Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
(၁၄-၁-၂၀၁၇)ရက်နေ့တွင် ကယားပြည်နယ် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ဘောလခဲမြို့မရဲစခန်း နန်းဖဲ ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် နန်းဖဲအုပ်ချုပ်ရေးမှူးတို့ပါဝင်သောအဖွဲ့သည် ဘောလခဲမြို့၊ နန်းဖဲရွာတောင်ဘက် ခန့်မှန်းမြေပုံ ညွှန်း (LW-833234)နေရာတွင် ယာဉ်အမှတ် (9K/5529) တပ်ဆင်ထားသော ဒန်ဘာအမျိုး အစား၊ အပြာရောင်(၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် ပိတောက်စကွဲယား(၁၄)ချောင်း၊ (၃.၆၆၆၈) တန် နှင့်အတူ တရားခံ(၃)ဦး ဖမ်းဆီးရမိပါသည်။
(၁၄-၁-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ တိုက်ကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် တိုက်ကြီးကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ပဲခူး-ဇောင်းတူ-တိုက်ကြီး ကားလမ်း မိုင်တိုင် (၃၉/၀) အနီးတွင် ယာဉ်အမှတ်(2M/7582) တပ်ဆင်ထားသော Forland အမျိုးအစား၊ (၆)ဘီး ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၅၀)ချောင်း၊ (၂.၀၉၀၄)တန်နှင့်အတူ တရားခံ(၃)ဦး ဖမ်းဆီးရမိပါသည်။
(၁၃-၁-၂၀၁၇) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဖောင်းပြင် မြို့နယ်၊ နောင်မနားရွာအရှေ့ဘက်၊ (၅)ဖာလုံခန့်အကွာနေရာတွင် (၄) လုံးထုံးအပြာရောင် (၄)ဘီးယာဉ်ပေါ်မှ တရားမဝင် (ကျွန်း၊ အင်ကြင်း)ခွဲသား (၁၁၅) ချောင်း၊ (၁.၆၅၅၆)တန်နှင့် အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။
(၁၃-၁-၂၀၁၇)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စစ်ကိုင်းခရိုင်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် အသိ သက်သေများပါဝင်သောပူးပေါင်းအဖွဲ့သည် တရားမဝင်သစ် ရှာဖွေဖမ်းဆီးရေး ဆောင်ရွက် စဉ် စစ်ကိုင်း-မုံရွာ-ရွှေဘိုသွားကားလမ်း၊ ကျော်ထက်ကွေ့အနီး ခန့်မှန်းမြေပုံညွှန်း(HV-082232)နေရာတွင် ယာဉ်အမှတ်(1J/7967)တပ်ဆင်ထားသော (CANTER) အမျိုး အစား၊ (၆)ဘီးယာဉ်ပေါ်မှ (ဆန်၊ ဆန်ကွဲ၊ စပါးခွံ)အိတ်များဖြင့် ဖုံးအုပ်သယ်ယူလာသော တရားမဝင် တမလန်းဓားရွေ(၅၆)တုံး၊ (၂.၀၅၃၆)တန်နှင့်အတူ တရားခံ(၂) ဦး ဖမ်းဆီးရမိ ပါသည်။
(၁၃-၁-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ် သထုံမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း များနှင့် ခရိုင်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များအဖွဲ့သည် သထုံမြို့နယ်၊ ကြာပန်း-ဝီယော်ခရိုင် ချင်းဆက်လမ်း၊ ကြာပန်းကျေးရွာတွင် ယာဉ်အမှတ်(NPW RLG/ 5329)တပ်ဆင်ထားသော အဖြူရောင်(၄)ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်းတံခါးချပ် (၉၅)ချပ်၊ (၁.၁၀၀၄)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။
(၁၃-၁-၂၀၁၇) ရက်နေ့တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် သစ်တောဦးစီးဌာန၊ ခလရ (၂၇၄)မှ တပ်မတော်သားများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် မင်းတပ်မြို့အဝင် ခန့်မှန်းမြေပုံညွှန်း(EU- 962638) နေရာတွင် ယာဉ်အမှတ်(3B/4177)တပ်ဆင်ထားသော NISSAN အမျိုးအစား၊ အဖြူ ရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ထင်းရှူးခွဲသား(၁၅၄)ချောင်း၊ (၃.၀၁၅၀)တန်နှင့် အတူ တရားခံ(၃)ဦးဖမ်းဆီးရမိပါသည်။
(၁၃-၁-၂၀၁၇)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဂုံမင်းမြောင်ရပ်ကွက်အုပ် ချုပ်ရေးမှူးတို့ပါဝင်သောအဖွဲ့သည် သာယာဝတီမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်(၇၉/၆ နှင့် ၇၉/၇)ကြားနေရာတွင် ယာဉ်အမှတ်(1C/3046)တပ်ဆင်ထားသော NISSAN အမျိုးအစား၊ အပြာရောင်(၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၁၀၉)ချောင်း၊ (၁၀.၁၄၇၀)တန်နှင့်အတူ တရားခံ(၁)ဦး ဖမ်းဆီးရမိပါသည်။
(၁၂-၁-၂၀၁၇)ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ်-မြဝတီ အာရှ လမ်းမကြီး၊ ကီလိုမီတာအမှတ် (151 km နှင့် 152 km) ကြားတွင် ယာဉ်အမှတ် (၁ဂ/၆၉၃၇)တပ်ဆင်ထားသည့် NISSAN အမျိုးအစား၊ ဖြူပြာရောင်၊ (၁၂)ဘီးယာဉ်ပေါ်မှ တရားမဝင် အခြားခွဲသား ခန့်မှန်း(၈)တန်ခန့်နှင့်အတူ တရားခံ(၁)ဦးဖမ်းဆီးရမိပါသည်။