Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၂-၆-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(လားရှိုး)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ နောင်ချိုစရဖတပ်ဖွဲ့ဝင်များ၊ နောင်ချိုသတင်းတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ မန္တလေး-မူဆယ်၊ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၈၂/၀)အနီး ယာဉ်အမှတ်၊ MDY-6B/5776 (Nissan (၁၂)ဘီး အစိမ်း)ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၉၃) ချောင်း (၈.၃၇၀၆)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၂၃-၆-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(လားရှိုး)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခလရ ၂၄၃ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စရဖတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအရှေ့တောင်ဘက် (၂)မိုင်အကွာ နောင်နင်းရွာသွားကားလမ်းအနီးမှ ယာဉ်အမှတ်၊ MDY-7H/8975 (Nissan Diesel ခေါင်းစိမ်း/ဘော်ဒီအနီး(၁၂)ဘီး)ပေါ်မှ တရားမဝင် ကျွန်း/အင်ကြင်းခွဲသား (၇၉၁) ချောင်း (၁၀.၆၄၀၈)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၂၃-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ မုံရွာမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မုံရွာမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝကားလမ်း၊ ချင်းတွင်းတံတားအဆင်း ယာဉ်အမှတ်၊ YGN-1E/7385 (Light Truck အဖြူရောင်)ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၂၃) ချောင်း (၁.၈၉၄၆)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၁-၆-၂၀၁၉ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဘုတ်ပြင်းမြို့နယ်၊ ကရသူရိကြိုးပြင် ဘုတ်ပြင်း-ကော့သောင်းကားလမ်း အရှေ့ဘက် ချောင်းညီနောင် ဆီအုန်းစိုက်ခင်းအနီးနေရာတွင် မော်တော်ယာဉ်အမှတ် ၂/ဂ-၉၂၀၉ (၁၀)ဘီးကား NISSANDIESEL ယာဉ်ပေါ်မှ တရားမဝင် ကတွတ်သစ်ခွဲသားဆိုဒ်စုံ (၃၇) ချောင်း (၂.၁၀၂၂)တန်အား တရားခံ(၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက် လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၂-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ဘုတလင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘုတလင်မြို့နယ်၊ သခွတ္တနယ်ရွာ၏အနောက်တောင်ဘက်(၁)မိုင်ခန့် အကွာ၊ ဝက်လူးအိုင်သွားလမ်း၊ တောစပ်အတွင်း ယာဉ်အမှတ်၊ MDY-5B/4909 (NISSAN DIESEL CONTER)ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၅၀) ချောင်း (၃.၇၄၄၂)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၂-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စရဖအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးမြောက်ရွာ၊ ရွာထဲလမ်းပေါ်မှ ယာဉ်အမှတ်၊ MDY-5D/4250 (Chariot Mitsubishi အဖြူရောင်)ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၄၄) ချောင်း (၁.၀၄၄၆)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

(၂၁.၆.၂၀၁၉)မှ (၂၂-၆-၂၀၁၉) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်နှင့် (၁၆)မိုင်စစ်ဆေးရေးစခန်း၌ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ရာအိမ်မှူးပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်၊အလယ်)ကားလမ်း (၁၆)မိုင် စစ်ဆေးရေးစခန်းနှင့် (အတက်)စင်နေရာတို့တွင် မော်တော်ယာဉ်အမှတ် (SHN)EE-2490 (Nissan AD Van၊(အဖြူရောင်)နှင့်မော်တော်ယာဉ်အမှတ်(YGN)6C-4331(Hyundai KMFNA၊ အဖြူရောင်) တို့ပေါ်မှ တရားမဝင် ပိတောက်ခွဲသား /တယောပုံကြမ်း၊လူသုံးကုန်ပစ္စည်းများ (၆၅၈) ချောင်း (၈.၂၄၅၆)တန် ယာဉ်(၂)စီးနှင့် အတူ တရားခံ(၂)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

(၂၂-၆-၂၀၁၉) ရက်နေ့မှ (၂၄-၆-၂၀၁၉) ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝင်များ NLDအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ် ပတ်ဝန်းကျင်နေရာများမှ တရားမဝင် သစ်ယာ/အင်သစ်/ခွဲသား (၁၅၃) လုံး/ချောင်း (၁၈.၅၉၇၀)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

Pages