Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၀၇.၁၃၂၄)တန်၊ သစ်မာ (၄၆.၇၀၀၀)တန်၊ အခြား (၂၂၈.၀၀၅၅)တန်၊ စုစုပေါင်း(၃၈၁.၈၃၇၉)တန်၊ တရားခံ(၆၂)ဦး၊ ယာဉ်/ယန္တရား(၃၃)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၄-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်ပြင်မြို့နယ်၊ သရောင်းဘိနယ်၊ အရှေ့မြင်သာကျေးရွာ၏ အရှေ့ ဘက်(၄)မိုင်ခန့်အကွာ၊ နန်းပလင်ချောင်းအနီးမှ တရားမဝင် အင်/ကညင် သစ်လုံး/ခွဲသား (၃၉၆)လုံး/ချောင်း (၃၆.၉၉၁၂)အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှုဖြစ်ပါသည်-

၂၆-၉-၂၀၂၀ ရက်နေ့နှင့် ၂၇-၉-၂၀၂၀ ရက်နေ့တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မင်းကင်းမြို့နယ်၊ ဆင်မခွချောင်းဘေးနှင့် ပျဉ်တောရွာအနောက်မြောက်ဘက်(၅)ဖာလုံခန့်အကွာနေရာ၊ ရှဲကျေးရွာ၏ မြောက်ဘက်နှင့် သေမသောက်ကျေးရွာတို့၏ အနောက်ဘက်ပိတ်ချင်းတောကြိုးပြင် ကာကွယ်တောအတွင်းနေရာတို့တွင် တရားမဝင်ပျဉ်းကတိုး/ကညင်/အင်/သရက်/ထောက်ကြံ့သစ်/ခြမ်း (၁၂၄)လုံး/ခြမ်း (၃၂.၄၈၆)တန်နှင့် တာယာဘီးတပ်လှည်း(၁)စီးတို့အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၆-၉-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာအနီးတွင်မော်တော်ယာဉ်အမှတ်(4I/5775)FAW(အဖြူရောင်)ယာဉ်ပေါ်မှတရားမဝင်ကျွန်းသစ် (၁၃)လုံး (၂.၄၁၈)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၆-၉-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်၍ သံတွဲ/တောင်ကုတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိများပါဝင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တောင်ကုတ်မြို့နယ်၊ ပန်းတောင်း-တောင်ကုတ် ကားလမ်းမိုင်တိုင်အမှတ်(၅၂/၀)၊ လက်ယာဘက်ခြမ်း (ဒေသအခေါ်-သပြေပေါက်)အတွင်း တရားမဝင် စကားဝါ/ကညင်ခွဲသား (၁၆၄)ချောင်း (၁၄.၈၂၃၄)တန်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၆-၉-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးကားလမ်း မိုင်တိုင်အမှတ်(၂၄/၀)အနီးရှိ နေအိမ်ခြံဝင်းအတွင်း မော်တော်ယာဉ်အမှတ်(MDY 3J/2293) GOVZCT (အနီရောင်)ယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား (၃၅)ချောင်း (၂.၂၄၅)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်း မရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၅-၉-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တံခါး မြို့နယ်၊ စိန်ကန့်လန့်-မြို့ချောင်းကားလမ်း မိုင်တိုင်အမှတ်(၇၀/၃)မှ လမ်းဘယ်ဘက်သို့ (၁)ဖာလုံခန့်အကွာ၊ မြို့ချောင်းရွာမကျေးရွာအနီးတောစပ်၊ မြို့ချောင်းရွာမခြံဝန်းများအတွင်းနှင့်မြို့ချောင်းရွာမသင်္ချိုင်းကုန်းအနီး နေရာများမှ တရားမဝင်ကျွန်း/ပျဉ်းကတိုး/ တောင်ပိန်း/ သင်္ဂဒူသစ်/ခွဲသား (၈၇၄)ချောင်း (၂၄.၇၃၆၆)တန် အား တရားခံ(၁၅)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၅-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ မဲဇာချောင်းအတွင်း၊ ဒိုးပင်ရွာအနီးတွင် တရားမဝင်ကျွန်းသစ်(၉)လုံး (၁.၂၉၈)တန်၊ (၃)ပေအောက်ကျွန်းသစ်(၄၁)လုံး (၃.၈၆၈)တန် စုစုပေါင်း (၅.၁၆၆)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၄-၉-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အုတ်တွင်း/ဖြူးမြို့နယ်၊ သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိများနှင့် သစ်တောဝန်ထမ်းများ၊ သီရိဘက်စုံကုမ္ပဏီမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည်အုတ်တွင်းမြို့နယ်၊ခပေါင်းကြိုးဝိုင်းအကွက်အမှတ်(၆၅၊၁၁၁)အတွင်းတရားမဝင်ကျွန်းသစ်/ခွဲသား/ခွဲခြမ်း(၉၀)လုံး/ချောင်း/ခြမ်း(၁၁.၁၉၁၂)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှ တွေ့ရှိခြင်း မရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages