၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီမှ ကော်မတီ၏ ဆောင်ရွက်ခဲ့ပြီးဖြစ်သော လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို ၇-၁၂-၂၀၂၀ ရက်နေ့ နေ့လည် ၀၂:၀၀ နာရီ တွင် Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်(သစ်တော) ဦးခင်မောင်ရီမှ အဖွင့်အမှာစကားပြောကြားပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် အရာထမ်းများ ၊ မြန်မာ့သစ်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့်အရာထမ်းများ၊ Prince Albert II of Monaco Foundation မှ ကိုယ်စားလှယ်များ၊ PEFC International နှင့် PEFC South-East Asiaမှ ဥက္ကဌနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံသစ်တောထောက်ခံချက်ပြုရေးကော်မတီ အဖွဲ့ဝင်များ၊ ဆက်စပ်အဖွဲ့အစည်းများ ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ဆွေးနွေးခဲ့ကြပါသည်.

၄-၁၂-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် သံတွဲမြို့နယ်၊ နယ်မြေရှင်းလင်းဆောင်ရွက်စဉ် သမုတ်ချောင်းလက်တက်နှင့် ပလိုင်းဝချောင်း အနီးနေရာတို့၌ တရားမဝင်တောင်သရက်သစ်/ခွဲသား (၄၅)လုံး/ချောင်း (၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၅-၁၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ်(ပူးတွဲ) ပင်လောင်းမြို့နယ်၊ ပေါင်းကြိုးဝိုင်းအကွက်အမှတ် (၁၅၃)အတွင်း တရားမဝင်အခြားသစ်လုံး/ခြမ်း/စိတ် (၁၁၉)လုံး ခန့်မှန်း(၁၀၀) တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၄-၁၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရပ်စောက်မြို့နယ်၊ တိုက်ခိုက်ရေးဗထူးတပ်မှ ဗိုလ်ကြီးရဲမင်းဇော်၊ စရဖတပ်မှ ဗိုလ်ကြီးသက်ဖုန်းနိုင်၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့နယ်၊ တပ်ကြီး-ဇလဲကျေးရွာသွားလမ်းတွင် မော်တော်ယာဉ်အမှတ် (SHN T/3067) NISSAN Diesel (၁၂)ဘီး (ဖြူနီရောင်) ယာဉ်ပေါ်မှ တရားမဝင်အင်သစ်(၃၁)လုံး (၉)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၅.၁၂.၂၀၂၀)ရက်နေ့ နံနက် ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ သစ်တောနှင့်ပတ်ဝန်း ကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်းသို့ရောက်ရှိခဲ့ပြီး ဘွဲ့နှင်းသဘင်ခန်းမတွင် တက္ကသိုလ်သင်ကြားရေး ဘာသာရပ် ဆိုင်ရာ ဆရာ/ ဆရာမများနှင့် တွေ့ဆုံခဲ့သည်။

၂-၁၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ မောက္ကတော်အဆိုပြုကြိုးပြင်ကာကွယ်တောနှင့် အင်တိုင်းကုန်းကြိုးဝင်းအတွင်းတို့မှ တရားမဝင် ကျွန်း/ သစ်ယာ/ သရက် (၁၂၇)ချောင်း (၃၃.၉၉၃၆)တန်အား ထွန်စက်နောက်တွဲ(၅)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂-၁၂-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သရက်မြို့နယ်၊ မြောက်မင်းတည်ရပ်ကွက် ဦးသိန်းလွင်၏ သစ်စက်ဝန်းအတွင်း မော်တော်ယာဉ်အမှတ် NISSAN DIESEL MGY(3C/5987) ဖြူပြာကြား (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား (၇၆)ချောင်း (၉.၄၉၂၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၁-၁၂-၂၀၂၀ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၂)သတင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်ကော်မြို့နယ်၊ ထေးငှားလျားကန်အနီး မော်တော်ယာဉ် အမှတ် (MDY 2B/8724) Nissan Desel UD (၁၀)ဘီး ခေါင်းအဖြူရောင် ယာဉ်ပေါ်မှ တရားမဝင် ကျွန်း/ ပိတောက်/ ကျွန်းတံခါးရွက်/ ကျွန်းပန်ပုရုပ်/ ကျွန်းဗုံတို/ ကျွန်းပင်စည်ပြား/ ကျွန်းမြစ်ဆုံ ခွဲသား / ချပ်/ ခု (၁၈၀) ချောင်း/ ချပ်/ ခု (၁.၉၃၃၅)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

Pages