၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၁-၇-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆောမြို့နယ်၊ ကြီးကျေးရွာအနောက်မြောက်ဘက်(၂)မိုင်(၃)ဖာလုံခန့်အကွာ ဒန့်ဒီးကြိုးဝိုင်းအကွက်အမှတ်(၂၆)အတွင်း တရားမဝင်ကျွန်းခွဲသား (၄၁)ချောင်း (၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၁-၇-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ ပိတ်ချင်းတောကြိုးပြင်ကာကွယ်တောအတွင်း တာယာဘီးတပ်လှည်း (၄)စီးနှင့်အတူ တရားမဝင်ပျဉ်းကတိုး/အင်/ကညင်/သစ်ယာသစ်/ခွဲသား (၆၆)လုံး/ချောင်း (၁၅)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၀-၇-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ စမြင်ကြီးကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင် ကျွန်းသစ်(၁၀)လုံး(၁၁)တန်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံ များအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိပါ သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၂၄-၇-၂၀၂၀ ရက်နေ့ နံနက်(၁၁း၀၀)နာရီ အချိန်တွင် သစ်တောဦးစီးဌာနနှင့် Worldview International Foundation(WIF) အဖွဲ့တို့ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံတွင် “ ဒီရေတော များပြန်လည်ထူထောင်ရေးအတွက် စွမ်းဆောင်ရည် တည်ဆောက်ခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်ခြင်းများနှင့် မျိုးသုဉ်းပျောက်ကွယ်နိုင်ခြေ ရှိသော သစ်ခွမျိုးစိတ်များထိန်းသိမ်းရေးစီမံကိန်း” စီမံကိန်း ကြီးကြပ်ရေးကော်မတီ၏ ပထမကြိမ်လုပ်ငန်းညှိုနှိုင်း အစည်းအဝေးကို ကျင်းပရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်မှ အဖွင့်အမှာ စကားပြောကြားပါသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ Worldview International Foundation(WIF) မှ ကိုယ်စားလှယ်များတက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

သစ်တောဦးစီးဌာနတွင်လစ်လပ်လျက်ရှိသော တောအုပ်ကြီးရာထူး(၄၂) နေရာအတွက်
လူတွေ့စစ်ဆေးမည့်အစီအစဉ် ကြေညာခြင်း

၁၉-၇-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မင်းကင်းမြို့နယ်၊ မြောက်ချွန်းရွာ၏ မြောက်ဘက်အနီးဝန်းကျင်နေရာများနှင့် သံပုရာရွာ၏ အနောက်ဘက်(၃)မိုင်ခန့်အကွာနေရာတို့၌ တရားမဝင်ပျဉ်းကတိုး/အင်/သစ်ယာ/ထောက်ကြန့်သစ် (၃၉)လုံး (၁၀)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၉-၇-၂၀၂၀ ရက်နေ့တွင် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် မတူပီမြို့နယ်၊ မတူပီ-ပလက်ဝကားလမ်း၊ မိုင်တိုင်အမှတ်(၄/၇)နှင့် (၅/၀)ကြားနေရာ၌ မော်တော်ယာဉ်အမှတ်(3N/6781) FORLAND ယာဉ်ပေါ်မှ တရားမဝင်သစ်ဖြူခွဲသား (၈၁)ချောင်း (၂)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၁-၇-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့နယ်၊ သဖန်းဆိပ်- ကင်းတပ်- ကန့်ဘလူလမ်း၊ အထက(၂)ကျောင်းရှေ့တွင် သုံးဘီးဆိုင်ကယ်(၄)စီးပေါ်မှ တရားမဝင် အင်ခွဲသား (၂၇၄)ချောင်း (၄)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

Pages