၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၂-၅-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ့သစ်လုပ်ငန်း အကွက်(၁၉)ဆင်ဝိုင်းမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဂန့်ဂေါမြို့နယ်၊ လောင်ထောင်ကြိုးဝိုင်းအကွက်အမှတ်(၁၉)အတွင်း တရားမဝင်ကျွန်းသစ်(၄၄)လုံး (၁၅.၁၆၈၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၂-၅-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ ဗိုလ်မြတ်ထွန်းတံတား(Toll Gate)အနီး၊ ရဲကင်းရှေ့၊ မိုင်တိုင်အမှတ်(၄၃/၃)နှင့် (၄၃/၄)ကြားနေရာ၌ မော်တော်ယာဉ်အမှတ် (4K/6997) NISSAN Condor (ဖြူ/ခဲရောင်) ယာဉ်ပေါ်မှ တရားမဝင်တောင်သရက်ခွဲသား (၃၇၈)ချောင်း (၅.၀၁၁၂)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၁-၅-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ စုံစမ်းစစ်ဆေးရေးဌာနမှ ဦးစီးအရာရှိနှင့် ပုသိမ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ ကြက်တူရွေးကျေးရွာ၊ ကြက်တူရွေးချောင်းဘေးနေရာများ၌ တရားမဝင်ဘောင်ဆန့်ခွဲသား (၆၅၀)ချောင်း (၇.၅၁၅၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၃-၅-၂၀၂၀ ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်း (၅)ဦး နှင့် ကျောက်ဖြူကျေးရွာ တာဝန်ခံ ပါ(၂)ဦးတို့ပါဝင်သောအဖွဲ့သည် နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာ ဇရပ်ကွင်း(မြောက်)ဘိနယ်၊ ချောင်းကြီးကြိုးဝိုင်း၊ အကွက်အမှတ်(၃၂)၊ ကျောက်ဖြူကျေးရွာ၏အရှေ့မြောက်ဘက်(၁)မိုင်ခန့်အကွာနေရာမှ တရားမဝင် ကညင်သစ် (၁၁)လုံး (၁၁.၅၅၄)တန်နှင့်မအူသစ် (၃)လုံး (၅.၁၆၈)တန်၊ စုစုပေါင်း (၁၄)လုံး (၁၆.၇၂၂)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီးတရားခံများအားရှာဖွေဖော်ထုတ်၍ သစ်တောဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မကွေးတိုင်းဒေသကြီး၊သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူး၏သတင်းချပြချက်အရ သရက်ခရိုင်၊ လ/ထညွှန်ကြားရေးမှူး၏ ကြီးကြပ်မှုဖြင့်၂၃-၅-၂၀၂၀ ရက်နေ့ တွင် ဆင်ပေါင်ဝဲမြို့နယ်ဦးစီးအရာရှိပါဝန်ထမ်း(၄)ဦး၊အောင်လံမြို့နယ်ဦးစီးအရာရှိပါဝန်ထမ်း(၅)ဦး၊သရက်ခရိုင်စစ်ကြောင်းအဖွဲ့မှတောအုပ်ကြီးပါ(၄)ဦး၊ဆင်ပေါင်ဝဲနှင့်အောင်လံမြို့နယ်မှသစ်တောရဲ(၄)ဦးစုစုပေါင်း(၁၇)ဦး စုဖွဲ့၍ အောင်လံမြို့နယ်အရှေ့ရိုးမကြိုးဝိုင်း၊အကွက်အမှတ်(၄၇)၊ဒေသအခေါ်သရက်မြောင်အတွင်းနယ်မြေရှင်းလင်းဆောင်ရွက်ရာ၊ပျဉ်းကတိုးခွဲသား ၁၇၁ ချောင်း၊ (၂၈.၆၅၉၀)တန် နှင့် ဒေသအခေါ်မောင်းတီးကြီးချောင်းအတွင်းအကွက်အမှတ်(၄၅) တွင် ကျွန်းခွဲသား ၂၇ ချောင်း (၂.၅၁၁၆)တန်၊ စုစုပေါင်း ကျွန်း၊ ပျဉ်းကတိုးခွဲသား ၁၉၈ ချောင်း(၃၁.၁၇၀၆)တန်အားဖမ်းဆီးရမိခဲ့ပြီးတရားခံများအားရှာဖွေဖော်ထုတ်၍ သစ်တောဥပဒေနှင့်အညီထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂၃-၅-၂၀၂၀ ရက်နေ့တွင် ပဲခူးမြို့နယ်သစ်တောဦးစီးဌာန မှ တောအုပ်ကြီး ဦးစောအယ်ကလူစိုးမိုး ဦးဆောင်သော သစ်တောဝန်ထမ်း(၃)ဦး၊ ဇီးတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ပါဝင်သော အဖွဲ့သည် ဇီးတောကျေးရွာအနောက်တောင်ဘက် ဒေသအခေါ်၊ (အင်းဇောင်း)နေရာမှ တရားမဝင်ကျွန်းသစ်ခွဲသား ၇၀ ချောင်း (၈.၅၄၃၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ရှာဖွေဖော်ထုတ်၍ သစ်တောဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

CMRS သတင်းအရ ၂၃-၅-၂၀၂၀ ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီး၊ညွှန်ကြားရေးမှုး၏ ကြီးကြပ်မှုဖြင့် ပုသိမ်ကြီးမြို့နယ် ဦးစီးအရာရှိ ဦးဆောင်သော ဝန်ထမ်း ၇ ဦး ပါ တိုင်းစစ်ကြောင်း အဖွဲ့သည် စဥ့်ကူးမြို့နယ်၊ဆည်တော်ကြီးဆည်အတွင်း တရားမဝင်သစ်များ ဖော်ထုတ်ဖမ်းဆီးရာ နေ ရာ ၇ နေရာမှ ကျွန်းခွဲသား/လုံး/ ချောင်း (၆၀)လုံး/ချောင်း (5.9944 )တန် ၊သစ်မာ/အခြားသစ် (၈၂)လုံး( ၁၁.၃၂၆၈)တန် ၊ သစ်မာ/ အခြားသစ် (၅၅)လုံး(၂၁.၀၇)တန် စုစုပေါင်း (၃၈. ၃၉၁၂)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်ရှာဖွေရာ ရေ ထဲရှိအခြား သစ်လုံး/တိုင်( ၅၀)ခန့်အား ဖမ်းဆီးရမိခဲ့ပြီးဆက်စပ်ပတ်သက်သောတရားခံများအားဖော်ထုတ် ၍ သစ်တောဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂၃-၅-၂၀၂၀ ရက်နေ့တွင် ကလေးမြို့နယ်၊သစ်တောဦးစီးဌာန မှ ဦးစီးအရာရှိဦးဆောင်၍ သစ်တောဝန်ထမ်း(၈)ဦးဖြင့် ဘုန်းကြိုးဝိုင်းအတွင်း တရားမဝင်သစ်ရှာဖွေဖမ်းဆီးရာမြောက်ပိုင်းဘိနယ်၊ ၅၅မိုင်ကျေးရွာ၊အရှေ့မြောက်ဘက်(၃)ခန့်အကွာ ဘုန်းကြိုးဝိုင်း၊ အကွက်အမှတ်-(၆၉) အတွင်းမှတရားမဝင် ကျွန်းသစ် ၈ လုံး (၃.၇၃၄)တန်၊ ပျဉ်းကတိုးသစ် ၄ လုံး (၁.၃၃၈) တန်၊ စုစုပေါင်း ကျွန်း/ပျဉ်းကတိုးသစ် ၁၂ လုံး၊ (၅.၀၇၂)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်၍ ရှာဖွေရာ (၁၉:၃၀)နာရီအချိန်တွင် တရားမဝင် ကျွန်းသစ် ၁၈ လုံး(၆.၈၇၈)တန်၊ ပျဉ်းကတိုးသစ် ၆ လုံး(၁.၉၄၀)တန်၊ စုစုပေါင်း ကျွန်း/ပျဉ်းကတိုးသစ် ၂၄ လုံး၊ (၈.၈၁၈)တန်အား ထပ်မံဖမ်းဆီးရမိခဲ့ပြီး တရားခံများအားစုံစမ်းရှာဖွေဖော်ထုတ်၍ သစ်တောဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Pages