၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၁-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး နှင့် ထီးချိုုင့်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ ပြင်တဲကြိုးဝိုင်း အကွက်အမှတ် (၆၈၊၆၉)နေရာတို့မှ တရားမဝင် ထောက်ကြံ့/အင်ကြင်း/ကျွန်း/ဘင်္ဂ/ယမနေသစ် (၃၆)လုံး (၁၀.၂၄၈၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး နှင့် ဝန်းသိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝန်းသိုမြို့နယ်၊ ပြင်တဲကြိုး(၂၂၊၂၄) နေရာတို့မှ တရားမဝင် ကျွန်းသစ်/လုံးပတ်(၃)ပေအောက်ကျွန်းသစ် (၅၄)လုံး (၁၃.၆၃၈၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃-၂-၂၀၂၀ ရက်နေ့၊ နံနက်(၉:၃၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံ ရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အရ ဦးစံမင်းရွှေ(တောအုပ်ကြီး)၊ စီမံကိန်းနှင့်စာရင်းအင်းဌာနက ဂျပန်နိုင်ငံတွင် (GIS-Remote Sensing, Information System and Community Participation for Biodiversity)သင်တန်းတက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်း ဆွေးနွေးခြင်း၊ ဒေါ်မြတ်ဆုမွန်(တောအုပ်ကြီး)၊ သဘာဝဝန်းကျင် နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ဖိလစ်ပိုင်နိုင်ငံ တွင် (The Regional Workshop on OECMs to Accelerate Progress on Aichi Target 11 Implementation in the East and Southeast Asia Region) တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်း၊ ဒေါ်ကြည်ကြည်ခိုင် (သုတေသန လက်ထောက်-၂)၊ သစ်တောသုတေသနဌာနက မလေးရှားနိုင်ငံတွင်( Regional Workshop on Domestication of Endangered, Endemic and Threatened Species in Disturbed Terrestrial Ecosystems) တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ဦးတင်နိုင်စိုး(ဦးစီးအရာရှိ)၊ သဘာဝတော နှင့်စိုက်ခင်းလုပ်ငန်းဌာနက ကမ္ဘောဒီးယားနိုင်ငံ တွင်(Thematic Consultation on Area-based Conservation Measures for the Post-2020 Global Biodiversity Framework) တက်ရောက်ခဲ့ သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်း ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက် လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မိုးယွန်းကြီးအပန်းဖြေစခန်း၊ မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ပဲခူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၌ ကျင်းပပြုလုပ်ခဲ့သည့် “၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနား” ကို တက်ရောက်အမှာစကား ပြောကြားခဲ့ပါတယ်။ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ INGO၊ NGO၊ CSO အဖွဲ့များ၊ နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ရေးရာအေဂျင်စီ (NEA)၊ ရမ်ဆာရေဝပ်ဒေသ ကျွမ်းကျင်ပညာရှင်များ၊ သတင်းမီဒီယာများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၉-၁-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ သစ်တောဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသောင်းနိုင် ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်း စမ်းချောင်းပေါက်(ရှေ့)ရွာ အ.ထ.က(၂)ကျောင်းအနီးတွင် မော်တော်ယာဉ်အမှတ် (YGN 9P/7961) Nissan Diesel UD (၆)ဘီး (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင် ကျွန်း/ခွဲ/ခြမ်း(၄၈)ချောင်း/ခြမ်း(၇.၂၂၄၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၈-၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ ပါဝင်သောအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်း အကွက်အမှတ်(၄၈၊၅၈)အတွင်း တရားမဝင် ကျွန်းခွဲခြမ်း(၄၆)ခြမ်း (၈.၆၀၀၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၄-၁-၂၀၂၀ ရက်နေ့မှ ၂၅-၁-၂၀၂၀ ရက်နေ့အထိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့၊ သစ်တောဦးစီးရုံးချုပ်၊ စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ မြင်းနားကျေးရွာအုပ်စု၊ မြင်းနားကျေးရွာ၊ သဲချောင်းကျေးရွာ၊ ပျဉ်ပြားကျေးရွာအနီးဝန်းကျင်နှင့် ကျီးနီကန်ကြိုးပြင်ကာကွယ်တော၊ ဝါးဖြူတောင်အုပ်စု၊ ချောင်းဖျားကျေးရွာအနီးဝန်းကျင်၊ ထုံးကြီးအပတောတို့အတွင်းနေရာများ၌ တရားမဝင်သစ်ယား/စကားဝါ/ သစ်အယ်/ကညင်သစ်/ခြမ်း/ခွဲသား စုစုပေါင်း(၉၁၂)လုံး/ခြမ်း/ချောင်း (၂၂၅.၆၅၈)တန်၊ အင်ဂျင်(၆)လုံး၊ မော်တော်ယာဉ်(၂)စီး၊ လက်စွဲမီးစက်(၁)လုံး၊ လွှဝိုင်း(၅)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၉-၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ကလေးဝ-ရေဦးကားလမ်း၊ မိုင်တိုင်အမှတ်(၉၈/၀)အနီးနေရာ၌ မော်တော်ယာဉ်(၃)စီး ပေါ်မှ တရားမဝင်အင်ခွဲသား(၁၁၃၀)ချောင်း(၂၄.၆၄၆၆)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages