၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ခရိုင်သစ်တောအရာရှိများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်းပွဲ အခမ်းအနားကို (၂၁-၂-၂၀၂၅) ရက်၊ နံနက် (၀၈:၀၀)နာရီ အချိန်တွင် သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၌ ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သစ်တောသုတေသနဌာနမှ သုတေသီများ၊ သင်တန်းဆရာများနှင့် သင်တန်းသားများတက်ရောက်ခဲ့ပါသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက အမှာစကားပြောကြားရာတွင် ယခုသင်တန်းအား သစ်တောထိန်းသိမ်းရေး၊ သစ်တောစီမံအုပ်ချုပ်ရေးနှင့်စဥ်ဆက်မပြတ်ဖွံဖြိုးတိုးတက်ရေး ဖော်ဆောင်ရာမှာ ပိုမိုထိရောက်အောင်မြင်ရေး၊ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုများတွင်ကိုယ်တိုင် ဦးဆောင်ပါဝင်နိုင်ရေး၊ တာဝန်ယူမှု တာဝန်ခံမှုရှိသောခေါင်းဆောင်ကောင်းများဖြစ်စေရေး ရည်ရွယ်ချက်များဖြင့်ဖွင့်လှစ်ပို့ချခဲ့ပါကြောင်း၊ သင်တန်းတွင်ဌာန အကြီးအကဲများအပါအဝင် ဆက်စပ်ဌာနများမှ တာဝန်ရှိသူ သင်တန်းဆရာများလည်းလာရောက်၍ စာတွေ့ လက်တွေ့သင်ကြားပို့ချဆွေးနွေးခဲ့ပါကြောင်း၊ အုပ်ချုပ်ရေး၊ လုပ်ငန်းကျွမ်းကျင်မှု၊ စည်းရုံးရေးစွမ်းရည်များတိုးတက်စေရေးကို သင်တန်းမှ လေ့ကျင့်သင်ကြားခဲ့ပါကြောင်းနှင့် ခရိုင်သစ်တောအရာရှိများအနေဖြင့် ပြောင်းလဲသည့် ခေတ်စနစ်၊ မူဝါဒ၊ ဥပဒေ ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်လျောညီထွေဆောင်ရွက်ရန်၊ ပြည်သူများအားထားယုံကြည်ရသည့်နိုင်ငံ့ဝန်ထမ်းကောင်းဖြစ်စေရန်၊ ဌာနအကျိုး၊ နိုင်ငံ့အကျိုးကိုစွမ်းဆောင်ရည်မြင့်မားစွာကြိုးပမ်းဆောင်ရွက်ရန်မှာကြားပြီးနောက် သင်တန်းသားတစ်ဦးချင်းစီအလိုက် သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပြီးပါကြောင်းသတင်းရရှိပါသည်။ ခရိုင်သစ်တောအရာရှိများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၁၀)အား (၁၀-၂-၂၀၂၅ ရက်မှ ၂၁-၂-၂၀၂၅) ရက်အထိ ရက်သတ္တ(၂)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီးသင်တန်းသား(၂၀)ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်းသစ်မူရင်း ဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှ စ၍ တရားဝင် သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင် သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက် နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာ အတွင်းမှ (၁၀-၂-၂၀၂၅) ရက်နေ့မှ (၁၆-၂-၂၀၂၅) ရက်နေ့အထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြားစုစုပေါင်း (၃၇.၃၈၃၀) တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၂.၅၅၆၄)တန်၊ သစ်မာ (၁၂.၅၁၅၉)တန်၊ အခြား (၆၁.၇၂၁၄)တန်၊ စုစုပေါင်း (၈၆.၇၉၃၇)တန်၊ ယာဉ်/ ယန္တရား (၄)စီး၊ တရားခံ (၁၇)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၁-၂-၂၀၂၅ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကံမော်(၁)ဘိနယ်၊ သဲချောင်း ကျေးရွာအုပ်စု၊ မြောက်ခေါင်းကျွန်းအနောက်တောင်ဘက် (၁.၇)မိုင်ခန့်အကွာ၌ တရားမဝင် အခြားသစ် (၁၃)လုံး (၁၈.၀၃၀၀)တန်၊ စက်လှေ (၁)စီး၊ တရားခံ (၂)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

၁၇-၂-၂၀၂၅ ရက် တနင်္လာနေ့ ၁၀း၀၀နာရီ အချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ သစ်တောသုတေသနနှင့် အာရှသစ်တောဆိုင်ရာကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်သစ်တောကဏ္ဍဖျက်ပိုးနှင့် ရောဂါဆိုင်ရာသတင်းအချက်အလက်များ စီမံအုပ်ချုပ်မှုစနစ်အား အထောက်အကူဖြစ်စေမည့် လုပ်ငန်းသုံးပရိုဂရမ်ရေးဆွဲခြင်းဆိုင်ရာ အစည်းအဝေးကျင်းပရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးကျော်ဇေယျ တက်ရောက်၍အဖွင့်အမှာပြောကြားရာ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ software ပညာရှင်များ တက်ရောက်ကြပါသည်။ အစည်းအဝေး တက်ရောက်လာကြသူများမှ သစ်တော စိုက်ခင်းများတွင် ဖျက်ပိုးဆိုင်ရာ Database ပြုလုပ်မည့် နည်းပညာများအကြောင်း၊ ငွေကြေးသုံးစွဲမည့်အခြေအနေနှင့် လုပ်ငန်းများကို အချိန်ဇယားအလိုက်ဆောင်ရွက်မည့်အကြောင်းများဆွေးနွေးကြပါသည်။ အဆိုပါလုပ်ငန်းဆောင်ရွက်သည့် စီမံကိန်းကာလသည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ မှ ၂၀၂၅ ခုနှစ် စက်တင်ဘာလထိ ( ၅ )နှစ်ကြာဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ပြည်ခရိုင်၊ နေပြည်တော် ဒက္ခိဏခရိုင်နှင့် ဥတ္တရခရိုင်အတွင်းရှိ သစ်တော စိုက်ခင်းများတွင် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

၁၇-၂-၂၀၂၅ ရက်၊ တနင်္လာနေ့ နံနက် ၀၈:၃၀ နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပရာ အဖွဲ့ဥက္ကဋ္ဌ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အမှာစကားပြောကြားပြီး အစည်းအဝေးသို့ မြန်မာ့သစ်လုပ်ငန်းမှ ဦးဆောင်ညွန်ကြားရေးမှူး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြေတိုင်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာများတက်ရောက်ကြပါသည်။ ဦးစွာ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက အမှာစကားပြောကြားရာ မြန်မာနိုင်ငံသစ်တောကျောင်းသည် သမိုင်းအစဥ်အလာကြီးမားပြီးရည်ရွယ်ချက်ကောင်းများဖြင့် ၁၈၉၈ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့ထိ သင်တန်းသား ၆၆၁၄ ဦးမွေးထုတ်ခဲ့ပါကြောင်း၊ ယခုဖွင့်လှစ်ဆဲ အမှတ်စဥ် (၁၁၈) သင်တန်းတွင် သင်တန်းသား ၇၈ ဦးအား အခြေခံသစ်တောပညာ ဘာသာရပ် ၁၅ ခုကို စာတွေ့ လက်တွေ့ သရုပ်ပြ သင်ကြားလျက်ရှိပါကြောင်း၊ အမှတ်စဥ် (၁၁၉) သင်တန်း ဆက်လက်ဖွင့်လှစ်ရာတွင် ခေါ်ယူမည့်သင်တန်းသား၊ သင်ကြားမည့်ဘာသာ၊ သင်တန်းအချိန်ဇယား၊ စတင်ဖွင့်လှစ်မည့်အချိန်၊ ခေတ်နှင့်လျော်ညီသည့်သင်တန်းစည်းကမ်းများ သတ်မှတ်နိုင်ရေးကို တက်ရောက်လာသည့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များမှလည်း ဆွေးနွေးပေးစေလိုပါကြောင်းပြောကြားပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျောင်းအုပ်ကြီးမှ အခြေခံသစ်တောပညာသင်တန်း အမှတ်စဥ် (၁၁၉) ဖွင့်လှစ်မည့် အစီအစဥ်အားရှင်းလင်းတင်ပြရာ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးကြကြောင်းသတင်းရရှိပါသည်။

မွန်ပြည်နယ်မြေအသုံးချမှုကော်မတီ(ဒုတိယအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၃-၂-၂၀၂၅)ရက်နေ့၊ (၁၃:၀၀)နာရီတွင် မော်လမြိုင်မြို့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဌ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကော်တီအဖွဲ့ဝင် ဆက်စပ် ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူး/ တာဝန်ရှိသူများနှင့် တောင်သူလယ်သမား ကိုယ်စားလှယ်များ၊ ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်၊ ရပ်မိရပ်ဖကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူကိုယ်စားလှယ်များ အမျိုးသမီးကိုယ် စားလှယ်များ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကော်မတီအဖွဲ့ဝင် မွန်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်များက ဆွေးနွေးခြင်း၊ ပြည်နယ်ကော်တီအတွင်းရေးမှူး ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးမှ မွန်ပြည်နယ်မြေအသုံးချမှုကော် မတီ ဖွဲ့စည်းဆောင်ရွက်မှု၊ ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခြင်း၊ တွဲဘက်အတွင်းရေးမှူး ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ရှင်းလင်းတင်ပြခြင်းနှင့် ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများမှ မြေအသုံးချမှုဆိုင်ရာကိစ္စရပ်များအားဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော်ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၃-၂-၂၀၂၅)ရက်နေ့မှ (၉-၂-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၂၁.၃၆၉၃)တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၀.၂၁၉၂)တန်၊ သစ်မာ (၃၃.၀၈၉၂)တန်၊ အခြား (၉၁.၄၉၀၁)တန်၊ စုစုပေါင်း (၁၄၄.၇၉၈၅)တန်၊ ယာဉ်/ ယန္တရား (၁၆)စီး၊ တရားခံ (၂၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၉-၂-၂၀၂၅ ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဗျင်ကျယ်ဘိနယ်၊ နေပြည်တော်- ပင်လောင်းကားလမ်း၊ (၇)မိုင်ခန့်အကွာနေရာမှ တရားမဝင် ပျဉ်းကတိုးသစ် (၂၄)လုံး (၁၆.၅၆၈၀)တန်၊ ကညင်သစ် (၃)လုံး (၂.၀၁၈၀)တန်၊ စကားဝါသစ် (၂)လုံး (၂.၁၇၈၀)တန်၊ သစ်ယားသစ် (၁၆)လုံး (၁၂.၈၈၈၀)တန်၊ စုစုပေါင်း (၄၅)လုံး (၃၃.၆၅၂၀)တန်၊ ယာဉ် (၁)စီးအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါ
သည်။

Pages