၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၃၇၈.၁၀၅၂)တန်၊ သစ်မာ(၂၂၂.၆၀၁၇)တန်၊ အခြား (၃၃၄.၉၉၆၉)တန်၊ စုစုပေါင်း(၉၃၅.၇၀၃၈)တန်၊ တရားခံ(၁၀၅)ဦး၊ ယာဉ်/ယန္တရား(၆၀)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၂၉-၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်မြို့နယ်၊ ခပေါင်းကြိုးဝိုင်းအကွက်အမှတ်(၅၂၊ ၅၃၊ ၅၆)တို့မှ တရားမဝင် ကျွန်း သစ်လုံး/ခွဲသား/ခွဲခြမ်း (၂၈၀)လုံး/ချောင်း/ခြမ်း (၄၃.၀၈၀၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိမှုဖြစ်ပါသည်-

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၁-၁-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကြိုးဝိုင်းအကွက်အမှတ် (၄၂)အတွင်း၊ ကွင်း (၃၀)ကျေးရွာ၏အနောက်မြောက်ဘက် (၁)မိုင်ခန့် အကွာမှ တရားမဝင် အင်/ပျဉ်းကတိုး/မအူ သစ်/ခွဲသား/ခွဲခြမ်း (၇၉၄)လုံး/ချောင်း/ခြမ်း (၁၁.၅၂၀၄)တန်၊ ဝိုင်းခုံ(အဟောင်း) (၁)ခုတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှိနှင့် မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိတို့ဦးဆောင်သော သစ်တော ဝန်ထမ်းများအဖွဲ့သည် မင်းကင်းမြို့နယ်၊ မြောင်းဇင်းကျေးရွာအရှေ့မြောက်ဘက် (၁)မိုင်ခန့် အကွာမှ တရားမဝင် အင်သစ်/လုံးပတ်(၃)ပေအောက်အင်သစ် (၆၀)လုံး (၁၆.၀၅၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃၁-၁-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ ရှေ့တန်း ခလရ(၄၇)တပ်ရင်းမှ ဗိုလ်အောင်ကိုလတ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မံစီမြို့နယ်၊ ဟန်ထက်-ဗန်းမော်ကားလမ်းမပေါ် မော်တော်ယာဉ်အမှတ်- (YGN-5B/4652) Nissan UD (၁၀)ဘီးအဖြူရောင် ယာဉ်ပေါ်မှ တရားမဝင် ကညင်ခွဲသား (၁၈၃)ချောင်း (၉.၀၅၀၄)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး နှင့် ထီးချိုုင့်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ ပြင်တဲကြိုးဝိုင်း အကွက်အမှတ် (၆၈၊၆၉)နေရာတို့မှ တရားမဝင် ထောက်ကြံ့/အင်ကြင်း/ကျွန်း/ဘင်္ဂ/ယမနေသစ် (၃၆)လုံး (၁၀.၂၄၈၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လ/ထညွှန်ကြားရေးမှူး နှင့် ဝန်းသိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝန်းသိုမြို့နယ်၊ ပြင်တဲကြိုး(၂၂၊၂၄) နေရာတို့မှ တရားမဝင် ကျွန်းသစ်/လုံးပတ်(၃)ပေအောက်ကျွန်းသစ် (၅၄)လုံး (၁၃.၆၃၈၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃-၂-၂၀၂၀ ရက်နေ့၊ နံနက်(၉:၃၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံ ရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အရ ဦးစံမင်းရွှေ(တောအုပ်ကြီး)၊ စီမံကိန်းနှင့်စာရင်းအင်းဌာနက ဂျပန်နိုင်ငံတွင် (GIS-Remote Sensing, Information System and Community Participation for Biodiversity)သင်တန်းတက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်း ဆွေးနွေးခြင်း၊ ဒေါ်မြတ်ဆုမွန်(တောအုပ်ကြီး)၊ သဘာဝဝန်းကျင် နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ဖိလစ်ပိုင်နိုင်ငံ တွင် (The Regional Workshop on OECMs to Accelerate Progress on Aichi Target 11 Implementation in the East and Southeast Asia Region) တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်း၊ ဒေါ်ကြည်ကြည်ခိုင် (သုတေသန လက်ထောက်-၂)၊ သစ်တောသုတေသနဌာနက မလေးရှားနိုင်ငံတွင်( Regional Workshop on Domestication of Endangered, Endemic and Threatened Species in Disturbed Terrestrial Ecosystems) တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ဦးတင်နိုင်စိုး(ဦးစီးအရာရှိ)၊ သဘာဝတော နှင့်စိုက်ခင်းလုပ်ငန်းဌာနက ကမ္ဘောဒီးယားနိုင်ငံ တွင်(Thematic Consultation on Area-based Conservation Measures for the Post-2020 Global Biodiversity Framework) တက်ရောက်ခဲ့ သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်း ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက် လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မိုးယွန်းကြီးအပန်းဖြေစခန်း၊ မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ပဲခူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၌ ကျင်းပပြုလုပ်ခဲ့သည့် “၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနား” ကို တက်ရောက်အမှာစကား ပြောကြားခဲ့ပါတယ်။ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ INGO၊ NGO၊ CSO အဖွဲ့များ၊ နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ရေးရာအေဂျင်စီ (NEA)၊ ရမ်ဆာရေဝပ်ဒေသ ကျွမ်းကျင်ပညာရှင်များ၊ သတင်းမီဒီယာများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

Pages