၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

မဲခေါင်ဒေသ ကျွန်းစီမံကိန်း စတင်အကောင်အထည်ဖော်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၊ ကျွန်းခန္ဓာပိုင်းမျိုးပွားခြင်းသင်တန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှု အထောက်အကူပြုဝါးလက်မှု သင်တန်းများဖွင့်ပွဲအခမ်းအနားကို (၃-၃-၂၀၂၀)ရက် (အင်္ဂါနေ့)၊ နံနက်(၀၈:၃၀)နာရီတွင် သစ်တော သုတေသနဌာန၊ ရေဆင်းတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က အဖွင့်အမှာစကားပြောကြားပါသည်။အဖွင့်အမှာစကားပြောကြားရာတွင် သစ်တောဦးစီးဌာနနှင့်အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသ သစ်နှင့် ပတ်သက်သောအဖွဲ့အစည်း (ITTO) တို့ ပူးပေါင်းပြီး အကောင်အထည်ဖေါ်မည့် “မဲခေါင် ဒေသကျွန်း မျိုးရိုးဗီဇထိန်းသိမ်းရေး စီမံကိန်း” ကို ၂၀၂၀ ခုနှစ် မှ ၂၀၂၂ ခုနှစ်အထိ အကောင်အထည် ဖေါ် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံများ အတူတကွ ပူးပေါင်းအကောင်အထည် ဖေါ်ဆောင်ရွက်သည့်စီမံကိန်း လည်းဖြစ်ပါကြောင်း၊ သဘာဝ ကျွန်းတောများ ပေါက်ရောက်သည့် ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင်နှင့် နေပြည်တော် ဥတ္တရခရိုင်တို့တွင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ စီမံကိန်း၏ပထမဆုံး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် အလုပ်ရုံဆွေးနွေးပွဲနှင့်ကျွန်းခန္ဓာပိုင်း မျိုးပွားခြင်းသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်း မှာ (၅) ရက်ကြာ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ပါသည်။

၂၅-၂-၂၀၂၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဘုတ်ပြင်းမြို့နယ်၊ ရေလည်တောင် ဆီအုန်းခြံအနီး မော်တော်ယာဉ်အမှတ် (2J/5663) SKAT အဖြူရောင် ယာဉ်(၁)စီးပေါ်မှ တရားမဝင် ကတွတ်ခွဲသား (၈၇)ချောင်း (၄.၇၅၄၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၅-၂-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ မင်းလှဝကျေးရွာအုပ်စု၊ သပြေတန်းရွာ ဘုန်းကြီးကျောင်းအရှေ့ဘက်၊ လှိုင်မြစ်ဘေးတွင် မော်တော်ယာဉ်အမှတ် (1L/8817) NISSAN UD Counter (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား(၆၃)ချောင်း (၇.၈၉၈၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၃-၂-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကံမမြို့နယ်၊ ကျောက်ပဒေါင်းကျေးရွာအနောက်ဘက်(၂)မိုင်ခန့်အကွာနေရာ၌ တရာမဝင်ကျွန်း/ပျဉ်းကတိုး/ ဒီဒူး/ဖန်ခါး/ ချဉ်ယုတ်/ နဘဲ/ထောက်ကြံ့/ သင်းဝင်/သခွပ်/ဘင်္ဂ/သခွပ်/ရုံး/မျောက်ချော/ဇင်ပြွန်းသစ်/ ခွဲသား(၃၅၁)လုံး/ချောင်း(၃၅.၀၅၀၉)တန်။(၂၅)ကောင်အင်ဂျင်(၃)လုံးပါ တရားမဝင် သစ်စက်ဆက်စပ် ပစ္စည်းများအား တရားခံ(၆)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၅-၂-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အမှတ်(၆)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ဗိုလ်ကြီးစိုင်းလှရွှေပါ တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ဖြူးကွန်း ကြိုးဝိုင်းအကွက်အမှတ်(၄၈၊၇၃)အတွင်း တရားမဝင် ကျွန်းသစ်/ခွဲခြမ်း(၅၂)လုံး/ခြမ်း (၁၁.၈၁၈၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၅-၂-၂၀၂၀ ရက်နေ့တွင် သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တော ဝန်ထမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယင်းမာပင်မြို့နယ်၊ တရော်ကျင်းကျေးရွာအနီးနေရာ၌ မော်တော်ယာဉ်အမှတ် (YGN 7M/1419) NISSAN Diesel(၆)ဘီး (အဖြူကြားရောင်)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၇၅)ချောင်း (၈.၆၀၈၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၂၃၀.၈၄၆၄)တန်၊ သစ်မာ(၁၁၆.၅၂၅၄)တန်၊ အခြား (၂၇၈.၇၇၁၇)တန်၊ စုစုပေါင်း(၆၂၆.၁၄၃၅)တန်၊ တရားခံ(၆၄)ဦး၊ ယာဉ်/ယန္တရား(၄၅)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၂၂-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသ ကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ မြို့မဘိနယ်၊ နန်းကမြစ်အပတောနေရာမှ တရားမဝင် သစ်စေး/အင်/ကညင် သစ်လုံး/ခွဲသား (၁၇၁)လုံး/ချောင်း (၅၄.၆၃၃၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိမှုဖြစ်ပါသည်-

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၂၄-၂-၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဂွမြို့နယ်၊ ဒေသအခေါ် ဓနိတောင် ကြော/ ဓနိချောင်းဖျား/ ဘိုးမင်းချောင်းဖျားနေရာတို့မှ တရားမဝင် တောင်သရက် သစ်/ခွဲသား (၂၇)လုံး/ ချောင်း (၁၅.၅၈၅၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages