Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

CMRS သတင်းအရ ၂၃-၅-၂၀၂၀ ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီး၊ညွှန်ကြားရေးမှုး၏ ကြီးကြပ်မှုဖြင့် ပုသိမ်ကြီးမြို့နယ် ဦးစီးအရာရှိ ဦးဆောင်သော ဝန်ထမ်း ၇ ဦး ပါ တိုင်းစစ်ကြောင်း အဖွဲ့သည် စဥ့်ကူးမြို့နယ်၊ဆည်တော်ကြီးဆည်အတွင်း တရားမဝင်သစ်များ ဖော်ထုတ်ဖမ်းဆီးရာ နေ ရာ ၇ နေရာမှ ကျွန်းခွဲသား/လုံး/ ချောင်း (၆၀)လုံး/ချောင်း (5.9944 )တန် ၊သစ်မာ/အခြားသစ် (၈၂)လုံး( ၁၁.၃၂၆၈)တန် ၊ သစ်မာ/ အခြားသစ် (၅၅)လုံး(၂၁.၀၇)တန် စုစုပေါင်း (၃၈. ၃၉၁၂)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်ရှာဖွေရာ ရေ ထဲရှိအခြား သစ်လုံး/တိုင်( ၅၀)ခန့်အား ဖမ်းဆီးရမိခဲ့ပြီးဆက်စပ်ပတ်သက်သောတရားခံများအားဖော်ထုတ် ၍ သစ်တောဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂၃-၅-၂၀၂၀ ရက်နေ့တွင် ကလေးမြို့နယ်၊သစ်တောဦးစီးဌာန မှ ဦးစီးအရာရှိဦးဆောင်၍ သစ်တောဝန်ထမ်း(၈)ဦးဖြင့် ဘုန်းကြိုးဝိုင်းအတွင်း တရားမဝင်သစ်ရှာဖွေဖမ်းဆီးရာမြောက်ပိုင်းဘိနယ်၊ ၅၅မိုင်ကျေးရွာ၊အရှေ့မြောက်ဘက်(၃)ခန့်အကွာ ဘုန်းကြိုးဝိုင်း၊ အကွက်အမှတ်-(၆၉) အတွင်းမှတရားမဝင် ကျွန်းသစ် ၈ လုံး (၃.၇၃၄)တန်၊ ပျဉ်းကတိုးသစ် ၄ လုံး (၁.၃၃၈) တန်၊ စုစုပေါင်း ကျွန်း/ပျဉ်းကတိုးသစ် ၁၂ လုံး၊ (၅.၀၇၂)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်၍ ရှာဖွေရာ (၁၉:၃၀)နာရီအချိန်တွင် တရားမဝင် ကျွန်းသစ် ၁၈ လုံး(၆.၈၇၈)တန်၊ ပျဉ်းကတိုးသစ် ၆ လုံး(၁.၉၄၀)တန်၊ စုစုပေါင်း ကျွန်း/ပျဉ်းကတိုးသစ် ၂၄ လုံး၊ (၈.၈၁၈)တန်အား ထပ်မံဖမ်းဆီးရမိခဲ့ပြီး တရားခံများအားစုံစမ်းရှာဖွေဖော်ထုတ်၍ သစ်တောဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

CMRS သတင်းအရ ၂၃-၅-၂၀၂၀ ရက်နေ့တွင် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူးဦးဆောင်သော သစ်တောဝန်ထမ်း(၉)ဦး၊ ဒေသခံကင်းသား (၄)ဦး၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးနန္ဒအောင်ပါ(၃)ဦး၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ ဒု-ရဲအုပ် စောအယ်ထူးပါ (၃)ဦး အဖွဲ့တို့သည် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်း မုံရွာ-ယာကြီး-ကလေးဝကားလမ်း၊ မိုင်တိုင်အမှတ် (၄၉/၂)အနီး ၌ တရားမဝင်ပိတောက်ခွဲသား ၃၉ချောင်း (၃.၃၉၀၆)တန်အား ကားကြမ်းခင်းအောက် အခန်းဖွဲ့(Box)ဖြင့် ဂဟေတို့ကွယ်ဝှက်၍ မိုးကာဖုံးအုပ်ပြီး တင်ဆောင်မောင်းနှင်လာသည့် ယာဉ်အမှတ် YGN 5B-5552 Nissan Diesel (၁၂)ဘီးယာဉ် (၁)စီးအား တရားခံ (၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ယာဉ်နှင့် တရားခံများအား ကနီမြို့မရဲစခန်းတွင် အပ်နှံပြီး ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပုဒ်မ၄၀(ခ)ဖြင့် ပထမသတင်းပေးတိုင်ချက်ဖွင့်လှစ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂၂-၅-၂၀၂၀ ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ်ရုံး ၏ ချပြသတင်းအရရွှေဘိုခရိုင်၊လက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်သောသစ်တောဝန်ထမ်း ၁၅ဦး၊သစ်တောရဲတပ်ဖွဲ့ဝင် ၆ဦးနှင့်မလည်ကျေးရွာအုပ်ချုပ်ရေးမှူးပါသက်သေများဖြင့် ကန့်ဘလူမြို့နယ်၊မလည်ကျေးရွာအနောက်ဖက်မှအုပ်စု(၁)/အခြားသစ်ခွဲသား၂၅၇ချောင်း(၆.၈၉၇၄)တန်နှင့်၃ပေအောက်အုပ်စု(၁)သစ်လုံး၁၂လုံး (၁.၄၉၂၈)တန်၊ကျွန်း/အုပ်စု(၁)သစ်လုံး ၂၂လုံး(၈.၀၂၃၂)တန်စုစုပေါင်း(၂၉၁)လုံး /ချောင်း (၁၆.၄၁၃၄)တန်ဖမ်းဆီးရမိပြီး၊မလည်-ဇီးကုန်းလမ်းပေါ်မှ ကင်တာအမျိုးအစား မော်တော်ယာဉ်အမှတ် 2N-4428 ပေါ်မှ ၄၅ပေါင်မီးသွေး(၇၆)အိပ်၊ထော်လာဂျီ ၅ဌ/၂၈၂၅ပေါ်မှ၄၅ပေါင်ဝင်မီးသွေး(၉၆)အိပ်အားပိုင်ရှင်များနှင့်အတူဖမ်းဆီးရမိခဲ့ရာသစ်တောဥပဒေအရထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂၂-၅-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဇရပ်ကွင်းကျေးရွာ အမှတ်(၃)ရပ်ကွက်မှ ရာအိမ်မှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်း(မြောက်)ဘိနယ်၊ မန္တလေး-မိုးကုတ်ကားမိုင်တိုင်အမှတ် (၇၁/၅)နှင့် (၇၁/၆)အကြားတွင် မော်တော်ယာဉ်အမှတ် (SGG 9F-6638) Nissan Light Truck ခဲရောင်(၆)ဘီးယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသားတံခါးရွက်(၉၀)ချပ် (၀.၇၉၆၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၂-၅-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်းမပေါ် ရွာထောင်ရပ်ကွက်၊ ဓါတ်ပေါင်းစုဘုရားရှေ့၌ မော်တော်ယာဉ်အမှတ် (MDY 8F-5452) Light Ace အဖြူရောင်ယာဉ်ပေါ်မှ တရားမဝင် ကျွန်းတံချပ်ဆိုဒ်စုံ (၈၅)ချပ် (၃.၀၄၄၈)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂၁-၅-၂၀၂၀ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စစ်ဆေးရေးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ လယ်ဝေးမြို့နယ်မှ သစ်တော ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လယ်ဝေးမြို့နယ်၊ အေလာ ရွာမရပ်ရှိ ဒေါ်သန္တာမိုးခြံဝန်းတွင် သုံးဘီးဆိုင်ကယ်(၁)စီးနှင့်အတူ တရားမဝင်ကျွန်းသစ် (၁၁၈)လုံး/ ချောင်း/ ခြမ်း (၂.၁၇၇၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂၁-၅-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့ နယ်၊ မတ္တရာ-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၁၁/၃)မှ ဂန္ဓမာကျေးရွာအဝင်လမ်းတောင်ဘက်၊ ရွာ၏အနောက်မြောက် (၁.၅)မိုင်ခန့်အကွာနေရာတွင် ယာဉ်(၂)စီးပေါ်မှ တရားမဝင် ကညင်/အင်ခွဲသား (၄၉)ချောင်း (၉.၄၉၄၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages