Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၄-၁၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရပ်စောက်မြို့နယ်၊ တိုက်ခိုက်ရေးဗထူးတပ်မှ ဗိုလ်ကြီးရဲမင်းဇော်၊ စရဖတပ်မှ ဗိုလ်ကြီးသက်ဖုန်းနိုင်၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့နယ်၊ တပ်ကြီး-ဇလဲကျေးရွာသွားလမ်းတွင် မော်တော်ယာဉ်အမှတ် (SHN T/3067) NISSAN Diesel (၁၂)ဘီး (ဖြူနီရောင်) ယာဉ်ပေါ်မှ တရားမဝင်အင်သစ်(၃၁)လုံး (၉)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၅.၁၂.၂၀၂၀)ရက်နေ့ နံနက် ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ သစ်တောနှင့်ပတ်ဝန်း ကျင်ဆိုင်ရာ တက္ကသိုလ်၊ ရေဆင်းသို့ရောက်ရှိခဲ့ပြီး ဘွဲ့နှင်းသဘင်ခန်းမတွင် တက္ကသိုလ်သင်ကြားရေး ဘာသာရပ် ဆိုင်ရာ ဆရာ/ ဆရာမများနှင့် တွေ့ဆုံခဲ့သည်။

၂-၁၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ မောက္ကတော်အဆိုပြုကြိုးပြင်ကာကွယ်တောနှင့် အင်တိုင်းကုန်းကြိုးဝင်းအတွင်းတို့မှ တရားမဝင် ကျွန်း/ သစ်ယာ/ သရက် (၁၂၇)ချောင်း (၃၃.၉၉၃၆)တန်အား ထွန်စက်နောက်တွဲ(၅)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂-၁၂-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သရက်မြို့နယ်၊ မြောက်မင်းတည်ရပ်ကွက် ဦးသိန်းလွင်၏ သစ်စက်ဝန်းအတွင်း မော်တော်ယာဉ်အမှတ် NISSAN DIESEL MGY(3C/5987) ဖြူပြာကြား (၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား (၇၆)ချောင်း (၉.၄၉၂၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၁-၁၂-၂၀၂၀ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၂)သတင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်ကော်မြို့နယ်၊ ထေးငှားလျားကန်အနီး မော်တော်ယာဉ် အမှတ် (MDY 2B/8724) Nissan Desel UD (၁၀)ဘီး ခေါင်းအဖြူရောင် ယာဉ်ပေါ်မှ တရားမဝင် ကျွန်း/ ပိတောက်/ ကျွန်းတံခါးရွက်/ ကျွန်းပန်ပုရုပ်/ ကျွန်းဗုံတို/ ကျွန်းပင်စည်ပြား/ ကျွန်းမြစ်ဆုံ ခွဲသား / ချပ်/ ခု (၁၈၀) ချောင်း/ ချပ်/ ခု (၁.၉၃၃၅)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁-၁၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ပလ္လင်ကြိုးဝိုင်းနှင့် ရွှေကျင်ကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ သစ်ယာ/ ကညင်သစ်/ခွဲသား (၁၀၂)လုံး/ချောင်း (၂၄.၇၂၉၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁-၁၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ကျွန်းလှမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်းထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေ ဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့သည် ကျွန်းလှမြို့နယ်၊ ယဘင်းကြိုးဝိုင်း အကွက်အမှတ်(၃၃)၊ ပြောင်သွယ် ကြိုးဝိုင်းအကွက်အမှတ်(၆၃)၊ မိုင်းဝန်းကြိုးဝိုင်းအကွက်အမှတ် (၁၁၆) အတွင်းတို့မှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ သစ်ယာ/ အင်/ယမနေ သစ်/ခွဲသား/ခွဲခြမ်း (၉၆၇)လုံး/ ချောင်း/ ခြမ်း (၂၁.၀၆၁၄)တန်အား သစ်စက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၂၉-၁၁-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ အဖွဲ့သည် လယ်ဝေးမြို့နယ်၊ လယ်ဝေး-ကံလှ-ကံသာ-ဝင်တဲကူ-သစ်ပုတ်ပင်သွား ဖွံ့ဖြိုးရေးလမ်းဘေး၊ ရှမ်းစုရွာအရှေ့ဘက်နှင့် ကံလှ ကျေးရွာအနီးနေရာတို့မှ တရားမဝင် ကျွန်းသစ်/ လုံးပတ်၃အောက်ကျွန်းသစ် (၅၅)လုံး (၂.၃၁၆၀) တန်အား ဆိုင်ကယ်(၁၁)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ် ၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages