၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

တက္ကသိုလ်များနယ်မြေ(ရေဆင်း)၏ ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာပဒေသာကပွဲနှင့် စျေးရောင်းပွဲတော်အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ တက္ကသိုလ်များနယ်မြေ(ရေဆင်း)ရှိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင်ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တက္ကသိုလ်များ နယ်မြေ(ရေဆင်း)မှ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ တာဝန်ရှိ သူများ တက်ရောက်ကြသည်။

သစ်တောသုတေသနဌာန၊ စုဝေးခန်းမတွင် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ခရိုင်သစ်တောအရာရှိများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နံနက် (၀၈:၃၀)နာရီတွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ လုပ်ငန်း/ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ်၊ သစ်တောဦးစီးရုံးချုပ်မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သစ်တောသုတေသနဌာနမှ သုတေသီများ၊ သင်တန်းဆရာများ၊ သင်တန်းသားများ တက်ရောက်ခဲ့ပါသည်။ ဦးစွာ ဒုတိယဝန်ကြီးက ခရိုင်သစ်တောအရာရှိ စွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်း အမှတ်စဉ်(၁၀) သင်တန်း ၏ သင်တန်းဖွင့်လှစ် ရသည့် ရည်ရွယ်ချက်၊ သစ်တောအုပ်ချုပ်လုပ်ကိုင်မှုနှင့် သစ်တောဖုံးလွှမ်းမှုအခြေအနေ၊ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ကြိုးဝိုင်း တော/ ကြိုးပြင်ကာကွယ်တောများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ ဖွဲ့စည်း/ သတ်မှတ်ခြင်းနှင့် တည်ထောင်ခြင်းဆိုင်ရာ အချက်အလက်များ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း တည်ထောင်ထားရှိမှုအခြေအနေ၊ တရားမဝင်သစ်တားဆီးကာကွယ်ရေးလုပ်ငန်းတို့ကို ပြောကြား၍ သင်တန်းကာလအတွင်း သင်တန်းစည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်နှင့် ဘာသာရပ်သင်ကြားမှုများအပေါ် ကြိုးစားလေ့လာ မှတ်သား၍ စွမ်းဆောင်ရည်မြင့်မားသော အရာရှိများအဖြစ် မိမိတို့ရဲ့ ဌာနအကျိုး၊ နိုင်ငံ့အကျိုး ကို စွမ်းဆောင်ရည်မြင့်မားစွာနဲ့ ကောင်းစွာသယ်ပိုးနိုင်တဲ့ ဝန်ထမ်းကောင်းများ ဖြစ်လာအောင် ကြိုးစားလေ့ကျင့် သင်ယူသွားကြရန် ပြောကြားခဲ့ပြီး သင်တန်းသားများနှင့် မှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ပါသည်။ယနေ့ဖွင့်လှစ်သည့် ခရိုင်သစ်တောအရာရှိများ စွမ်းဆောင်ရည်မြှင်တင်ရေး သင်တန်းအမှတ်စဉ်(၁၀)အား (၁၀-၂-၂၀၂၅ ရက်မှ ၂၁-၂-၂၀၂၅)ရက်အထိ ရက်သတ္တ(၂)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား(၂၀)ဦးတက်ရောက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးနှင့် စာရင်းကိုင်(၄)(လစာနှုန်း ကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)ရာထူးနေရာများတွင် ရွေးချယ်ခန့်ထားနိုင်ရန်အတွက် နိုင်ငံဝန်ထမ်းနည်းဥပဒေများနှင့်အညီ အထွေထွေဗဟုသုတဘာသာရပ် ရေးဖြေစစ်ဆေးခြင်းနှင့် ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်းကို ၈-၂-၂၀၂၅ ရက်နေ့တွင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ရုံးအမှတ်(၃၉)တွင် ပြုလုပ်ခဲ့ပြီး ရေးဖြေစာမေးပွဲနှင့် ကွန်ပျူတာကျွမ်းကျင်မှု စစ်ဆေးခြင်း ဖြေဆိုသူများအနက် အောင်ဖော်ပြပါ(၉)ဦးကို ၁၃-၂-၂၀၂၅ ရက် (ကြာသပတေးနေ့)နံနက်(၁၀:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လူတွေ့စစ်ဆေးခြင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၁၁-၂-၂၀၂၅ ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင်''သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”(မြို့နယ်အဆင့်)အား၊လေးမျက်နှာမြို့နယ်၊ သဲနုကုန်းကျေးရွာအုပ်စု၊ေစာပြာကျေးရွာ အ.လ.ကကျောင်း(ခွဲ)တွင် ကျင်းပရာ မြို့နယ်သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးဇော်မင်းသိန်းမှ “ ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား/သူများမှ မေးခွန်းများပြန်လည်မေးမြန်းခဲ့ကြပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ လေးမျက်နှာမြို့နယ်၊ စောပြာကျေးရွာအ.လ.က(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ (၄)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၀၂)ဦး၊မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ ၊ စုစုပေါင်း (၁၀၉) ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။

အင်္ဂပူမြို့နယ်၊ သစ်တောဦးစီးဌာနမှ (၁၁.၂.၂၀၂၅)ရက်နေ့တွင် “သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”အား အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့၊ အ-ထ-က ကျောင်းတွင် ကျင်းပပြုလုပ်ရာ အင်္ဂပူမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးတင်အောင်ဆွေမှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာများနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ပြီး အင်္ဂပူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း(၅)ဦး၊ ကွင်းကောက်မြို့၊ အ-ထ-က ကျောင်းမှဆရာ/ဆရာမ (၁၂)ဦး၊ကျောင်းသား/ကျောင်းသူ (၃၀၀)ဦး၊ စုစုပေါင်း(၃၁၇)ဦးတက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့နယ် သစ်တောဦးစီးဌာနမှ ၁၁-၂-၂၀၂၅ ရက်နေ့၊ နေ့လည်(၁:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့နယ်၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ " သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"အား မြို့နယ်အဆင့် ကျင်းပပြုလုပ် ခဲ့ပါသည်၊၊ အဆိုပါ ဟောပြောပွဲတွင် ကော့သောင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဟိန်းထက်ေအာင်-၂မှ မီးခိုး/မြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊တောမီးအန္တရာယ်နှင့်ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများ၊ Fire Hotspot များ နှင့် ရေသယံဇာတများ ထိန်းသိမ်းရေး၊ ရေဝေရေလဲဒေသများမှ ရေချိုများ ရရှိနေမှု၊ ရေဝေရေလဲဒေသများ၏ အရေးပါမှု၊ ရေချိုများ ချွေတာသုံးစွဲရေး ၊ ရေအရင်း အမြစ်များဝိုင်းဝန်းထိန်းသိမ်း ခြင်း ဆိုင်ရာများ၊ သစ်တောများမှပေးသောအကျိုးကျေးဇူးများ၊သစ်တောများ ထိန်းသိမ်းခြင်းဖြင့် သဘာဝဘေးအန္တရာယ်များ လျှော့ချနိုင်မှုနှင့် ကြိုတင်ကာကွယ်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့်
သစ်ပင်စိုက်ပျိုး၊ပြုစုခြင်း နည်းစနစ်များအား ဟောပြောခဲ့၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မှ ဆရာ /ဆရာမ (၂)ဦး၊ ကျောင်းသား/ကျောင်းသူ (၇၀)ဦး၊သစ်သစ်ေတာဦးစီးဌာနမှဝန်ထမ်း(၃)ဦး၊စုစုပေါင်း (၇၅)ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည်များအားပြန်လည်ဖြေကြားခြင်း ၊ဟောပြောပွဲတွင်တက်ရောက်လာသူများအားသစ်ပင်စိုက်ပျိုးမှုလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

(၁၀-၂-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဦးဆန်းမြင့်ထွန်း(ဒုတိယညွှန်ကြားရေးမှူး၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန)က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစီအစဉ်အရ၊ ဦးစီးအရာရှိ ဒေါက်တာဖြူဖြူသင်းမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ပြုလုပ်သည့် သစ်တောစီးပွားရေးနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာပါရဂူဘွဲ့တက်ရောက်မှုအားလည်းကောင်း၊ တောအုပ်ကြီး ဒေါ်စန္ဒာချစ်ကြည်က ဗီယက်နမ်နိုင်ငံတွင်ပြုလုပ်သည့် သစ်တောအပေါ်မှီခို၍ လူထုအခြေပြုသည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက် ဝါး၊ကြိမ်လုပ်ငန်းဆိုင်ရာ နည်းပညာနှီးနှောဖလှယ်ပွဲ တက်ရောက်မှုအားလည်းကောင်းအသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရပါသည်။

၇-၂-၂၀၂၅ ရက်နေ့(၁၀:၀၀)နာရီတွင် ငါန်းဇွန်မြို့နယ် (အ.ထ.က)၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာအသိပေးပညာပေးဟောပြောပွဲကျင်းပဆောင်ရွက်ခဲ့ရာကျောင်းအုပ်ကြီးနှင့်၊ကျောင်းသား/သူများ၊ ပြန်/ဆက်ဦးစီးဌာန၊ စုစုပေါင်း (၁၄၂)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင်ငါန်းဇွန်မြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးလှမျိုးနိုင်က သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ၊ တောမီးလောင်ခြင်းတို့၏ဆိုးကျိုးများအားအသိပညာပေးဆွေးနွေးဟောပြောဆောင်ရွက်ခဲ့ပြီး၊ ကျောင်းအုပ်ဆရာကြီးထံ သစ်တောကဏ္ဍနှင့်ပတ်သက်၍သိကောင်းစရာစာအုပ်များပေးအပ်ခြင်း၊ ကျောင်းသား/သူ များသိလိုသည်များမေးမြန်းခြင်းတို့အပေါ်ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

Pages