၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပဲခူးခရိုင်၊ ပဲခူးမြို့နယ်အတွင်း တရားမဝင်သစ်များ သယ်ဆောင်နေကြောင်း သတင်းရရှိမှု အပေါ် သစ်တောဦးစီးရုံးချုပ်၊ စစ်ဆေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇေယျ ခေါင်းဆောင်၍ အရာထမ်း/အမှုထမ်းများ ပါဝင်သော ဖမ်းဆီးရေးအဖွဲ့သည် ၆-၁-၂၀၁၆ ရက်နေ့မှ ၉-၁-၂၀၁၆ ရက်နေ့အထိ ပဲခူးမြို့နယ်အတွင်း နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ရာ စုစုပေါင်း တရားမဝင်သစ် (ကျွန်း၊ ပျဉ်းကတိုး၊ အခြားသစ်မျိုးစုံ) (၁၅၄.၉၉၈၅)တန်၊ ပျဉ်းကတိုးလျှာထိုး (၃၇၅၆)ချောင်း (၅.၄၉၃၂)တန်၊ ချိန်းဆော (၁)လက်၊ မီးသွေး (၇၀၁)အိတ် (၁၆၀.၈၀)တန်၊ ယာဉ် (၈)စီးနှင့် တရားခံ (၁၈)ဦး ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားမြေအရင်းအမြစ်စီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေးကို သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်ခန်းမ၌ ၂၉-၁၂-၂၀၁၅ ရက်နေ့တွင် ကျင်းပခဲ့ရာ အမျိုးသားရေအရင်းအမြစ်စီမံခန့်ခွဲရေး ဗဟိုကော်မတီဥက္ကဌ နိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ၀န်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနနှင့် သစ်တောတက္ကသိုလ်တို့မှ သုတေသီပညာရှင်များ ဖတ်ကြား တင်သွင်းမည့် သစ်တောကဏ္ဍဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို အောက်ဖေါ်ပြပါ အစီအစဉ် အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ တက်ရောက်နိုင် ပါကြောင်း ဖိတ်ကြားအပ်ပါသည်။ သုတေသနစာတမ်း ဖတ်ပွဲတွင် သုတေသနစာတမ်း (၃၀) စောင် ဖတ်ကြားတင်သွင်းမည် ဖြစ်ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန မှ (၉.၁၂.၂၀၁၅)ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပပြု လုပ်သော မြန်မာနိုင်ငံရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများအား အကဲဖြတ်ဆန်းစစ် သည့် မူဘောင်တစ်ရပ်ရေးဆွဲခြင်းနှင့် ရလဒ်များ ဖော်ထုတ်ခြင်းဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊တောအုပ်များ စွမ်းဆောင်ရည် မြင့်မားရေးသင်တန်းဆရာဖြစ်သင်တန်းကို သစ်တောသုတေသနဌာန(ရေဆင်း) ၌ (၇.၁၂.၂၀၁၅) ရက်နေ့၊ နံနက် (၈:၀၀)နာရီတွင် ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ပုဂ္ဂလိက သစ်တောစိုက်ခင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ပဲခူးရိုးမဖြတ်ကျော် လေ့လာ ရေးခရီးစဉ်သွားရောက်ခြင်း ဖွင့်ပွဲအခမ်းအနားကို (၄-၁၂-၂၀၁၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန် တွင် နေပြည်တော်၊ သစ်တောဦးစီးရုံးချုပ် အင်ကြင်းခန်းမ၌ ကျင်းပခဲ့ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ကျော်လွင် တက်ရောက်၍အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အင်းလေးကန် ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်ခံရခြင်း အထိမ်းအမှတ် အခမ်းအနားနှင့် ဇီဝအဝန်းနယ်မြေစီမံအုပ်ချုပ်မှုဆိုင်ရာ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ(၄) ရက်နေ့၊ နံနက်(၉:၀၀)နာရီတွင်ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ Aureum Palace Resort & Spa ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍အဖွင့်အမှာစကားပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ၂၀၁၄ခုနှစ်၊ သန်းခေါင်စာရင်းစစ်တမ်းအရ မြို့ပြဒေသများတွင် အိမ်ထောင်စု ၅၀% ကျော်ခန့်၊ ကျေးလက်ဒေသများတွင် ၈၀% ခန့်သည် ထင်း၊ မီးသွေးကို အစားအစာချက်ပြုတ်ရာ၌ လောင်စာအဖြစ် အသုံးပြု လျက်ရှိကြောင်းသိရသည်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသည် ဒေသခံပြည်သူများ ထင်းလောင်စာအခက်အခဲ ဖြည့်ဆည်းပံ့ပိုးနိုင်ရန်အတွက် ကျေးရွာသုံးထင်းစိုက်ခင်းများတည်ထောင်၍ နီးစပ်ရာ ကျေးရွာများအား ထင်းဝေငှမှုဆောင်ရွက်ခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ၊ ပုဂ္ဂလိကစိုက်ခင်းများ တည်ထောင်ရန် ခွင့်ပြု ဆောင်ရွက်ပေးခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများပူးပေါင်းပါဝင်မှုဖြင့် ကျေးရွာ တစ်ရွာလျှင် ဘက်စုံသုံးစိုက်ခင်း(၁)ဧက၊ တစ်အိမ်ထောင်သစ်မာ(၂၀)ပင်၊ တစ်အိမ်ထောင်လျှင် ကျွန်း(၃)ပင်စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင် ထင်းအစားအခြားလောင်စာ တိုးမြှင့် သုံးစွဲရေးအတွက် စွမ်းအားမြှင့်မီးဖို ၊ လောင်စာတောင့်များဖြန့်ဝေခြင်း၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများ တိုးချဲ့သုံးစွဲစေရေးပညာပေးဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Pages