဝင် ကျွန်း(သစ်/တိုင်/ခွဲသား) (၂၉)လုံး/ချောင်း (၃.၀၄၇၆)တန်၊ စိမ်းဝိုင်းကျေးရွာအနီး၊ ဘုန်းကြီးကျောင်းဟောင်းနေရာ ခန့်မှန်းမြေပုံ ညွှန်း(V-758225)နေရာတွင် တရားမဝင် ကျွန်း(သစ်/ခွဲသား) (၇)လုံး/ချောင်း (၀.၆၂၀၆)တန်၊ အင်ဂျင်(၁)လုံးအပါအဝင် သစ်စက် ဆက်စပ်ပစ္စည်းများပါဝင်သည့် တရားမဝင် သစ်စက်(၁)လုံးတို့အား ဖမ်းဆီးရမိပါသည်။

၂၂-၂-၂၀၁၇ ရက်နေ့၊ (၁ဝ : ဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေး ခန်းမ၌ သစ်တောဦးစီးဌာနမှ အရာရှိများအား Mercy Corps အဖွဲ့မှ ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံပြီး မြန်မာ့မီးဖိုစီမံကိန်းတိုးတက်ဆောင်ရွက်နေမှုတင်ပြခဲ့ပါသည်။

သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ ပန်းလောင်နှင့် ပြဒါးလင်းဂူတောရိုင်းတိရ စ္ဆာန်ဘေးမဲ့တောနယ်မြေအတွင်း လူများယာယီ အခြေချနေထိုင်၍ သစ်တောထွက်ပစ္စည်းများအား တရားမဝင် ထုတ်ယူလျက်ရှိကြောင်း သတင်းအရ ပန်းလောင်နှင့် ပြဒါးလင်းဂူတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအုပ်ချုပ်ရေးမှူး နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် (၄-၂-၂၀၁၇) ရက်နေ့မှ (၇-၂-၂၀၁၇)ရက်နေ့အထိ ဘေးမဲ့တောနယ်မြေအတွင်း ရွာငံ-ပြဒါးလင်းဂူ ကားလမ်းတစ်လျှောက်၊ ပတ်ချောင်းဒေသ၊ သရက်ပိုက်ဒေသနှင့် ကောကလိန်ဒေသ ဝန်းကျင်များတွင် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာ ယာယီအခြေချ နေထိုင်သူများမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ဘေးမဲ့တောဧရိယာအတွင်း တရားမဝင် အခြား(သစ်/တိုင်/ခွဲသား) (၁၅)လုံး/ချောင်း (၁.၆၈၈၂)တန်၊ ချိန်းဆော(၁၀)လက်၊ ၄၅ ပေါင်ဝင် မီးသွေး(၂၀)အိတ်၊ သံကြိုး(၄)ချောင်း၊ လှည်းဘီး(၄)ခု၊ ဓားမ(၂)ချောင်း၊ ရဲဒင်း (၂)လက်နှင့် ပုဆိန်(၂)လက် သိမ်းဆည်းရမိပါသည်။

ဆာဖာရီဥယျာဉ်(နေပြည်တော်)တွင် မွေးမြူပြသထားသော ညာလာသမင် အထီး(၅)ကောင်၊ အမ(၉)ကောင်၊ စုစုပေါင်း(၁၄)ကောင်ရှိသည့်အနက် ညာလာ သမင် အမ(၁)ကောင်မှ (၁၀-၂-၂၀၁၇)ရက်နေ့၊ နံနက်(၀၈ : ဝ၀)နာရီအချိန်တွင် ညာလာသမင် ကလေးငယ်(အမ) (၁)ကောင်အား ကောင်းမွန်စွာမွေးဖွားခဲ့ပြီး မိခင်ရော ကလေးပါ လန်းဆန်း ကျန်းမာလျက်ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

(၁၇-၂-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အင်းတောမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် အုန်းကွဲကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့နယ်၊ အုန်းကွဲကျေး ရွာအုပ်စု၊ ကျောက်ကြီးကျေးရွာအနီး ခန့်မှန်းမြေပုံညွှန်း(KD-819787) နေရာတွင် ယာဉ် အမှတ်(၂က/၇၅၆၆)တပ်ဆင်ထားသော (Dong Feng)အမျိုးအစား (ခေါင်းအပြာ ရောင်)၊ (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြား(သစ်/တိုင်)၊ (၃၆)လုံး၊ (၄.၈၈၂)တန်နှင့် အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။

(၁၅-၂-၂၀၁၇)ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ သစ်တောလုံ ခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ သတင်းတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုး မြို့နယ်၊ မြို့ရှောင်လမ်း တိုလ်းဂိတ်တွင် ယာဉ်အမှတ်(MDY-9F/6356)တပ်ဆင်ထား သော ISUZU အမျိုးအစား၊ အဖြူရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၅၇)ချောင်း၊ (၁.၂၀၆၈)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။

Pages