Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

(၂၉-၃-၂၀၁၄)ရက်နေ့မှ(၄-၄-၂၀၁၄)ရက်နေ့အထိပြည်နယ်/တိုင်းဒေသကြီးများနှင့်နေပြည် တော်ကောင်စီနယ်မြေတို့တွင် တရားမဝင်သစ် ဖမ်းဆီးရမိမှုများမှာ ကချင်ပြည်နယ်တွင် တရားမဝင်ကျွန်းသစ်(၀.၇၈၆၀)တန်၊ သစ်မာ(၁.၈၃၄၀)တန်၊ အခြားသစ်(၆.၉၅၂၀)တန်၊စုစုပေါင်း (၉.၅၇၂၀)တန်၊ ချင်းပြည်နယ်တွင် တရားမဝင်သစ်မာ(၂.၈၆၈၂)တန်၊ အခြားသစ်(၁.၃၆၈၄)တန် ၊ စုစုပေါင်း(၄.၂၃၆၆)တန်နှင့်တရားခံ(၃)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် တရားမဝင်ကျွန်းသစ် (၃၇.၀၉၇၀)တန်၊ သစ်မာ(၃၄၂.၀၈၄၂)တန်၊ အခြားသစ်(၃၁.၅၃၄၄)တန်၊ စုစုပေါင်း(၄၁၀.၇၁၅၆) တန်

မြန်မာနိုင်ငံသည် အဖိုးတန်သယံဇာတများဖြင့် ပေါကြွယ်ဝလျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ် ပြီး နိုင်ငံနှင့်ပြည်သူလူထုဖွံ့ဖြိုးတိုးတက်ရေးများအတွက် အဆိုပါသယံဇာတများအား ထိရောက်စွာ အသုံးချ၍ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသည် နိုင်ငံတော်၏ အဖိုးတန်သယံဇာတများဖြစ်သော သစ်နှင့် သစ်တောထွက်ပစ္စည်း များကို ဝိသမလောဘသားများ၏ ခိုးထုတ်သယ်ယူနေခြင်းများမှကာကွယ်တားဆီးနိုင်ရန် ဖမ်းဆီး အရေးယူမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်

တရားမဝင်သစ် ဖမ်ဆီးသည့် ကိစ္စနှင့်ပတ်သက်၍ ၁၅-၄-၂၀၁၄ ရက်နေ့ ည(၂၁:၀၀)နာရီ အချိန်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ခရီးသွား လာခြင်း (ရှမ်းပြည်နယ်) အမည် ဖြင့်သင်္ကြန်အလှပြယာဉ်များတွင် တရားမဝင် တမလန်းသစ်များ သယ်ဆောင်လာကြောင်း သတင်း ရရှိသဖြင့် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးဝင်းနိုင်-၄၊ မန္တလေးခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးသိန်းတိုး၊ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင့်ခိုင်၊ ဦးစီးအရာရှိ ဦးကျော်ဇင်ထွန်း အပါအဝင် (၁၁)ဦး၊ မန္တလေးတိုင်းဒေသကြီး၊ ဒုစရိုက်နှိမ်နှင်းရေးတပ်ဖွဲ့မှ ရဲအုပ် ရဲမြင့်၊ ပုသိမ်ကြီး မြို့နယ်၊ အုန်းချော ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒု-ရဲအုပ် အောင်အောင် (လ-၁၉၂၈၅၂) အပါအဝင်(၄)ဦး

ဇီဝမျိုးစုံမျိုးကွဲများစုံလင်စွာ တည်ရှိနေခြင်းသည် ပတ်ဝန်းကျင်ဂေဟစနစ်အား ပြီးပြည့်စုံ ကောင်းမွန်စေ၍ လူသားတို့အတွက် အစားအစာ၊ အဝတ်အထည်နှင့် နေထိုင်ရေးဝန်ဆောင်မှုများ ကိုပါ ပတ်ဝန်းကျင်မှ ရေရှည်ထောက်ပံ့ပေးစေနိုင်ပါသည်။ မြန်မာနိုင်ငံသည် သဘာ၀ဂေဟစနစ် ကွဲပြားမှု များပြားသည့်အလျောက် ဇီဝမျိုးစုံမျိုးကွဲများလည်း ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ် ပါသည်

၁။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ကွန်းဗင်းရှင်း (Convention on Biological Diversity- CBD) သို့ လက်မှတ်ရေးထိုးဝင်ရောက်ခဲ့သည့်နိုင်ငံဖြစ်သည်နှင့် အညီ နိုင်ငံ၏ သဘာဝဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ကွန်ဗင်းရှင်းသဘောတူညီချက်များ၊ နိုင်ငံအဆင့် မူဝါဒ၊ မဟာဗျူဟာတို့နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။ 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း အား Sumitomo Corporation Asia and Oceania Pte. Ltd, မှ General Manager, Mr. Masateru YAMATO နှင့်အဖွဲ့သည် ယနေ့ ၁၃-၃-၂၀၁၄ ရက်နေ့ နံနက် ၁၄:၄၅ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း အား Indo-Myanmar Chamber of Commerce and Industries- IMCCI မှ Vice President Mr.A.K. Murarka သည် ယနေ့ ၁၃-၃-၂၀၁၄ ရက်နေ့ နံနက် ၁၄:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်၊ စီမံကိန်းနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်တို့ တက်ရောက်ကြသည်။

ရေသယံဇာတအရင်းအမြစ်သည် လူသားတို့အပါအဝင် သက်ရှိအပင်နှင့် သတ္တဝါတို့ အသက်ရှင် ရပ်တည်ရေးအတွက် အထူးအရေးပါသည့် သဘာဝအရင်းအမြစ်တစ်ခုဖြစ်သည့်အလျောက် ရေအရင်းအမြစ် ရေရှည်တည်တံ့ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်သည်။

Pages