၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၃၀-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ တန့်ဆည်မြို့နယ်၊ မင်းကင်းမြို့နယ်၊ ကလေးဝမြို့နယ်၊ ပုလဲမြို့နယ်နှင့် မော်လိုက်မြို့နယ်တို့မှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ခိုးထုတ်သယ်ဆောင်ရောင်းဝယ်မှုမရှိစေရေးအတွက် ရှာဖွေဖော်ထုတ် ဖမ်းဆီးလျက်ရှိရာ မော်လိုက်မြို့နယ်၊ ဖုန်းသုန်းကြိုးဝိုင်း အကွက်မှတ်(၉၉၊ ၁၀၆)အတွင်းမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/သစ်ယာ/ စကားဝါ/ကညင် သစ်/ခွဲသား (၁၈၈)လုံး/ချောင်း (၁၄.၅၀၄၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှ တွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၉-၁၀-၂၀၂၀ ရက်နေ့တွင် စစ်တွေမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခလရ(၂၃၂)မှ ယာယီ တပ်ရင်းမှူး ပါဝင်သော တပ်မတော်သားများ၊ မြန်မာနိုင်ငံရပ်တပ်ဖွဲ့များ၊ ရေကြောင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ရင်းအမှတ်(၁၂)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်တွေမြို့နယ်၊ အုန်းတပင်ရပ်ကွက်၊ ဆတ်ရိုးကျချောင်းအတွင်း စက်လှေ(၁)စီးပေါ်မှ တရားမဝင် တောင်သရက်ခွဲသား (၁၉၉)ချောင်း (၁၁.၂၇၆၂)တန်အား တရားခံ(၅)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၃၀-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ တန့်ဆည်မြို့နယ်၊ မင်းကင်းမြို့နယ်နှင့် ပုလဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ရွှေကျင်ကြိုးဝိုင်းအကွက်အမှတ်(၂၉)အတွင်းမှ တရားမဝင် အင်/ ကညင်သစ် (၁၂)လုံး (၁၅.၃၁၂)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ
အရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၉-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ တန့်ဆည်မြို့နယ်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့ သည် မင်းကင်းမြို့နယ်၊ ဆီကာကျေးရွာ၏အနောက်ဘက်(၁)မိုင်ခန့်အကွာ၊ လောင်းပြည့်ကြိုးပြင်ကာကွယ် တောအတွင်းမှ တရားမဝင် ပိတောက်/သစ်ယာ/အင်/ကညင်/တောင်သပြေ သစ်/ခွဲသား (၉၁၈)လုံး/ချောင်း (၃၈.၂၈၁၄)တန်၊ တာယာဘီးတပ်လှည်း(၂)စီးနှင့် ဝက်ပုတ်ကျေးရွာ၏အရှေ့ဘက်(၁.၅)မိုင် ခန့်အကွာ၊ လောင်းပြည့်ကြိုးပြင်ကာကွယ်တောအတွင်းမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/သစ်ယာ/အင်/ တောင်သပြေ သစ်/ခွဲသား (၂၂၀၉)လုံး/ချောင်း (၄၀.၅၄၂၄)တန်၊ ချန်ချိုင်း(၂၅)ကောင်အင်ဂျင်(၁)လုံးနှင့်သစ်စက် ဆက်စပ်ပစ္စည်းများ၊ စုစုပေါင်း (၇၈.၈၂၃၈)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၈-၁၀-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သော တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများ ခိုးထုတ်သယ်ဆောင်ရောင်းဝယ်မှုမရှိစေရေးအတွက် ရှာဖွေဖော်ထုတ် ဖမ်းဆီးလျှက်ရှိရာ ဟုမ္မလင်းမြို့နယ်၊ နတ်နန်းကျေးရွာ၏ အရှေ့မြောက်ဘက်(၅)မိုင်ခန့်အကွာ၊ မှိုတောက်ကြိုးဝိုင်းအနီးမှ တရားမဝင် အင် သစ်/ခွဲသား (၃၉၆)လုံး/ချောင်း (၁၀.၄၁၄၄)တန်အား ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပဲခူးတိုင်းဒေသကြီး အတွင်း တည်ထောင်ထားရှိသည့် ကျွန်းစိုက်ခင်း များတွင်ကျရောက်တတ်သည့် ဖျက်ပိုးနှင့်ရောဂါ များအား ဘက်ပေါင်းစုံ ကာကွယ်နှိမ်နင်းနိုင်ခြင်း နည်းလမ်းများဖြင့် စီမံအုပ်ချုပ်ခြင်း စီမံကိန်း (AFoCO/014/2020)အလုပ်လျှောက်လွှာခေါ်ယူခြင်း
Project Assistant and Project Secretary

သစ်တောများအား မှီခိုနေထိုင်သူများ၏ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်စေရန် အတွက်သစ်တော ထိန်းသိမ်းခြင်းနှင့် ဒေသခံ ပြည်သူအခြေပြု စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးမှု ဆိုင်ရာ စံပြသစ်တောများ တည်ထောင်ခြင်း စီမံကိန်း (AFoCO/015/2020)အလုပ်လျှောက်လွှာခေါ်ယူခြင်း Project Assistant(Operational)

သစ်တောများအား မှီခိုနေထိုင်သူများ၏ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်စေရန် အတွက်သစ်တော ထိန်းသိမ်းခြင်းနှင့် ဒေသခံ ပြည်သူအခြေပြု စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးမှု ဆိုင်ရာ စံပြသစ်တောများ တည်ထောင်ခြင်း စီမံကိန်း (AFoCO/015/2020)အလုပ်လျှောက်လွှာခေါ်ယူခြင်းProject Assistant(Financial)

Pages