၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၁၃-၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ အနောက်ဆွာကြိုးဝိုင်းအကွက် (၄၆၊ ၆၁)နေရာတို့မှ တရားမဝင် ကျွန်း သစ်/ခွဲသား/ခွဲခြမ်း (၁၃၁၁)လုံး/ချောင်း/ခြမ်း (၄၃.၈၂၂၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၁၄-၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မော်လိုက်မြို့နယ်၊ မော်ကူးကြိုးဝိုင်း အကွက်အမှတ်(၁၂)၊ (၁၈)၊ (၂၀)နေရာမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ ထောက်ကြံ့သစ် (၃၂)လုံး (၁၅.၆၃၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၄-၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သာယာဝတီ မြို့နယ်၊ သုံးဆယ်ကြိုးဝိုင်းအကွက်အမှတ်(၁၃)အတွင်းမှ တရားမဝင် ကညင်ခွဲသား(၃၆)ချောင်း (၅.၀၁၁၈) တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၃-၁-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်တပ်နယ်ကွပ်ကဲမှုအောက်၊ တထခွဲ(၁၃)မှ တပ်ဖွဲ့ဝင်များအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ခိုလမ်- ကျိုင်းတောင်း- ကွန်ဟိန်းသွားကားလမ်းမ၊ နောင်ဖာကန် အဝင်လမ်း ယာဉ်အမှတ်၊ 7K/8306 နှင့် 9I/9201 (Super Custom၊ ၄ ဘီး၊ အဖြူရောင်) ယာဉ်(၂)စီးပေါ်မှ တရားမဝင် ကျွန်းခွဲသား(၄၈)ချောင်း (၁.၁၇၅၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံ များအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။

၁၄-၁-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်လျက်ရှိရာ လက်ပံတန်းမြို့နယ်၊ မြောက်ဇာမရီကြိုးဝိုင်းအကွက်အမှတ်(၅၆၊ ၆၉)အတွင်း တရားမဝင်ကျွန်း/ပျဉ်းကတိုးခွဲသား (၁၅၅)ချောင်း (၁၄.၀၅၇၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ၁၅-၁-၂၀၂၀ ရက်နေ့တွင် သစ်တောဦးစီးရုံးချုပ်၊ နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ နေပြည်တော်- မန္တလေးအမြန် လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၄၆/၆)အနီးနေရာ၌ တရားမဝင်သင်းဝင်/နဘဲ/ကတီ/သံသေ/ရုံးခွဲသား(၅၅) ချောင်း(၈.၇၁၂၄)တန်အားသတင်းအရလိုက်လံဖမ်းဆီးရာသစ်များလှန်ချထွက်ပြေးသွားသဖြင့် သစ်တင်ယာဉ် ခဲရောင် မော်တော်ယာဉ်အမှတ်၊(YGN 9N/8102)FAW(၆)ဘီးယာဉ်နှင့် ရှေ့ပြေးလမ်းရှင်းကား မော်တော်ယာဉ် အမှတ် (MDY 5G/7400) (ခွေးဘီလူး)ယာဉ်တို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအမြန်လမ်း ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၁၃-၁-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရတခမရ(၅၂၁)တပ်မှ ဦးစီး(၁)စိတ်၊ အထွေထွေအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လွယ်ဂျယ်စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ သတင်းတပ်ဖွဲ့ဝင်များ၊ စ.ရ.ဖတပ်ဖွဲ့ဝင်များကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲ၊ မိုးမောက်- လွယ်ဂျယ်ကားလမ်း၊ ဝိန်းခမ်းကျေးရွာအနီး မော်တော် ယာဉ်အမှတ်၊ (O/1382) NISSAN DIESEL (၆) ဘီး၊ ဖြူ/စိမ်းကြား ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား ဆိုဒ်စုံ(၁၂၆၉)ချောင်း (၃.၃၀၉၆)တန်အား တရားခံ(၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၁၃-၁-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရတခမရ(၅၂၁)တပ်မှ ဦးစီး(၁)စိတ်၊ အထွေထွေအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လွယ်ဂျယ်စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ သတင်းတပ်ဖွဲ့ဝင်များ၊ စ.ရ.ဖတပ်ဖွဲ့ဝင်များကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲ၊ မိုးမောက်- လွယ်ဂျယ်ကားလမ်း၊ ဝိန်းခမ်းကျေးရွာအနီး မော်တော် ယာဉ်အမှတ်၊ (O/1382) NISSAN DIESEL (၆) ဘီး၊ ဖြူ/စိမ်းကြား ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား ဆိုဒ်စုံ(၁၂၆၉)ချောင်း (၃.၃၀၉၆)တန်အား တရားခံ(၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

Pages