Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၁၁.၀၅၀၈)တန်၊ သစ်မာ (၆၉.၃၃၅၂)တန်၊ အခြား (၁၅၁.၅၅၂၇)တန်၊စုစုပေါင်း(၃၃၁.၉၃၈၇)တန်၊ တရားခံ(၅၇)ဦး၊ယာဉ်/ယန္တရား(၃၆)စီး ဖမ်းဆီး ရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၈-၉-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသ ကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၊ မြို့မဘိနယ်၊ အမှတ်(၆)ရပ်ကွက်နေ ဦးကျော်လင်းထွန်း (ခ) ဦးမှတ်ကြီး၏ နေအိမ်ခြံဝန်းအတွင်းမှ တရားမဝင် ကျွန်း/ပိတောက်ခွဲသားဆိုဒ်စုံ (၂၁၈)ချောင်း (၂၃.၄၁၂၈)တန် အား တရားခံ (၁)ဦးနှင့်အတူ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

၁၂-၉-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ စိုင်းရကြိုးဝိုင်းအကွက်အမှတ်(၇၅)အတွင်း ဆိုင်ကယ်(၃)စီးပေါ်မှ တရားမဝင် ကျွန်းသစ်/ခွဲခြမ်း (၁၄)လုံး/ခြမ်း (၂)တန်အား ဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှ တွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၂-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တမူးမြို့နယ်၊ ကွန်းတောင်းကျေးရွာအုပ်စု၊ ကုလားကုန်းကျေး ရွာ၏အရှေ့ဘက်(၁)မိုင်ခန့်အကွာမှ တရားမဝင် ကညင်/ထောက်ကြံ့ခွဲသား (၅၂)ချောင်း (၆)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၁၁-၉-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးလင်းမြို့နယ်၊ ထီးလင်းမြို့အဝင် ဗျာဒိတ်ကုန်းဘုရားအနီး၊ ဂန့်ဂေါ-ထီးလင်းသွားကားလမ်းမိုင်တိုင်အမှတ် ၉၆/၃နှင့် ၉၆/၄ကြားတွင် မော်တော်ယာဉ် အမှတ် (YGN 2B/3829) ယာဉ်ပေါ်မှ တရားမဝင် ကျွန်း/တမလန်းခွဲသား (၂၀၇)ချောင်း (၁.၄၂၄၀)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၁၁-၉-၂၀၂၀ ရက်နေ့မှ ၁၂-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အဆိုပြုမဟာမြိုင်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောမှ ဝန်ထမ်းများ၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ မဟာမြိုင်ကြိုးဝိုင်းအတွင်းမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ သစ်ယာ သစ်/ခွဲသား (၅၂)လုံး/ချောင်း (၁၅)တန်အား ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၈-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ဘုတလင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကနီမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ မင်းအိုရွာအနီး ချင်းတွင်းမြစ် အတွင်းမှ တရားမဝင် အင်/ကျွန်း သစ်/ခွဲသား/ လုံးပတ်(၃)ပေအောက်ကျွန်း/ပျဉ်းကတိုးသစ် (၂၅၃၃)လုံး/ ချောင်း (၅၉.၂၀၇၆)တန်အား စက်လှေ(၂)စီး၊ တရားခံ(၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁၃-၉-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ကနီမြို့နယ်၊ နတ်လာပို့မြောက်ရွာ၊ အောက်ဖက်(၃)ဖာလုံခန့်အကွာ၊ ချင်းတွင်းမြစ်အတွင်းမှ တရားမဝင် အင်သစ် (၈)တန်ခန့် ဖမ်းဆီးစဉ် တစ်ဦးတစ်ယောက်မျှတွေ့ရှိခြင်းမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၂-၉-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဇုန်(၃)တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်လှိုင် ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ရေတာရှည်မြို့နယ်၊ စိုင်းရကြိုးဝိုင်းအကွက်(၆၈)အတွင်း ဆိုင်ကယ် (၃)စီးပေါ်မှ တရားမဝင် ကျွန်းခွဲသား (၄၇)ချောင်း (၀.၄၁၀၀)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

Pages