Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၉-၄-၂၀၂၀ ရက်နေ့ နံနက် ၀၉:၀၀ နာရီ အချိန်တွင် ကျောက်ဆည်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော တိုင်း/ခရိုင်/ မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်း အဖွဲ့သည် ရဲရမန်းကြိုးဝိုင်း အကွက်အမှတ် ၂၄၈ မြွေသတ်မြောင် ဆူးပုတ်ချောင်းအနီး တွင် ကျွန်း ခွဲသား ၁၀ ချောင်း (၀.၉၃၄၆) တန် ၊ ကျွန်း/ပိ တောက်ခွဲသား ၁၉ ချောင်း (၁.၁၉၂၆ )တန် ဖမ်းဆီးရမိခဲ့ပြီး
ဆက်လက်၍ ရဲရမန်းဆည်အတွင်း ကျောက်ဆည်ခရိုင် သစ်တော လက်ထောက်ညွှန်ကြားရေးမှူး နှင့် တိုင်း/ခရိုင်/ မြို့နယ် သစ်တော ဦးစီးဌာနမှ ဝန်ထမ်း အဖွဲ့နှင့် ပြင်ဦးလွင် နယ်မြေ ခံဝန်ထမ်း ၃ ဦးသည် ဝါးနက်ဘိနယ် ကြက်သူငယ်ချောင် ရဲရမန်းဆည်အတွင်း ကမ်းစပ်၌ မြုပ်နှံထားသော ကျွန်းသစ်လုံး/ ခွဲသား စုစုပေါင်း ၉၀လုံး/ချောင်း ခန့် မှန်းတန်( ၂၀)တန်ခန့် အား ဖမ်းဆီးရမိပါကြောင်း နှင့် ဆက်စပ်ပတ်သက်သောတရားခံများကို ရှာဖွေ ဖော်ထုတ်၍ သစ်တောဥပဒေအရထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂၉-၄-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင်အမှတ်-၀/၇၊ Toll Gateတွင် မော်တော်ယာဉ် အမှတ် (5L/6037) SWIFT SOLID အဖြူရောင် ယာဉ်ပေါ်မှ တရားမဝင် ကျွန်းပါကေး(အကြမ်းတုံး) (၂၉၁)တုံး (၀.၄၂၈၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၂၈-၄-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ကင်းသာ-ပင်လောင်းသွားကားလမ်းမိုင်တိုင်အမှတ်(၁၆/၇) ဧဒင်ကျေးရွာအနီးမှ မော်တော်ယာဉ် အမှတ်-YGN 3E-7360 AD Van Nissan (အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင် စကားဝါခွဲသား (၁၂)ချောင်း (၀.၂၅၅၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက် လျက်ရှိ ပါသည်။

၂၈-၄-၂၀၂၀ ရက်နေ့တွင် ဖောင်းပြင်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများသည် မြို့မဘိနယ်မြေအတွင်း နယ်မြေရှင်းလင်းခြင်းဆောင်ရွက်စဉ် ၁၃:၄၅ နာရီအချိန်တွင် နန်းမခွင်ကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင် တမလန်းခွဲသား (၁၇)ချောင်း၊ စုစုပေါင်း (၃.၀၃၄၄)တန်ကို ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သောတရားခံများအားစုံစမ်းဖော်ထုတ်၍ သစ်တောဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂၈-၄-၂၀၂၀ ရက်နေ့တွင် မိုးညှင်းမြို့နယ် သစ်တောဦးစီးဌာန မှတောအုပ် ဦးသော်ဇင်ဦးဆောင်သော သစ်တောဝန်ထမ်းများနှင့်မိုးညှင်းမြို့မစခန်းရဲတပ်ဖွဲ့ဝင်များ၊ ဟဲလုံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးအဖွဲ့ တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၁၈:၃၀)နာရီအချိန်ခန့်တွင် ဟဲလုံ-တဲကြီးကုန်း သွားလမ်းဘေး ဝါးရုံတောအတွင်းမှ တရားမဝင် ကျွန်းသစ်(၂၉)လုံးနှင့် ၃ပေအောက်ကျွန်းသစ်(၂၇)လုံး စုစုပေါင်း ကျွန်းသစ်(၅.၉၉၈)တန် ဖမ်းဆီးရမိခဲ့ပြီးဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းဖော်ထုတ်၍ သစ်တောဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၂၇-၄-၂၀၂၀ ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟားခါးမြို့နယ်၊ ခင်ရန်းကြိုးပြင်ကာကွယ်တော အကွက်(၁၃)၊ ဟားခါး-မှန်တော-ဟာတာကားလမ်းသစ်၊ ဆားချောင်းနှင့် ရေငံချောင်းအနီး တဝိုက်နေရာမှ တရားမဝင် ကျွန်း/အင်ကြင်း သစ်/ခွဲသား/ရောင်ခြမ်း (၅၄)လုံး/ချောင်း/ခြမ်း (၁၃.၄၀၇၆)တန်အား ချိန်းဆော(၁)လက်နှင့်အတူ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေး ပို့ချက်အရ ၂၇-၄-၂၀၂၀ ရက်နေ့တွင် ညွှန်ကြားရေးမှူးချူပ်ရုံး၊ စစ်ဆေးရေးဌာနမှ ဦးစီးအရာရှိ ဦးထွန်းသန်းဦး ဦးဆောင်သောအဖွဲ့၊ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီး၊ အောင်ချမ်းသာဘုရားဝင်းအတွင်းမှ သင်းဝင်/ဘင်္ဂ/ရုံး/ သံသေ/ သံသတ်/ဆိတ်ချေး/ဒီဒူး/ ပိုးမဲဇာ/ကြက်ရိုး/လယ်ဇ/နဘဲ/သစ်ပုတ်/ဇောင်းပလွေ/ သစ်ဖြူ /သစ်ပုဂံ/ ကသစ် သစ်များနှင့် လုံးပတ်(၃)ပေ အောက် စန္ဒဝါ/လယ်ဇ/ဒီဒူး/ဆိတ်ချေး/သံသေ/ ချေး /ကသစ် သစ်/ခွဲသား စုစုပေါင်း (၁၁၄)လုံး/ချောင်း (၂၈.၅၉၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၂၇-၄-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ ပုသိမ်ကြီးမြို့ နယ်၊ သာစည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများပါဝင်သော စစ်ကြောင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ နန်းလုံကျေးရွာ၏မြောက်ဘက်(၂)မိုင်ခန့်အကွာ ပေါက်အင်းဘုရားအနီးမှ တရားမဝင် သစ်အယ်/စကားဝါ (၁၁)လုံး (၄.၄၃၈၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages