၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၉-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မဘိမ်းမြို့နယ်၊ ရွှေလီမြစ်ကမ်းဘေး၊ မယ်ဇလီပြန့်နေရာနှင့် ကွန်းချောင်းဆိပ်ကမ်းနေရာများ၌ တရားမဝင်ကျွန်းသစ်(၅၅)လုံး (၇.၂၇၈၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၉-၂-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စဉ့်ကိုင်မြို့နယ်၊ အိုးထိန်းတောင်ကျေးရွာ အနီးတွင် ပုဇဉ်းခေါင်းထော်လာဂျီ(အပြာရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၁၀၄)ချောင်း (၂.၀၅၅၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၇-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဝင်း-၄ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ ပြောင်သွယ်ကြိုးဝိုင်းအကွက်အမှတ် (၉၂၊ ၉၃၊ ၉၄)နှင့် မိုင်းဝန်းကြိုးဝိုင်းအကွက်အမှတ် (၁၁၀)နေရာတို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/သစ်ယာ/ ထောက်ကြံ့/အင်ကြင်း သစ်/ခွဲသား (၃၃၈)လုံး/ချောင်း (၅၂.၈၃၆၄)တန်နှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၇-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သောအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာ၏ အနောက်ဘက်(၁)မိုင်ခန့်အကွာမှ တရားမဝင် ကျွန်း/အင်/နှောသစ်(၃၉)လုံး (၄.၉၂၈၀)တန်၊ လုံးပတ်၃ပေအောက် ကျွန်း/အင်သစ်(၁၆)လုံး (၀.၃၁၀၀)တန်နှင့်ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၉၉.၂၁၇၈)တန်၊ သစ်မာ(၁၅၁.၅၂၀၀)တန်၊ အခြား (၃၀၈.၀၇၆၆)တန်၊ စုစုပေါင်း(၆၅၈.၈၁၄၄)တန်၊ တရားခံ(၄၃)ဦး၊ ယာဉ်/ယန္တရား(၃၉)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၇-၂-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသ ကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းဘိနယ်၊ သမင်ကုန်းကျေးရွာအုပ်စု၊ သရက်ကုန်း ချောင်းအတွင်းမှ တရားမဝင် တောင်သရက်ခွဲသား (၂၀၅)ချောင်း (၃၅.၅၀၈၅)တန်၊ စက်လှေ (၂)စီးအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၈-၂-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောင်လံမြို့နယ်၊ ထမကန်ကျေးရွာ အရှေ့ဘက်(၄)မိုင်ခန့်အကွာနေရာ၌ လွှဝိုင်းမပါသစ်စက်(၁)လုံးနှင့် တရားမဝင်ကျွန်း/ပျဉ်းကတိုးခွဲသား (၃၇၃)ချောင်း (၂၇.၈၅၇၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး တရားမဝင်သစ်များအား သစ်ထုတ်လုပ်ရေး ရုံးဝန်းအတွင်း သယ်ယူပြီး လွှဲအပ်နိုင်ရေးနှင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၈-၂-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်တွင်းကြီးမြို့နယ်၊ ဆင်ကျကျေးရွာ၏ အရှေ့ဘက်(၂)မိုင်ခန့်အကွာ နေရာ၌ တရားမဝင်ပျဉ်းကတိုး/ထောက်ကြံ့/ကြို့/ဒီးဒူး/ချဉ်ယုတ်/အင်သစ်/ခွဲသား (၁၃၄)လုံး/ချောင်း (၉.၅၉၁၂)တန်၊ ဂျင်ဒေါင်း(၂၅)ကောင်အင်ဂျင်(၁)လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၇-၂-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင် များ၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာ အနောက်တောင်ဘက် (၁)မိုင်ခန့်အကွာနေရာ၌ တရားမဝင်ကျွန်း/သင်္ဂဒူ/သစ်ကဇော်/ဒွနီသစ်(၈၃)လုံး (၁၁.၂၂၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages