Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သစ်တောများသည် သစ်၊ ထင်း၊ မီးသွေးနှင့် အခြားလူသုံးကုန်ပစ္စည်းများထုတ်ယူရရှိရာ သဘာဝအရင်း အမြစ်များဖြစ်သည့်အပြင် ရေနှင့် မြေသယံဇာတများထိန်းသိမ်းပေးခြင်း၊ ကမ္ဘာ့လေထုသန့်ရှင်းရန် ထိန်းညှိပေး ခြင်းစသည့် ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးသည်။ ထို့အပြင် ကုန်းတွင်းပိုင်း ဇီဝမျိုးစုံမျိုးကွဲများ၏ ၉၀% ရှင်သန်ရပ်တည်ရာနေရာများလည်းဖြစ်သည်။

နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးအတွက် မြို့ရွာဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ၌ မြေယာခွဲဝေအသုံးချမှုများ ထိရောက်စွာဆောင်ရွက်နိုင်ရေး၊ မြေအသုံးချမှုမူဝါဒများ ရေးဆွဲပြီးဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေစီမံခန့်ခွဲမှုဆိုင်ရာအစီအမံများစနစ်တကျ ဆောင်ရွက်နိုင်ရန်ရည်ရွယ်

ကျေးလက်ပြည်သူတို့၏ လူမှုစီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေများတိုးတက်ကောင်းမွန်စေရေးအတွက် သစ်တောနယ်မြေများအတွင်းနှစ်ကာလအတန်ကြာအခြေချနေထိုင်လျက်ရှိသောအိမ်ခြေ(၅၀)အောက်အိမ်စု၊ ရွာစုများအား ကျေးရွာသစ်များအဖြစ် သစ်တောမြေမှ ပယ်ဖျက်ကာကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အစီအမံများနှင့်အညီ ဆက်လက် စုစည်းနေရာချထားပေးမည်။

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း စွမ်းဆောင်ရည်အကဲဖြတ်အဖွဲ့သို့ ပေးပို့လာသည့် ပဲခူးတိုင်း ဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ စိမ့်တောကျေးရွာတွင် နေထိုင်သူများသည် မိမိတို့၏နေအိမ်တွင် စိုက်ပျိုးထားသော သစ်များနှင့် ရေ၌မျောပါလာသော သစ်များကို အသုံးပြုနေကြပြီး ယခုအခါ သစ်တောရေးရာဝန်ကြီးဌာနမှ ထိုသို့အသုံးပြုနေသည့် သစ်များကို ဖမ်းဆီးသည့်အပြင် ဘုန်းတော်ကြီးကျောင်းရှိ သစ်များကိုပါ သိမ်းဆည်းနေပါသဖြင့် မိမိတို့သည် မည်သည့် သစ်များကို အသုံးပြုရမည်ကို သိရှိလို၍ အကြံပြုတင်ပြခြင်းအား ဆောင်ရွက်ထားရှိမှု အခြေ အနေ

ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှုလျော့ချရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနသည် သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင် ကာကွယ်တောများ အတွင်း ခွင့်ပြုချက်မရှိဘဲ နှစ်ကာလ အတန်ကြာ အခြေချနေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများ၏ ဘဝရပ်တည်မှုနှင့် လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပထမအဆင့်အနေဖြင့် ပြည်ထဲရေး ဝန်ကြီးဌာန၊ အမည်ပေါက်စာရင်းဝင်ကျေးရွာ (၁၂၁၃) ရွာအား ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သစ်တောမြေအဖြစ်မှ ပယ်ဖျက် ပေးမည်ဖြစ်ကြောင်းသိရှိရသည်။

ကချင်ပြည်နယ်၊ဗန်းမော်မြို့ နယ်ဦးစီးအရာရှိ ခေါင်းဆောင် သော အဖွဲ့သည် (၂၂.၈.၂၀၁၂) ၁၁း၃၅ နာရီအချိန်တွင် ကမ္ဘားနီ ကျေးရွာအနီး နန့်စတီးချောင်းကမ်းဘေး ပဲ့ထောင်လှေ (၂)စီးပေါ်တွင် တရားမ၀င် သယ်ဆောင် လာသော သစ်မာ စုစုပေါင်း (၄.၀၁၉၀) တန်နှင့် ကင်ဘို ၁၆ ကောင်အင်ဂျင် တပ်ဆင်ထားသော အလျား-၄၁ ပေ ၊အနံ-၆ ပေ ၊စောက်-၃ ပေ၊ ကင်ဘို ၁၆ ကောင်အင်ဂျင်တပ်ဆင်ထားသော အလျား-၃၈ ပေ ၊အနံ-၆ ပေ ၊စောက်-၃ ပေ တို့အား ဖမ်းဆီးရမိခဲ့ပါသည်။

စစ််ကိုင်းတိုင်းဒေသကြီးတွင် ကသာခရိုင်၊ ကသာမြို့နယ်နှင့် ထီးချိုင့်မြိုနယ်၊ မုံရွာခရိုင်၊ ကနီမြို့နယ်၊ မုံရွာမြို့နယ်၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အတွင်း သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့ပူးပေါင်း ပါဝင်သော အဖွဲ့သည် တရားမဝင်သစ်များ ရှာဖွေဖမ်းဆီးခဲ့ရာ ( ၉-၈-၂၀၁၂ ) မှ ( ၁၂-၈-၂၀၁၂ ) အတွင်း ကျွန်းသစ် ( ၆.၁၁၇၈ )တန်၊ သစ်မာ ( ၁၂.၀၆၄၈ )တန်၊ အခြားသစ် ( ၄.၃၃၆၄ )တန်၊ စုစုပေါင်း(၂၂.၅၁၉၀ ) တန်နှင့် အင်ဂျင်စက် ( ၁ ) လုံးနှင့်

Pages