၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၇-၂-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင် များ၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာ အနောက်တောင်ဘက် (၁)မိုင်ခန့်အကွာနေရာ၌ တရားမဝင်ကျွန်း/သင်္ဂဒူ/သစ်ကဇော်/ဒွနီသစ်(၈၃)လုံး (၁၁.၂၂၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၇-၂-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်မှု/ကူမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်မှု/နှိမ်မှတပ်ဖွဲ့ဝင်များ၊ စ.စ.စ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်မဲမြို့နယ်၊ ပင်တိန်အုပ်စု၊ ဇီးပင်ကျေးရွာအနီး၊ ပြည်ထောင်စုလမ်းမကြီး၊မိုင်တိုင်အမှတ်(၉၂/၁)နှင့်(၉၂/၂)ကြားနေရာနှင့်အိုရီယမ်တယ်တိုးဂိတ်အနီးနေရာတို့၌ မော်တော်ယာဉ်အမှတ်(MDY 9L/4966) (ခေါင်း-ခဲဖြူရောင်) ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(YGN 7I/8478) (ခေါင်း-နံ့သာရောင်း)ယာဉ်များပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၇၂၁)ချောင်း (၂၃.၃၅၈၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၇-၂-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်အောင်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သာပေါင်းမြို့နယ်၊ သမင်ကုန်းကျေးရွာအုပ်စု၊ သရက်ကုန်းချောင်းတွင် တရားမဝင်တောင်သရက်ခွဲသား (၂၀၅)ချောင်း (၃၅.၅၀၈၅)တန်အား စက်လှေ(၂)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၇-၂-၂၀၂၀ ရက်နေ့ (၂၂:၁၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စစ်ဆေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အမြန်လမ်းရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမည်းသင်းမြို့နယ်၊ နေပြည်တော်-မန္တလေး(အမြန်လမ်း)၊ မိုင်တိုင်အမှတ်(၂၅၉/၀)အနီးတွင် မော်တော်ယာဉ်အမှတ်(MDY 6F/4748) FAW (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်ထောက်ကြံ့/သန်း/ခူသန်/လိန်/ရုံး/တောင်မကျီး/ယင်းမာသစ် (၁၁၅)လုံး (၃.၁၃)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်ထားရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၉-၂-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းလှမြို့နယ်၊ မလွန်ကပစ(၂)အနီး၊ မလွန်-မင်းလှကားလမ်း၊ မိုင်တိုင်အမှတ် (၆/၅)နေရာ၌ ကားယာဘက်နောက်ဘက်ဘီးပေါက်၍ ရပ်တန့်ထားသော မော်တော်ယာဉ် အမှတ် (6N/8129) TOYOTA HIACE ယာဉ်အား စစ်ဆေးရာ တရားမဝင်ပိတောက်ခွဲသား (၁၂)ချောင်း (၁.၈၃၆၀)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၇-၂-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ရေဦး-ကလေးကားလမ်းမိုင်တိုင်အမှတ်(၁၀၁)မိုင်အနီးနေရာ၌ တိမ်းမှောက်နေသော မော်တော်ယာဉ်အမှတ် (A/909) FUSO FISTER ယာဉ်ပေါ်မှ တရားမဝင်အင်ခွဲသား (၉၇)ချောင်း (၈.၄၈၄၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၇-၂-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အမှတ်(၆)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ဗိုလ်ကြီးမျိုးကိုကိုပါ တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ဖြူးကွန်းကြိုးဝိုင်းအကွက်အမှတ်(၄၀၊ ၄၂)အတွင်း တရားမဝင်ကျွန်းသစ်(၂၄)လုံး(၆.၉၀၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၅-၂-၂၀၂၀ ရက်နေ့မှ ၆-၂-၂၀၂၀ ရက်နေ့ထိ နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ရုံးပင်ကြိုးဝိုင်းအကွက်အမှတ်(၄၅၊ ၆၈၊ ၇၇၊ ၈၀)အတွင်း တရားမဝင်ကျွန်း/ ပျဉ်းကတိုး/ပိုးမဲဇာ/တရော်/ဆိတ်ချေး/သံသေ/ဖျောက်ဆိပ်/သစ်ကုလား/ကြက်ရိုး/ချဉ်ယုတ်/ကညင်/ဇောင်းပလွေး/သစ်ဆိမ့်/လယ်ဇ/ထောကြံ့/သစ်မကျီး/နှော/ဘင်္ဂ/ရုံး/စစ်/ဒီးဒူး/ယင်းမာ/ဖက်သန်း/သင်းဝင်သစ်/ခွဲသား (၁၀၈၆)လုံး/ချောင်း (၈၃.၄၂၀၄)တန်၊ အင်ဂျင်(၇)လုံးနှင့် သစ်စက်ဆက်စပ်ပစ္စည်းများ၊ ဆိုင်ကယ်(၂)စီး၊ ချိန်းဆော(၆)လက်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages