Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်အား ဩစတြေးလျနိုင်ငံ Asia-Pacific Rainforest Recovery မှ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Paul Locke နှင့်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ Asia-Pacific Rainforest Recovery Plan တွင် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ ပညာရေးကဏ္ဍဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန တို့မှ ပူးပေါင်း၍ မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၏ စာသင်ခုံများ ထုတ်လုပ်ပေးသွင်းခြင်းလုပ်ငန်းအပ်နှံနိုင်ရေး အစည်းအဝေးအား ယနေ့ ၂၁-၇-၂၀၁၅ ရက်နေ့ ၊ သစ်တောဦးစီးဌာနရုံးအမှတ် (၃၉)တွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် နှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ပညာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စာသင်ခုံထုတ်လုပ်ပေးသွင်းမည့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဧရာဝတီတိုင်း​​ဒေသကြီး၊ လပွတ္တာမြို့နယ်၊ လက်ပံကုန်းကျေးရွာအပါအဝင် ပင်လယ်ကမ်းစပ်ဒေသကျေးရွာများ၏ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာလိုအပ်ချက်များဖြစ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအလို့ငှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ဝန်ထမ်းအသီးသီး၏ စေတနာသဒ္ဓါတရားဖြင့် ကူညီဆောင်ရွက်ခဲ့မှုအပေါ် ဒေသခံကျေးလက်ပြည်သူများ၏ တုံ့လှည့်မေတ္တာကို သိရှိနိုင်ရန်အလို့ငှာ မျှဝေပါသည်။

မြန်မာ-ဂျပန်ချစ်ကြည်ရေးအတွက် ရည်ရွယ်၍ သစ်တောဦးစီးဌာနနှင့် ဂျပန်နိုင်ငံ AEON Environmental Foundation တိုးပူးပေါင်း၍ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို တိုက်ကြီးမြို့နယ်၊ တောင်လှိုင်ရိုးမသစ်တောကြိုးဝိုင်း၊ အကွက်အမှတ် (၁၂)နှင့် (၁၃)အတွင်း ၂၀၁၃ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး သစ်ပင်ပေါင်း (၆၀၀၀) (၁၁)ဧက စိုက်ပျိုးနိုင်ခဲ့၊ ဒုတိယအကြိမ်ကိုလည်း ပထမအကြိမ်ကျင်းပခဲ့သည့်နေရာနှင့် တစ်ဆက်တည်းရှိ မြေဧရိယာ (၁၅)ဧကပေါ်တွင် သစ်ပင်ပေါင်း (၈၀၀၀)အား ၂၀၁၄ခုနှစ်၊ ဇူလိုင်လ (၂၀)ရက် နေ့တွင် စိုက်ပျိုခဲ့၊ ယခု တတိယအကြိမ်သစ်ပင်စိုက်ပွဲအား ယခင်စိုက်ပျိုးခဲ့သည့် နေရာနှင့် တစ်ဆက်တည်းရှိ မြေဧရိယာ (၂၀)ဧကပေါ်တွင် သစ်ပင်ပေါင်း (၁၀၀၀၀) အား ၂၀၁၅ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့တွင် စိုက်ပျိုးခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ (IUCN) တို့ ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိသော နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် (NBSAP) Update ပြုလုပ်ရေး လုပ်ငန်းစဉ်တစ်ရပ်အဖြစ် “မြန်မာနိုင်ငံ ဇီဝမျိုးစုံမျိုးကွဲ အချက်အလက် များ ဖြန့်ချိဖလှယ်ရေးစနစ် ရေးဆွဲအကောင်အထည်ဖော်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ Workshop on Myanmar Biodiversity Clearing-House Mechanism - CHM” ကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်မှ ၁၆ ရက်နေ့အထိ Grand Amara Hotel ၊ နေပြည်တော်၌ ကျင်းပခဲ့ကြောင်းသတင်းရရှိပါသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO)၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ အဖွဲ့၏ လုပ်ငန်းအစီအစဉ်များ ဖြစ်သော သဘာဝအမွေအနှစ်များထိန်းသိမ်းရေးနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး လုပ်ငန်း များတွင် တက်ကြွစွာပူးပေါင်းပါဝင်လျက်ရှိပါသည်။ နိုင်ငံအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများအား ကာကွယ်ထိန်းသိမ်းခြင်းနှင့် ဒေသခံများ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်း ဆောင်ရွက်လျက်ရှိရာ အင်းလေးကန်ဒေသအား လူသား နှင့်ဇီဝအဝန်းနယ်မြေ(MAB)အဖြစ် သတ်မှတ် အတည်ပြုနိုင်ခဲ့ကာ အလားတူကာကွယ် ထိန်းသိမ်းခြင်း လုပ်ငန်းများ ပိုမိုထိရောက် စေရန်အတွက် အခြားသောသဘာဝထိန်းသိမ်းရေးနယ် မြေများကိုပါ လူသားနှင့်ဇီဝအဝန်း နယ်မြေ(MAB)အဖြစ် ထပ်မံအဆိုပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

မျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏လမ်းညွှန်မှုဖြင့် ဆောင်ရွက်မည့် အစိုးရ ဌာနဆိုင်ရာ နှင့် အဖွဲ့အစည်းများ ၏ ကိန်းဂဏန်း စုစည်းမှု၊ မြေပုံထုတ်လုပ်သည့်စနစ်တွေကို စံပြုထားတဲ့ အမျိုးသားမြေပုံစံ စနစ်ဖြစ်မယ့် OneMap Myanmar ကို စတင် အကောင် အထည်ဖော်ရန် OneMap Myanmar စီမံကိန်း စတင်ခြင်း အခမ်းအနားကို ၂၅-၆-၂၀၁၅ ရက်နေ့ (ကြာသပတေးနေ့) တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ OneMap Myanmar စီမံကိန်းအကောင် အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ တွင်ပါဝင်သော ဌာန/အဖွဲ့အစည်း (၂၅) ဌာန မှ တာဝန်ရှိသူများ၊ OneMap Myanmar မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် Swiss Agency for Development and Cooperation (SDC), Centre for Development and Environment(CDE), University of Bern, Switzerland နှင့် Land Core Group တို့ မှ တာဝန်ရှိသူများ နှင့် ကျွမ်းကျင်ပညာရှင်များ၊ စုစုပေါင်း (၄၃) ဦး တက်ရောက်ခဲ့ကြပါသည်။

အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏လမ်းညွှန်မှုဖြင့် ဆောင်ရွက်မည့် အစိုးရ ဌာနဆိုင်ရာ နှင့် အဖွဲ့အစည်းများ ၏ ကိန်းဂဏန်း စုစည်းမှု၊ မြေပုံထုတ်လုပ်သည့်စနစ်တွေကို စံပြုထားတဲ့ အမျိုးသားမြေပုံစံ စနစ်ဖြစ်မယ့် OneMap Myanmar ကို စတင် အကောင် အထည်ဖော်ရန် OneMap Myanmar စီမံကိန်း စတင်ခြင်း အခမ်းအနားကို ၂၅-၆-၂၀၁၅ ရက်နေ့ (ကြာသပတေးနေ့) တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ OneMap Myanmar စီမံကိန်းအကောင် အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ တွင်ပါဝင်သော ဌာန/အဖွဲ့အစည်း (၂၅) ဌာန မှ တာဝန်ရှိသူများ၊ OneMap Myanmar မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် Swiss Agency for Development and Cooperation (SDC), Centre for Development and Environment(CDE), University of Bern, Switzerland နှင့် Land Core Group တို့ မှ တာဝန်ရှိသူများ နှင့် ကျွမ်းကျင်ပညာရှင်များ၊ စုစုပေါင်း (၄၃) ဦး တက်ရောက်ခဲ့ကြပါသည်။

Pages