၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၈-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်ကြိုးဝိုင်းအကွက်အမှတ်(၁၈၂)၊ ထိန်ကူးကျေးရွာ၏အနောက်တောင်ဘက်(၆.၅)မိုင်ခန့်အကွာနေရာ၌ တရားမဝင်ကျွန်းသစ်(၇၇)လုံး (၃၀)တန်နှင့် (၃)ပေအောက်ကျွန်းသစ်(၃)လုံး (၁)ခန့်တို့အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်း မရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၈-၉-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ သူရဲတန်းကြိုးဝိုင်းအကွက်အမှတ်(၃၀)၊ ပန်းတောင်း-တောင်ကုတ်ကားလမ်းဘေး ဒေသအခေါ် တောင်ညို ပေါက်နေရာနှင့် ဒေသအခေါ် ထုတ်လုပ်ရေးပေါက်နေရာတို့၌ တရားမဝင်ပျဉ်းကတိုး/စကားဝါခွဲသား (၄၇)ချောင်း (၇)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၈-၉-၂၀၂၀ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်း မုံရွာ-ယာကြီး-ကလေးဝကားလမ်း မိုင်တိုင်အမှတ် (၅၁/၆)မိုင်၏ မြောက်ဘက် ဒေသအခေါ် ဝါးဘိုးကျောက်တောင်ပေါက်တွင် မော်တော်ယာဉ် (၂)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၇၄)ချောင်း (၂)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၈-၉-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ နောင်ချို-ရပ်စောက်ကားလမ်း၊ ဒုဌဝတီတံတားအနီးတာဖလန်းရဲကင်းစခန်းအနီးနေရာ၌ မော်တော်ယာဉ်အမှတ် (SGG 7D/8430) CANDA (၆)ဘီး(အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား(၄၃၈)ချောင်း (၂)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၇-၉-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတာဝန်ကျ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီး ဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်)ကားလမ်း၊ (၁၆)မိုင်စစ်ဆေးရေးစခန်းနေရာ၌ မော်တော်ယာဉ်အမှတ် (YGN 3I/6175) (DYNA HINO) (ဖြူနီကြားရောင်)ယာဉ်ပေါ်မှ တရားမဝင်တမလန်း/ ပိတောက်ခွဲသား (၄၅)ချောင်း (၃)တန်အား ဖမ်းဆီးစဉ် ယာဉ်ပေါ်ပါယာဉ်မောင်းထွက်ပြေးတိမ်းရှောင် သွားခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၇-၉-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကြိုးပြင်ခုတ်ကွက်(၁၂၉)၊ ကျောက်ဖူးချောင်းဘေးနေရာမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/ လုံးပတ်၃ပေအောက်ကျွန်း သစ်/ခွဲသား (၁၃၃)လုံး/ချောင်း (၁၂)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၇-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကသာမြို့နယ်၊ မိုးတားကြီးရွာတောင်ဘက် ဒေသအခေါ် ငါးယောက်တောမှ တရားမဝင် ကျွန်းသစ်/ လုံးပတ်(၃)ပေအောက် ကျွန်းသစ် (၁၉)လုံး (၂)တန်၊ သစ်စက်(၁)လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးစဉ် တစ်ဦး တစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၇-၉-၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၉၈/၂)အနီးနေရာ၌ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင်ကျွန်းခွဲသား (၄၄၄)ချောင်း (၈)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

Pages