Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

အမျိုးသားအဆင့် မြေအသုံးချမှု မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၅ခုနှစ်၊ ဇွန်လ ၂၉ မှ ၃၀ ရက်နေ့အထိ MICC II နေပြည်တော်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

 

(၂၇)ကြိမ်မြောက်ကုလသမဂ္ဂပညာရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) ၏ လူသားနှင့်ဇီဝအဝန်းနယ်မြေ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ကောင်စီအစည်းအဝေး (27th Session of the International Coordinating Council (ICC) of the Man and the Biosphere (MAB) Programme) ကို ၂၀၁၅ ခုနှစ်၊ ဇွန်လ (၈)ရက်နေ့မှ (၁၂)ရက်နေ့အထိ ပြင်သစ် နိုင်ငံ၊ ပါရီမြို့ယူနက်စကိုရုံးချုပ်၌ ကျင်းပလျက်ရှိရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြာရေးမှူးချုပ် ဒေါက်တာ ညီညီကျော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဟန်သူတို့မှ တက်ရောက်ဆွေးနွေးလျက်ရှိသည်။

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်အား Hong Kong Myanmar Chamber of Commerce မှ Founding Chairman နှင့် World Green Organization ၏ Chairman ဖြစ်သူ Mr. Albert Oung ဦးဆောင်သောအဖွဲ့မှ ယနေ့ ၅-၆-၂၀၁၅ ရက်နေ့၊ မွန်းလွဲ ၁၄:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် အပူပိုင်းဒေသရေမြေသဘာဝပတ်ဝန်း ကျင် တိုးတက်ကောင်းမွန်စေရန်၊ သဲကန္တာရဖြစ်ထွန်းမှုကိုတားဆီးကာကွယ်ရန်၊ ရာသီဥတုကောင်းမွန်ခြင်းဖြင့် စိုက်ပျိုးရေးကို အထောက်အကူပြုရန်၊ ဒေသခံပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနကို ၁၉၉၇ ခုနှစ်မှစတင်၍ ဖွဲ့စည်းတည်ထောင် ခဲ့သည်။ ဌာန၏အဓိကလုပ်ငန်းကြီး (၄)ရပ်အပြင် ထင်းအစား အခြားလောင်စာသုံးစွဲသည့် စံပြကျေးရွာ ထူထောင်ခြင်း၊ တောင်တန်းများစိမ်းလန်းစိုပြည်ရေး၊ အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းစသည့် စိမ်းလန်း စိုပြည်ရေးလုပ်ငန်းများနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

The International Co-ordinating Council of UNESCO’s Man and the Biosphere Programme (MAB) has added 20 new sites to the World Network of Biosphere Reserves, bringing their total number to 651 sites, including 15 transboundary sites, in 120 countries. Myanmar had its first biosphere reserve inscribed this year. These additions were made by the Council during a meeting taking place in Paris from 8 to 12 June.

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘူလ်ဂေးရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာအက်ဖ်ဂဲနီ စတဲဖနော့ဖ် စတွိုင်းချက်ဗ် မှ ယနေ့ ၂၇-၅-၂၀၁၅ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေးနှင့် မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်တို့ တက်ရောက်ခဲ့ကြသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင်အား Panasonic Asia Pacific Pte.Ltd.(မြန်မာရုံးခွဲ)၏ Chief Representative ဖြစ်သူ Mr. Hisakazu Maeda ဦးဆောင်သည့် အဖွဲ့မှ (၂၆-၅-၂၀၁၅) ရက်နေ့၊ မွန်းလွဲ (၁၄:၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင်တို့ တက်ရောက်ခဲ့ကြသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၌ ၂၀၁၅ခုနှစ်၊ မေလ(၂၂) ရက်နေ့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးနှင့် သစ်တောသယံဇာတများ ထာဝစဉ်တည်တံ့ စေရေးအတွက် ဆောင်ရွက်နေမှုများနှင့် အမျိုးသားဥယျာဉ်ထိန်းသိမ်းဆောင်ရွက်နေမှုများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေသည့် အခြေအနေများ၊ တရားမဝင်သစ်ဖော်ထုတ် ကာကွယ်တားဆီးဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

Pages