Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၉-၈-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါက်မြို့နယ်၊ အမှတ်(၃)ဘိနယ်၊ တန့်ကြီးတောင် ကြိုးဝိုင်း၊ အကွက်အမှတ်(၅၆)အတွင်း တရားမဝင်ကျွန်း/ပျဉ်းကတိုး/အင်ကြင်းခွဲသား (၁၁၆)ချောင်း (၁၄)တန်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၉-၈-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကြာညှပ်ဘိနယ်၊ ဧရာဝတီမြစ်အနောက်ဘက်လမ်း၊ လယ်ကြီးစခန်းမှ တရားမဝင် ကညင်သစ်(၁၅)လုံး (၄၆)တန်ခန့်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၈-၈-၂၀၂၀ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများ၊ ခမရ(၅၃၀)ဒုတိယဗိုလ်မှူးကြီး မြတ်မင်းသူ ဦးစီးသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်ကော်မြို့နယ်၊ တွဲဖက်ရှားတောမြို့နယ်၊ ရှမ်းကယားနယ်စပ်တင်လွယ်ကျေးရွာ၏ မြောက်ဘက်(၁)မိုင်ခွဲ ခန့်အကွာနေရာ၌ တရားမဝင်ပိတောက်သစ်(၅၇၄)လုံး (၁၁၅)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၈-၈-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊မကျီးချောင်းအတွင်းတရားမဝင်လင်းလွန်း/သစ်ပုတ်/ ကလော/တောင်ပိန်း/ နဘဲ/မကျီးပွေး/ကြက်မောက်/ဖန်ခါး/ကြက်လျှော်/မအူ/တောင်နဂျီ/ဖန်ခါး/မဒေါ့/သစ်တို/သရက်/ သစ်ပျောက်/ မျောက်အုန်း/ဒီးဒူး/ တောင်သရက်သစ်(၁၀၁)လုံး (၁၆)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၁၉၉၅ ခုနှစ်၊ မြန်မာ့သစ်တောမူဝါဒတွင် နိုင်ငံဧရိယာ၏ (၅%) ကိုလည်းကောင်း၊ အမျိုးသား သစ်တောကဏ္ဍပင်မစီမံကိန်း (၂၀၀၁-၂၀၀၂ မှ ၂၀၃၀-၂၀၃၁ အထိ) တွင် နိုင်ငံ့ဧရိယာ၏ (၁၀%) ကိုလည်းကောင်း သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် ဖွဲ့စည်းနိုင်ရမည်ဟုဖော်ပြပါရှိရာ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လအထိ သတ်မှတ်ဖွဲ့စည်းပြီး သဘာဝထိန်းသိမ်းရေးနယ်မြေ (၄၆) ခု၊ (၁၅,၈၈၉.၈) စတုရန်းမိုင်၊ နိုင်ငံ့ဧရိယာ၏ (၆.၀၈ %) နှင့် သတ်မှတ်ဖွဲ့စည်းရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ထားသည့် သဘာဝထိန်းသိမ်းရေးနယ်မြေ (၂၇) ခု၊ (၄,၀၇၈.၀၇) စတုရန်းမိုင်၊ နိုင်ငံ့ ဧရိယာ၏ (၁.၅၆%) ရှိပါသည်။

၁၈-၈-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လိုက်မြို့နယ်၊ ယူးချောင်းအရှေ့ဘက်(၁)ဖာလုံခန့်အကွာနှင့် ဒလိမ်းချောင်းအတွင်း နေရာတို့မှ တရားမဝင် ကျွန်းသစ် (၂၀)လုံး (၆)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိတည်နေရာအနီးတွင် တွေ့ရှိရသော သစ်စက်ဝိုင်းခုံအား မီးရှို့ဖျက်ဆီးခြင်းနှင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၈-၈-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်ခွဲ၊ လားရှိုး-မူဆယ်ပြည်ထောင်စုကားလမ်းမကြီး၊ ကောင်းဟော်ကျေးရွာအနီးနေရာ၌ မော်တော်ယာဉ်အမှတ် (BGO 7N/1185) (FUSO) (၁၂)ဘီး ဆီဘောက်ဆာယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၂၃၅)ချောင်း (၇)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၈-၈-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်၊ သစ်တောဦးစီးဌာန အုပ်ချုပ်မှုအောက်ရှိ ဒဂုံဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုံအပိုင်း(၂)၊ လှသိင်္ဂီလမ်း၊ အမှတ်(၅၄)ရှိ သစ်စက်ဝန်းအတွင်း ပျဉ်းကတိုးခွဲသား (၁၃၈)ချောင်း (၇)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

Pages