၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၀-၁၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့အနီး၊ ခုတ်ကွက်ကြီ (XXXIII)အတွင်း တရားမဝင် အင်သစ် (၂၈)လုံး (၉)တန်အား ဖမ်းဆီးစဉ် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၁၉-၁၂-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ ခမရ(၄၁၁)မှ ဗိုလ်မှူးကြီးဝင်ကိုကိုပါ တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ထုံးကြီးတောင်ကြိုးဝိုင်းအကွက်အမှတ်(၅)အတွင်း တရားမဝင် ယမနေ/ သစ်ကဇော်/ ကညင်/ စကားဝါ/ တောင်တမာသစ်/ခွဲသား/ခွဲခြမ်း (၂၃၂)လုံး/ချောင်း/ခြမ်း (၆၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၈-၁၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံးရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝန်းသိုမြို့နယ်၊ တပ်လွင်ကြိုးဝိုင်းအကွက်အမှတ်(၇၈၊ ၇၉)အတွင်း တရားမဝင် ကျွန်းသစ်/ ခွဲသား (၂၆၄) လုံး/ ခွဲသား (၁၄)တန်၊ သစ်စက်နှင့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၃၂) ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို (၂၂-၁၂-၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် အင်ကြင်းခန်းမ၊ သစ်တောဦးစီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

၂၀-၁၂-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း(မန္တလေးမှ ရန်ကုန်သို့သွားသည့်ဖက်ခြမ်း)၊ မိုင်တိုင်အမှတ်(၈၇/၇)မိုင်အနီး၊ မိုင်တိုင်အမှတ်(၁၀၃/၀)မှ (၁၀၃/၁)ကြားနေရာတို့၌ မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်ကျွန်း/ပိတောက် ခွဲသား (၁၁၉)ချောင်း (၂၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၈-၁၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တန့်ဆည်မြို့နယ်၊ ရေဦး-ကလေးဝကားလမ်းမိုင်တိုင်အမှတ်(၂၆)အနီးတွင် မော်တော်ယာဉ်အမှတ်( MDY 5B/7935) UD(၆)ဘီးပေါ်မှ တရားမဝင်သစ်ယာ/အင်ခွဲသား (၉၅)ချောင်း (၁၁)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၁၈-၁၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)(ကွတ်ခိုင်) ဗိုလ်ကြီးဝေလျှံဖြိုးနှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ကွတ်ခိုင်-တာမိုးညဲသွားကားလမ်းတွင် မော်တော်ယာဉ်အမှတ်(YGN 3P/9788) (ခေါင်းဖြူ/ဘော်ဒီခဲရောင်)(ဆီဘောက်ဆာတွဲယာဉ် ပေါ်မှ တရားမဝင်ပိတောက်ဓါးရွေ(၂၁၄)ချောင်း (၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအားစုံစမ်းရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၁၈-၁၂-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းသေကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အမရပူရမြို့နယ်၊ စစ်ကိုင်း-မြစ်ငယ်ကားလမ်း၊ စစ်ကိုင်းတံတားအဟောင်းအနီး၊ အိုးထုတ်တန်းလမ်းဆုံတွင် မော်တော်ယာဉ်အမှတ် (MDY 8G-7269) NISSAN UD (ဖြူစိမ်းကြား) ယာဉ်ပေါ်မှ တရားမဝင်အင်ခွဲသား (၂၅၁)ချောင်း (၁၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

Pages