Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ဒီရေတောထိန်းသိမ်းရေး အသိပညာပေးဓာတ်ပုံပြိုင်ပွဲ ဆုရဓာတ်ပုံများ ထုတ်ပြန်ခြင်း
***********************************************************************
သစ်တောဦးစီးဌာနနှင့် ဒိန်းမတ်နိုင်ငံသံရုံးတို့ ပူးပေါင်းကျင်းပခဲ့တဲ့ ဒီရေတောထိန်းသိမ်းရေး အသိပညာပေး ဓာတ်ပုံပြိုင်ပွဲမှာ “ဒီရေတောနှင့် သဘာဝတောတောင်ရေမြေရှုခင်း/ ကမ်းရိုးတန်းရှုခင်း(Mangrove and Landscapes/ Seascapes)”ခေါင်းစဉ်ဖြင့် ဆုရ ပြိုင်ပွဲဝင်များ၏ ဓာတ်ပုံများကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဖော်ပြအပ်ပါသည်။
(၁) ပထမဆု - ပြည်စိုးထွန်း(ပန်းချီ)ကော့သောင်း
(၂) ဒုတိယဆု - ဒေါက်တာမြတ်ဇော်ဟိန်း
(၃) တတိယဆု - အောင်ရဲနိုင်(အမရပူရ)
(၄) နှစ်သိမ့်ဆု - ခွန်လတ်
(၅) နှစ်သိမ့်ဆု - မြင့်သန်း(ကျောက်ဆည်)
(၆) အထူးဆု- အောင်မြင့်ထွေး
ဒီရေတောနှင့် ကမ်းရိုးတန်းဂေဟစနစ်များရဲ့ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးဆိုင်ရာ အရေးပါမှု ကို ပြည်သူလူထုအကြား အသိစိတ်ဓာတ်နိုးကြားလာစေဖို့နဲ့ ဒီရေတောထိန်းသိမ်းရေးလုပ်ငန်း များမှာ ပြည်သူများက ပူးပေါင်းပါဝင်လာစေဖို့ ရည်ရွယ်ပြီး ဖိတ်ခေါ်ခဲ့တဲ့ “ဒီရေတော ထိန်းသိမ်းရေး အသိပညာပေး ဓာတ်ပုံပြိုင်ပွဲ”မှာ စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ပေးတဲ့ ပြိုင်ပွဲဝင်များကို ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
https://www.facebook.com/forestdepartment.gov.mm/photos/pcb.285294573160...

ဒီရေတောထိန်းသိမ်းရေး အသိပညာပေးဓာတ်ပုံပြိုင်ပွဲ ဆုရဓာတ်ပုံများ ထုတ်ပြန်ခြင်း
***********************************************************************
သစ်တောဦးစီးဌာနနှင့် ဒိန်းမတ်နိုင်ငံသံရုံးတို့ ပူးပေါင်းကျင်းပခဲ့တဲ့ ဒီရေတောထိန်းသိမ်းရေး အသိပညာပေး ဓာတ်ပုံပြိုင်ပွဲမှာ “ဒီရေတောနှင့် ကမ်းရိုးတန်းဒေသနေ ပြည်သူလူထုလူနေမှုဘဝ (Mangrove and Coastal Communities)”ခေါင်းစဉ်ဖြင့် ဆုရ ပြိုင်ပွဲဝင်များ၏ ဓာတ်ပုံများကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဖော်ပြအပ်ပါသည်။
(၁) ပထမဆု - မြင့်သန်း(ကျောက်ဆည်)
(၂) ဒုတိယဆု - ဒေါက်တာမြတ်ဇော်ဟိန်း
(၃) တတိယဆု - မိုးမင်းအောင်
(၄) နှစ်သိမ့်ဆု - ကျော်သူရ
(၅) နှစ်သိမ့်ဆု - ကျော်စိုးလှိုင်
(၆) အထူးဆု- ဝဏ္ဏဗိုလ်(ခ) ဓာတ်ပုံစူပါ
ဒီရေတောနှင့် ကမ်းရိုးတန်းဂေဟစနစ်များရဲ့ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးဆိုင်ရာ အရေးပါမှု ကို ပြည်သူလူထုအကြား အသိစိတ်ဓာတ်နိုးကြားလာစေဖို့နဲ့ ဒီရေတောထိန်းသိမ်းရေးလုပ်ငန်း များမှာ ပြည်သူများက ပူးပေါင်းပါဝင်လာစေဖို့ ရည်ရွယ်ပြီး ဖိတ်ခေါ်ခဲ့တဲ့ “ဒီရေတော ထိန်းသိမ်းရေး အသိပညာပေး ဓာတ်ပုံပြိုင်ပွဲ”မှာ စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ပေးတဲ့ ပြိုင်ပွဲဝင်များကို ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
https://www.facebook.com/forestdepartment.gov.mm/photos/pcb.285294419827...

ဒီရေတောထိန်းသိမ်းရေး အသိပညာပေးဓာတ်ပုံပြိုင်ပွဲ ဆုရဓာတ်ပုံများ ထုတ်ပြန်ခ

သစ်တောဦးစီးဌာနနှင့် ဒိန်းမတ်နိုင်ငံသံရုံးတို့ ပူးပေါင်းကျင်းပခဲ့တဲ့ ဒီရေတောထိန်းသိမ်းရေး အသိပညာပေး ဓာတ်ပုံပြိုင်ပွဲမှာ “ဒီရေတောနှင့် ဇီဝမျိုးစုံမျိုးကွဲ (Mangrove and Biodiversity)”ခေါင်းစဉ်ဖြင့် ဆုရ ပြိုင်ပွဲဝင်များ၏ ဓာတ်ပုံများကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဖော်ပြအပ်ပါသည်။
(၁) ပထမဆု- ခွန်လတ်
(၂) ဒုတိယဆု -ဒေါက်တာနေမျိုးရွှေ
(၃) တတိယဆု - ဦးမျိုးနိုင်
(၄) နှစ်သိမ့်ဆု - ဦးကျော်ထူးနိုင်
(၅) နှစ်သိမ့်ဆု - ဌေးအောင်
(၆) အထူးဆု- ပြည်စိုးထွန်း(ပန်းချီ)ကော့သောင်း
ဒီရေတောနှင့် ကမ်းရိုးတန်းဂေဟစနစ်များရဲ့ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးဆိုင်ရာ အရေးပါမှု ကို ပြည်သူလူထုအကြား အသိစိတ်ဓာတ်နိုးကြားလာစေဖို့နဲ့ ဒီရေတောထိန်းသိမ်းရေးလုပ်ငန်း များမှာ ပြည်သူများက ပူးပေါင်းပါဝင်လာစေဖို့ ရည်ရွယ်ပြီး ဖိတ်ခေါ်ခဲ့တဲ့ “ဒီရေတော ထိန်းသိမ်းရေး အသိပညာပေး ဓာတ်ပုံပြိုင်ပွဲ”မှာ စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ပေးတဲ့ ပြိုင်ပွဲဝင်များကို ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
https://www.facebook.com/forestdepartment.gov.mm/photos/pcb.285293292160...

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ သုတေသနအကြံပေးကော်မတီ( Research Advisory Committee) ပထမအကြိမ် အစည်းအဝေးကို(၄-၁၂-၂၀၂၀) ရက်နေ့(သောကြာနေ့)၊ နံနက်(၀၉:၃၀)နာရီတွင် Virtual Meeting ဖြင့်ကျင်းပပြုလုပ်ရာ သုတေသနအကြံပေးကော်မတီ ဥက္ကဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာရဲမြင့်ဆွေမှ အဖွင့်အမှာစကား ပြောကြားပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၄၇.၈၀၅၀)တန်၊ သစ်မာ (၆၇.၃၄၁၆)တန်၊ အခြား (၂၈၅.၆၀၃၂)တန်၊ စုစုပေါင်း(၄၀၀.၇၄၉၈)တန်၊ တရားခံ(၄၃)ဦး၊ယာဉ်/ယန္တရား(၂၃)စီး ဖမ်းဆီး ရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၉-၁၁-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ဘောမိဘိနယ်ရှိ အိုးလုပ်ချောင်း/ ကျောက်တလုံးချောင်း ဆုံ/ ကျောက်တလုံးချောင်းဖျား နေရာတို့မှ တရားမဝင် ဘောင်ဆန့်/တောင်သရက် ခွဲသား (၅၉၄)ချောင်း (၉၄.၁၇၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

၃၀-၁၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တိုင်းဒုစရိုက်နိမ်နင်းရေးမှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါက်ခေါင်းမြို့နယ်၊ ပေါင်းတည်ခရိုင်ချင်းဆက်လမ်း၊ မိုင်တိုင်အမှတ် (၂၅/၁ နှင့် ၂၅/၂)အကြားတွင် မော်တော်ယာဉ်(၂)စီးနှင့်အတူ တရားမဝင်ကျွန်း/လုံးပတ်၃ပေအောက်ကျွန်းသစ် (၂၃)လုံး (၁.၂၃၄၀)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၃၀-၁၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မင်းကင်းမြို့နယ်၊ စမြင်ကျေးရွာ၏ တောင်ဘက်(၁)မိုင်ခန့်အကွာ၊ ပိတ်ချင်းတောကြိုးပြင်ကာကွယ်တောအတွင်းမှ တရားမဝင် ကျွန်း/ သစ်ယာခွဲသား (၁၁၂)ချောင်း (၁၂.၇၇၂၇)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၉-၁၁-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ အိုးလုပ်ချောင်းနှင့် ကျောက်တလုံး ချောင်းအနီးတစ်ဝိုက်နေရာတို့မှ တရားမဝင် ဘောင်ဆန့်/ တောင်သရက်ခွဲသား (၅၉၄)ချောင်း (၉၄.၁၇၄၀)တန် ဖမ်းဆီးစဉ် ပိုင်ရှင်မပါရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages