Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၇-၃-၂၀၂၂)ရက်နေ့မှ (၁၃-၃-၂၀၂၂) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၁၈.၄၆၈၄)တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၈.၅၁၄၂)တန်၊ သစ်မာ (၅၁.၀၃၀၈)တန်၊ အခြား (၁၉၈.၀၀၈၈)တန်၊ စုစုပေါင်း (၂၈၇.၅၅၃၈)တန်၊ တရားခံ (၃၁)ဦး၊ ယာဉ်/ ယန္တရား (၂၄)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၂-၃-၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဇောင်းတူ(၃)ဘိနယ်၊ ရွှေလောင်းကိုယ်တူကွဲ ကြိုးဝိုင်း အကွက်အမှတ်(၈၈၊ ၉၇) နေရာများမှ တရားမဝင် တောင်ပိန်း/ ပျဉ်းမ/ ကညင်/ ကောင်းမှု/ သဒီ/ တောင်သရက်/ မဏိဩဂ/ သပြေ သစ်လုံး/ခွဲသား (၁၁၉) လုံး/ချောင်း (၆၁.၇၀၉၂)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်သည့် သစ်တောဥပဒေ ပုဒ်မ(၆)၊ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော အခွင့်အာဏာများကိုကျင့်သုံး၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၁၅,၀၀၀)ဧကရှိသော နယ်မြေကို “ဟန်လင်းတောင် ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော် ငြာစာအမှတ် (၅၅/၂၀၂၂)အရ ၁၃၈၃ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၀ ရက် (၂၀၂၂ ခုနှစ်၊ မတ်လ ၁၁ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်သည့် သစ်တောဥပဒေပုဒ်မ (၆)၊ ပုဒ်မခွဲ(င)အရအပ်နှင်းထားသော အခွင့်အာဏာများကိုကျင့်သုံး၍ ရှမ်းပြည်နယ်၊ ကျိုင်းတုံ ခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၁၃,၈၀၃)ဧကရှိသော နယ်မြေကို“ကိုးကွေ့တောင်ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၅၄/၂၀၂၂) အရ ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် (၂၀၂၂ ခုနှစ်၊ မတ်လ ၁၁ ရက်)မှစ၍ သတ်မှတ် ကြောင်း ကြေညာလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်သည့် သစ်တောဥပဒေပုဒ်မ (၆)၊ပုဒ်မခွဲ(င)အရအပ်နှင်းထားသော အခွင့်အာဏာများကိုကျင့်သုံး၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၁၂,၃၃၅) ဧကရှိသော နယ်မြေကို “ခါချဉ်တောင်ကြိုးပြင်ကာကွယ်တော” အဖြစ်အမိန့်ကြော်ငြာစာအမှတ် ( ၅၃/ ၂၀၂၂) အရ ၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်(၂၀၂၂ ခုနှစ်၊ မတ်လ ၁၁ရက်)မှစ၍ သတ်မှတ် ကြောင်း ကြေညာလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ မေလတွင် ထုတ်ပြန်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသည့် အခွင့်အာဏာများကိုကျင့်သုံး၍ ချင်းပြည်နယ် ဟားခါးခရိုင်၊ ထန်တလန် မြို့နယ်နှင့် ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်အတွင်းရှိ ဧရိယာ (၉,၉၈၄.၂၈) ဧကကို ဇီဝမျိုးစုံမျိုးကွဲ များထိန်းသိမ်းကာကွယ်ရန်အတွက် ဇိန်မှုတောင်အမျိုးသားဥယျာဉ်အဖြစ် အမိန့်ကြော်ငြာစာ အမှတ် (၅၂/၂၀၂၂)အရ ၁၃၈၃ ခုနှစ်၊ တပေါင်း လဆန်း ၁၀ ရက် (၂၀၂၂ ခုနှစ်၊ မတ်လ ၁၁ ရက်) မှ စတင် သတ်မှတ်ကြောင်းကြေညာလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ မေလတွင် ထုတ်ပြန်သည့် ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသည့် အခွင့်အာဏာများကို ကျင့်သုံး၍ ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်အတွင်းရှိ ဧရိယာ (၁၂၃၄၁.၈)ဧကကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အတွက် မီအေပီ၊ ရဟူတူ၊ လှိမ်ရောမ်း အမျိုးသားဥယျာဉ်အဖြစ် ၁၃၈၃ ခုနှစ် ၊ တပေါင်းလဆန်း ၉ ရက် (၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်) မှ စတင်သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

အမျိုးသားမြေအသုံးချမှုကောင်စီ၏ ဒုတိယအကြိမ်အစည်းအဝေးကို (၉-၃-၂၀၂၁)ရက်နေ့ မွန်းလွဲ (၁:၃၀) နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်မှူးကြီးစိုးဝင်းတက်ရောက်အမှာစကားပြောကြားပါသည်။

Pages