၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

စီမံကိန်းလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(Joint Coordinating Committee-JCC)၏ တတိယအကြိမ် အစည်းအဝေးကို Royal Taunggyi ဟိုတယ်၊ တောင်ကြီးမြို့၌ ၁၉-၂-၂၀၂၀ ရက်နေ့ ၊နံနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်မှ အဖွင့်အမှာစကားပြောကြားပါသည်။ အခမ်းအနားသို့ Joint Coordinating Committee-JCC မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သစ်တောဦးစီးဌာန အရာရှိကြီးများနှင့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၈-၂-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ တူးကုန်းကျေးရွာ၏ အရှေ့ဘက်(၁)မိုင်ခန့်အကွာနေရာ၌ မော်တော်ယာဉ်အမှတ်(NPW-7P/9747) (Forland) (အပြာရောင်)ယာဉ်ပေါ်မှ တရားမဝင်မျောက်ငိုသစ်/ခြမ်း/စိတ် (၁၀)လုံး/ခြမ်း/စိပ် (၂.၁၄၄၂)တန် အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၁၈-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကင်းမြို့နယ်၊ မောက္ကတောအဆိုပြုကြိုးပြင်ကာကွယ်တောအတွင်း တာယာဘီးတပ်လှည်း(၄)စီးပေါ်မှ တရားမဝင်အင်သစ် (၂၀)လုံး (၁၀.၈၇၆၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၈-၂-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းမျာအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ ဥက္ကံမြောက်(၁)နယ်မြေ၊ ရန်ကုန်-ပြည်ကားလမ်းမိုင်တိုင်အမှတ်(၆၈/၀)နေရာ၌ တိမ်းမှောက်နေသော မော်တော်ယာဉ်အမှတ် (MDY 1P/1097) NISSAN UD Counter(၆)ဘီး(အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၂၈၀)ချောင်း (၅.၃၀၈၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၁-၂-၂၀၂၀ ရက်နေ့တွင် ရှေ့တန်းခမရ(၅၂၀)မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇေယျဦးစီးပါတပ်ခွဲ(၂)ခွဲသည် နယ်မြေရှင်းလင်းဆောင်ရွက်စဉ် ကျိုင်းတောင်းမြို့၏ အရှေ့တောင်ဘက်(၂၅)မိုင်ခန့်အကွာ၊ နားပေါ့ကြိုးဝိုင်းအတွင်း ဆင်(၁)ကောင်အား ဆင်ထိန်း(၂)ဦးပါ တရားခံ(၅)ဦးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၁၃-၂-၂၀၂၀ ရက်နေ့တွင် သစ်တောဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြားအပ်နှံလာ၍ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁၇-၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ တြိဂံတိုင်းဒေသစစ်ဌာနချုပ်နည်းဗျူဟာ (၃)မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဦးစီးသောအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ တာပင်းအုပ်စု၊ ဝမ်ပုံကျေးရွာအနီးမှ တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ (၉၅)ချောင်း (၅.၃၂၉၀)တန်၊ တရုတ်နိုင်ငံလုပ် ချိန်းဆော (၄)လက်တို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၆-၂-၂၀၂ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ စန္ဒာကြိုးပြင်ခုတ်ကွက်ကြီး(XXXII)အတွင်း တရားမဝင်အင်ကြင်း/အင်ခွဲသား (၅၀၆)ချောင်း (၁၄.၀)တန်အား သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၈-၂-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ သရက်ကုန်းကျေးရွာအရှေ့တောင်ဘက် (၃)ဖာလုံခန့် အကွာ ခပေါင်းဆည်ဘောင်အနီးတွင် တရားမဝင်ကျွန်းခွဲသား (၂၃၁)ချောင်း (၉.၀၃၅၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages