၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

မြန်မာနိုင်ငံ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် International Finance Corporation (IFC) တို့ပူးပေါင်း၍ ရေအားလျှပ်စစ် ကဏ္ဍအတွက် ပတ်ဝန်းကျင်နှင့် လူမှုရေးစံချိန်စံညွှန်းများဆိုင်ရာ ကနဦးအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပခဲ့ပါသည်။

ကုလသမဂ္ဂစီးပွားရေးနှင့်လူမှုရေးကော်မရှင် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာအစီအစဉ်(UN ESCAP)၊ ကုလသမဂ္ဂဒေသဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးဗဟိုဌာန (United Nations Centre for Regional Development -UNCRD) ၊ နီပေါနိုင်ငံ အဆောက်အအုံနှင့်ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ ပတ်ဝန်း ကျင်ဝန်ကြီးဌာနတို့ပူးပေါင်း၍ နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့တွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အာရှနိုင်ငံများအတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော ပတ်ဝန်းကျင် ရရှိရေးအတွက် ပို့ဆောင်ရေးကဏ္ဍဆိုင်ရာအစိုးရအချင်းချင်း နဝမအကြိမ်မြောက် ဒေသအဆင့်ဖိုရမ် (Intergovernmental Ninth Regional Environmentally Sustainable Transport (EST) Forum in Asia)သို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ သက်သက်ဇင် ခေါင်းဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံ သစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ်(၁၁၁)နှင့် မြန်မာနိုင်ငံမြေတိုင်း ကျောင်း၊ အရာရှိမြေတိုင်းသင်တန်း၊ အမှတ်စဉ်(၅၀)၊ အခြေခံမြေတိုင်းသင်တန်း၊ အမှတ်စဉ်(၇၄) သင်တန်းဆင်းပွဲစစ်ရေးပြအခမ်းအနားကို (၂၃.၁၁.၂၀၁၅)ရက် နံနက်(၀၇:၃၀)နာရီအချိန်တွင် ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံမြေတိုင်းကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းတက်ရောက်၍ အမှာ စကားပြောကြားပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းမိသားစုတို့၏ နဝမအကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၀၅:၃၀) နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ရုံးအမှတ် (၂၈) ကျွန်းရွှေဝါခမ်းမ၌ ကျင်းပပါသည်။

သစ်တောသံယံဇာတ အရင်းအမြစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးပျောက်ကွယ်သွားပါက လူသားများနှင့်ပတ်ဝန်းကျင်တို့၏ညီညွှတ်မျှတနေသည့် ဂေဟစနစ်ကွင်းဆက်များ ပျက်စီးပြုန်းတီး၍ဘဝ ရှင်သန်ရပ်တည်မှုကိုထိခိုက်မည်ဖြစ်သည်။ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနသည်ဒေသအသီးသီး၌လက်ရှိဒေသခံပြည်သူများ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ကာသစ်တောများရေရှည်တည်တံ့၍အနာဂတ်ပတ်ဝန်းကျင်အခြေအနေကောင်းများဖော်ဆောင်နိုင်ရန်အတွက်သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ ဒေသခံပြည်သူများပူးပေါင်းပါဝင်၍ ဒေသခံပြည်သူအစုအဖွဲ့ပိုင် စိုက်ခင်းများတည် ထောင်ခြင်း၊ပုဂ္ဂလိကလုပ်ငန်းရှင်များအားကျွန်းနှင့်သစ်မာပုဂ္ဂလိကစိုက်ခင်းများတည်ထောင်စိုက်ပျိုးခွင့်ပြုခြင်း၊ကြိုးဝိုင်း၊ကြိုးပြင်ကာကွယ်တောနှင့်သဘာဝနယ်မြေများတိုးချဲ့ဖွဲ့စည်းခြင်းတို့ကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်သာမက နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ သစ်တောကဏ္ဍအရင်းအမြစ် များဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

“ချင်းပြည်နယ်ရှိ မြေပြိုဆည်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များ ကြို တင်ကာကွယ်ရေးအလုပ်ရုံဆွေးနွေးပွဲ”ကို(၁၁.၁၁.၂၀၁၅)ရက်နေ့၊နံနက်(၉:၀၀)နာရီတွင် နေပြည် တော်၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအမှတ်(၃၉)၊ နေပြည်တော်၌ ပုဂ္ဂလိက သစ်တောစိုက်ခင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲအား (၄.၁၂.၂၀၁၅)ရက်နေ့တွင် ကျင်းပဆောင်ရွက်မည် ဖြစ်ပါ၍ ဧက(၅၀)နှင့်အထက် စိုက်ပျိုးပြီးနှင့် စိုက်ပျိုးမည့် စိတ်ပါဝင်စား သည့် လုပ်ငန်းရှင်များအားတက်ရောက်နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။
လူဦးရေကန့်သတ်ချက်ရှိသဖြင့် (၁၆-၁၁-၂၀၁၅)ရက်နေ့မှ(၂၄-၁၁-၂၀၁၅)ရက်နေ့အထိ ရုံးချိန်အတွင်း သစ်တောဦးစီးရုံးချုပ် ၊ နေပြည်တော်၊ ဖုန်း ၀၆၇-၄၀၅၁၁၁ ၊ ၀၆၇ -၄၀၅၀၁၆၊ ၀၆၇-၄၀၅၁၁၉ ၊ Fax-၀၆၇-၄၀၅၀၈၂ ၊ Email nfpd405082@gmail.com သို့ အချိန်မီ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း၊ တက်ရောက်ခွင့် အတည်ပြုချက်အား ပြန်ကြားပေးမည် ဖြစ်ပြီ: အသေးစိတ်သိရှိလိုပါက အထက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်း နိုင်ပါ ကြောင်း သတင်းရရှိပါသည်။

ဒီရေတောများကို အပူပိုင်းနှင့် အပူသမပိုင်းဒေသများရှိ ကမ်းရိုးတန်း ဧရိယာများ တွင် တွေ့ရှိရပြီး၊ ၎င်းတို့သည် ထုတ်လုပ်မှုစွမ်းအား အကောင်းဆုံးဂေဟစနစ်မျာတွင် အပါအဝင် ဖြစ်ပါသည်။ မြန်မာ့ကမ်းရိုးတန်းအရှည်သည် ကီလိုမီတာ (၃၀၀၀) ခန့် ရှည်လျားပြီး ဒီရေတော များကို ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်းဒေသ များ တစ်လျောက် အမြောက်အမြား တွေ့ရှိရသည်။ World Mangrove Atlas (၂၀၁၀) အရ မြန်မာ့ဒီရေတောများသည် ကမ္ဘာ့ဒီရေတောဧရိယာစုစုပေါင်း၏ (၃.၃ %) ဖြစ်ပြီး ဒီရေတော ဧရိယာဟက်တာပေါင်း ၅၀၂,၉၁၁ (၁,၂၄၂,၁၉၀ ဧက) ပေါက်ရောက်လျက်ရှိ၍ အာရှဒေသတွင် တတိယအများဆုံးနှင့် ကမ္ဘာပေါ်တွင် သတ္တမမြောက်အများဆုံး ဒီရေတောပေါက်ရောက် သောနိုင်ငံဖြစ်ပါသည်။

Pages