Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၀-၃-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်၊ ရေလိမ်ကျေးရွာအုပ်စု၊ လင်းနေချောင်းကျေးရွာ ဦးစိုးပိုင်၊ ဦးကျော်ကျော်၊ ဦးစိုးထွဋ် တို့၏ အိမ်တွင်းစက်မှုလက်မှုသစ်စက်ဝင်းအတွင်းနှင့် လယ်ကွင်းအတွင်း၊ တန့်ငူကျေးရွာအုပ်စု၊ ကြောင်ထောက်ကျေးရွာ ဦးဝင်းအောင် ၏အိမ်တွင်းစက်မှုလက်မှုသစ်စက်ဝင်းအတွင်းတို့တွင် တရားမဝင် တောင်သရက်ခွဲသား(၃၀၁)ချောင်း (၃၅.၂၁၈၆)တန်အား တရားခံ(၇)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၃၀-၃-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာရာအိမ်မှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ ပေါ်တော်မူကျေးရွာ၏ အရှေ့တောင်ဘက် (၁)မိုင်ခန့်အကွာနှင့် ဆင်ညှပ်ကုန်းရွာ၏ အရှေ့ဘက် (၁)မိုင်ခန့်အကွာတို့မှ တရားမဝင် ကျွန်း/အင်ကြင်း/ပျဉ်းကတိုးသစ်(၂၂)လုံး (၆.၇၅၀၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၀-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၃၃/၅) အရှေ့ဘက်၊ ကသဲအင်းဘုန်းကြီးကျောင်းအဝင်လမ်းဘေး ယာဉ်အမှတ်၊ BGO 8F/1560(Nissan UD၊ ၁၀ ဘီး၊ ဖြူပြာကြားရောင်)၊ KYH 8E/8852(Nissan UD၊ ၁၀ ဘီး၊ ဖြူနီကြားရောင်)နှင့် BGO 2C/5849(Nissan UD၊ ၁၀ ဘီး၊ ခဲရောင်)တို့ပေါ်မှ တရားမဝင် ပျဉ်းကတိုး/တောင်သရက်/သပြေခွဲသား(၁၂၅)ချောင်း (၁၆.၆၀၀၆)တန်၊ ပေါင်(၉၀)ဝင်မီးသွေး(၄၃၃)အိတ် (၁၃၈.၅၆)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၀-၃-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ ဥက္ကံမြောက်(၂)နယ်မြေ၊ ဥက္ကံကြိုးဝိုင်း အကွက်အမှတ်(၇၇၊ ၉၂)နေရာတို့မှ တရားမဝင် ကျွန်းခွဲသား/ကျွန်းဗုံတို၊ပျဉ်းကတိုး/မျောက်ချော/ထောက်ကြန့်/ဇင်ပြွန်း/ရုံး/မှိုက်/သဒီ/လိန် သစ်လုံး/ခွဲသား (၂၂၀)လုံး/ချောင်း (၃၀.၃၇၁၈)တန်၊ အင်ဂျင်(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၇-၃-၂၀၂၀ ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ်ရုံး၊ စစ်ဆေးရေးဌာနမှ ဦးစီးအရာရှိ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ ရေဦးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ကလေးဝမြို့နယ်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လိုက်မြို့နယ်၊ မော်တုံကြီးကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်း/တမလန်းသစ်/ခွဲသား(၃၀)လုံး/ချောင်း (၈.၂၈၀၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၇-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ စစ်ဖက်ရေးရာလုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ရာအိမ်မှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ရတနာပုံရပ်ကွက်၊ ယင်းမာ(၁)လမ်း၊ ဥသျှစ်ပင်မြို့တွင် မော်တော်ယာဉ်အမှတ်၊ (၉ခ/၇၀၀၈) Nissan Diesel UD (၆) ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၉၀)ချောင်း (၁၃.၀၉၀၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံအားများ စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၆-၃-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအကွက်အမှတ်(၆၉၊ ၇၂၊ ၇၃)နှင့် ဖြူးကွန်းကြိုးဝိုင်းအကွက်အမှတ်(၃၃)အတွင်းမှ တရားမဝင် ကျွန်း/ပျဉ်းကတိုးသစ်/ခွဲသား/ခွဲခြမ်း(၉၀)လုံး/ချောင်း/ခြမ်း (၁၃.၈၀၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၅-၃-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တောင်ဒဂုံမြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်အုပ်ချုပ်မှုအောက်ရှိ တောင်ဒဂုံမြို့နယ်၊ ရာဇသင်္ကြန်လမ်း (၁၄၄)ရပ်ကွက်၊ အမှတ်(၈၀)ဂိုဒေါင်အတွင်း ယာဉ်အမှတ်၊ 2C/7625 (ISUZU Light Truck၊ အဖြူရောင်၊ ၆ ဘီး)နှင့် 6F/9740(ISUZU Truck၊ အဖြူရောင်၊ ၆ ဘီး)ယာဉ်ပေါ်မှ တရားမဝင် ကျွန်း/ပိတောက်ခွဲသား၊ ပိတောက်တံခါးချပ်/ပိတောက်ပွတ်လုံး (၈၈၃၀)ချောင်း (၆၁.၈၈၉)တန်အား ဖမ်းဆီးရမိခဲ့သဖြင့် တရားခံ(၁)ဦးနှင့်အတူ ဆက်စပ်တရားခံ(၆)ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

Pages