Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁၉-၉-၂၀၂၀ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးမောင်မောင်ဦးပါ ရဲတပ်ဖွဲ့ဝင်များ၊ အထူးစုံစမ်းစစ်ဆေးရေးဌာနမှ ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့ဝင်များနှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သောအဖွဲ့သည် ပဲခူးမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၆၁/၇)နှင့် (၆၂/၀)ကြား ရွှေသံလွင်တိုးဂိတ်နေရာ၌ မော်တော်ယာဉ်အမှတ် (YGN 1B/7428) NISSAN Diesel (၆)ဘီးအစိမ်းရောင်ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၄၄)ချောင်း (၁၃)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁၈-၉-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဂန့်ဂေါမြို့နယ်၊ ကျောမြို့၊ လယ်ဓမ္မကျေးရွာ၏ အရှေ့ဘက်(၁)မိုင်ခန့်အကွာ ဂန့်ဂေါ-ပုလဲ ကားလမ်းမိုင်တိုင်အမှတ်(၆၉/၇)အနီးနေရာ၌ မော်တော်ယာဉ်အမှတ် (SHN 4C/2473) DONG FENG အနီရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ကျွန်း/ပျဉ်းကတိုး/အင်ကြင်းခွဲသား (၄၀)ချောင်း (၄)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၈-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ သည် ကျွန်းလှမြို့နယ်၊ မဒေါင် - ဆွဲလှည်းသွားကားလမ်း၊ ဆွဲလှည်းရွာအနောက်မြောက်ဘက်(၄)မိုင်ခန့် အကွာ (ဒေသအခေါ်) ဒေါ်စီခုံအနီးနေရာများမှ တရားမဝင် အင်ခွဲသား (၃၉၁)ချောင်း(၇)တန်၊ သုံးဘီးယာဉ် (၃)စီးတို့အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၁၇-၉-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် လယ်ဝေးမြို့နယ်၊ လယ်ဝေး-ကံလှ-ကံသာ-ဝင်တဲကူး-သစ်ပုတ်ပင်လမ်းဘေး၊ စမ်းလေးသုဿာန်အနီးနေရာ၌ မော်တော်ဆိုင်ကယ်(၈)စီးနှင့်အတူ တရားမဝင် (၃)ပေအောက် ကျွန်းသစ်(၄၉)လုံး (၁.၆၉၀၀)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၇-၉-၂၀၂၀ ရက်နေ့တွင် တပ်မတော်(ရေ)မှ ဗိုလ်ကြီးတင်မျိုးအောင်ပါ တပ်မတော်သားများအဖွဲ့သည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ ကလိန်တောင်မြစ်အတွင်း သစ်သားကိုယ်ထည်စက်လှေ(၁)စီးပေါ်မှ တရားမဝင်ကညင်/စကားခွဲသား (၁၉၈)ချောင်း (၄၃.၇၆၄၂)တန်အား တရားခံ(၆)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တောင်ကုတ်မြို့နယ်၊ သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံလာပါ၍ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၁၇-၉-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ဆော-ပခုက္ကူ ကားလမ်းဆုံ၊ မိုင်တိုင်အမှတ်(၁၀/၂)နေရာ၌ မော်တော်ယာဉ်အမှတ် (YGN 4L/5946) HONDA AIRWAVE (ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၁၀၃)ချောင်း (၀.၅၃၆၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး တရားခံအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၁၈-၉-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဟင်္သာတ ခရိုင် သစ်ထုတ်ရေးဒေသမှ ဆင်ဆရာဝ န်၊ ဆင်အုပ်နှင့် မျှင်ဝါးတောင်ကျေးရွာအုပ်စု၊ ငါဘတ်ကျကျေးရွာ အုပ်စုတို့၏ အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကြိုးဝိုင်း အကွက်(၅၀)၊ ဒေသအခေါ် ခွေးပိချောင်းနေရာမှ တရားမဝင်ဆင်အရေပြားအစို (၆၀)ချပ် (၁၅)ပိဿာအား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၇-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများသည် ဘုတလင်မြို့နယ်၊ ချင်းတွင်းမြစ် အတွင်း၊ ရွှေစာရေးကျေးရွာအနီးတွင် တရားမဝင် အခြားသစ်ခွဲသားမျိုးစုံ (၁၂)တန်ခန့်၊ မော်တော်(၁)စီးနှင့်အတူ တရားခံ(၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

Pages