Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၇-၇-၂၀၂၀)ရက်နေ့မှ (၂-၈-၂၀၂၀) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၅၇.၈၅၆၈)တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၂၆.၅၃၉၆)တန်၊ သစ်မာ (၂၉.၇၉၆၈)တန်၊ အခြား (၅၅.၈၅၀၀)တန်၊ စုစုပေါင်း(၂၁၂.၁၈၆၄)တန်၊ တရားခံ(၃၂)ဦး၊ယာဉ်/ယန္တရား(၂၉)စီး ဖမ်းဆီး ရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၃၀-၇-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းဘိနယ်၊ စိန်ကန့်လန့်-မြို့ချောင်း ကားလမ်း၊ မိုင်တိုင် (၄၄/၂)၊ မိုင်တိုင်(၄၃/၅)၊ မိုင်တိုင်(၄၄/၄)၊ မိုင်တိုင်(၄၃/၃)၊ ရဲနွယ်ကြိုးဝိုင်းအကွက်(၇၁)မှ လည်းကောင်း၊ မိုင်တိုင်(၄၇/၆)၊ ရဲနွယ်ကြိုးဝိုင်းအကွက်(၇၈)နှင့် မိုင်တိုင်(၄၆/၀)၊ ရဲနွယ်ကြိုးဝိုင်း အကွက်(၇၆) အတွင်းတို့မှလည်းကောင်း တရားမဝင် ကျွန်း/ပျဉ်းကတိုး ခွဲသား (၂၈၄)ချောင်း (၂၀.၃၀၉၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၅-၈-၂၀၂၀ ရက်နေ့ (၀၉:၃ဝ)နာရီအချိန်တွင် သစ်တောဦးစီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းများဆိုင်ရာ စီမံကိန်းလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ(Project Monitoring Committee-PMC)၏ ၁/၂၀၂၀ကြိမ်မြောက်အစည်းအဝေးကိုကျင်းပရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ အဖွင့်အမှာစကား ပြောကြားပါသည်။ အစည်းအဝေးအခမ်းအနားသို့ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ၊ သစ်တောဦးစီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းများဆိုင်ရာ စီမံကိန်းတာဝန်ခံများတက်ရောက်ဆွေးနွေးကြပါသည်။

သစ်တောဦးစီးဌာနတွင် လစ်လပ်မည့် ဦးစီးအရာရှိ(သစ်တော)ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထား ပေးရန်အတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်၊ စာစစ်ဌာနများနှင့် ခုံအမှတ်များ ကြေညာခြင်း

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၁-၇-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ဘုရားကြီး-ဇောင်းတူကားလမ်း မိုင်တိုင်အမှတ် (၂၆/၅)၊ မကျီးခုံကျေးရွာ၊ သင်္ချိုင်းကုန်းအနီး မော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင် ကျွန်းခွဲသား (၃၃)ချောင်း (၂)တန်၊ ပေါင်(၉၀)ဝင် မီးသွေး (၂၄)အိတ် (၈)တန်၊ (၃)ဘီးတပ်သစ်တင် လက်တွန်းလှည်း (၃)စီးတို့အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၁-၇-၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သထုံမြို့နယ်၊ ဈေးမသွယ်အောက်ကျေးရွာအုပ်စု၊ အင်းဝိုင်းရွာလေးကျေးရွာ၊ သဲအိမ်-မုတ္တမခရိုင်ချင်းဆက်လမ်းမ မော်တော်ယာဉ်အမှတ် (YGN-2E/8612)Nissan Caravan ခဲရောင် (၄)ဘီး ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၃၅)ချောင်း (၂)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၃၁-၇-၂၀၂၀ ရက်နေ့မှ ၁-၈-၂၀၂၀ ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝန်းသိုမြို့နယ်၊ တပ်လွင်ကြိုးဝိုင်း (၇၉)နေရာနှင့် ညောင်ပင်သာကြိုးပြင် ကာကွယ်တောနေရာတို့မှ တရားမဝင် ကျွန်း သစ်/ခွဲသား (၉၆)လုံး/ချောင်း (၁၂)တန်၊ ချန်ချိုင်း(၂၅)ကောင် အင်ဂျင် (၁)လုံး၊ လွှဝိုင်း (၁)ဝိုင်းနှင့်ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှ တွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃၀-၇-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ စိန်ကန့်လန့်-မြို့ချောင်းကားလမ်းအနီးဝန်းကျင်၊ ရဲနွယ်ကြိုးဝိုင်း အကွက်အမှတ် (၇၁၊၇၆၊၇၈)နေရာတို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး ခွဲသား (၂၈၄)ချောင်း (၂၀)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages