Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကိုရီးယားသစ်တောဌာန (KFS) နှင့် အာဆီယံ-ကိုရီးယား သစ်တောပူးပေါင်း ဆောင်ရွက်မှု စီမံကိန်း (AFoCo) မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆက်စပ်ဌာနများ မှ ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက် လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနဲ့ ဖိတ်ကြားထားသော ဧည့်သည် များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ ပညာရေးကဏ္ဍဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန တို့မှ ပူးပေါင်း၍ မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၏ စာသင်ခုံများ ထုတ်လုပ်ပေးသွင်းခြင်းလုပ်ငန်းအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးအား ယနေ့ ၁၁-၈-၂၀၁၅ ရက်နေ့ ၊ သစ်တောဦးစီးဌာနရုံးအမှတ် (၃၉)တွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် နှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သစ်တောဦးစီဌာနမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရေဘေးသင့်ဒေသများသို့ သစ်တောဦးစီးဌာနမှတဆင့် ပါဝင်လှူဒါန်းလိုပါက တိုးချဲ့ပညာပေးရေးဌာန၊ တယ်လီဖုန်းအမှတ် 067-405113 သို့ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
သစ်တောဦးစီးဌာန၊ နေပြည်တော်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်သည် မြန်မာနိုင်ငံအမျိုးသားသစ်တောသယံဇာတ ထိန်းသိမ်းကြီးကြပ်သည့်စနစ် အားကောင်းလာစေရန် မြေအသုံးချ ဆန်းစစ်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းစီမံကိန်း(TCP/MYA/3501)မှ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင် FAO Lead Technical Officer Mr. Kenichi Shono ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၉-၇-၂၀၁၅ ရက်နေ့ မွန်းလွဲ (၂:၃၀)နာရီတွင် သစ်တောဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ၂၀၁၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပွဲ အခမ်းအနားကို ယနေ့(၂၃.၇.၂၀၁၅)ရက်နေ့ ၊ နံနက်(၈:၃၀)နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်တွင် တည်ထားကိုးကွယ်သည့် ဥပ္ပါတသန္တိ စေတီတော်အရှေ့ဘက် ဆင်ဖြူတော်ဆောင်အနီးတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်းနှင့်ဇနီး ဒေါ်ဆွေဆွေချစ် တို့ တက်ရောက်၍ ကံ့ကော်ပင်ကို စိုက်ပျိုး ပေးပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ အာဆီယံအတွင်းအရေးမှူး ချုပ်ရုံး၊ ဂျပန်အာဆီယံဘက်စုံရန်ပုံငွေ၊ ဟန်ဆိုက်ဒယ်လ်ဖောင်ဒေးရှင်း နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်တို့ ပူးပေါင်းစီစဉ် ကျင်းပသည့် “၂၀၁၅ခုနှစ် အာဆီယံပတ်ဝန်းကျင် ထိန်းသိမ်းရေးနှစ်နှင့် ဒုတိယအကြိမ် အာဆီယံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ညီညွတ်သော ကျောင်းဆုချီးမြှင့်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် နည်းပညာဆိုင်ရာများ အကြံပေးပညာရှင် Dr. Marlene Buchy နှင့် EU FLAGT VPA ကြိုတင်ပြင်ဆင်ရန်အတွက် ယနေ့ နံနက် ၁၀:၀၀ နာရီတွင် သစ်တောဦးစီးဌာန၊ အစည်းအဝေးခန့်မ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကို သစ်တောဦးစီးဌာနမှ အရာထမ်းများလည်း တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်သည် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်အတွင်း ဘန့်ဘွေးကျေးရွာရှိ သစ်တောပျိုးယျာဉ်၊ လိပ်ထိန်းသိမ်းမွေးမြူရေး စခန်း၊ ဖမ်းဆီးရမိတရားမဝင်သစ်များ ထိန်းသိမ်းထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး၊ ၂၀၁၅ ခုနှစ် မိုးရာသီ အထိမ်းအမှတ် သစ်ပင် စိုက်ပျိုးပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Pages