Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

(၂.၅.၂၀၂၀)ရက်နေ့တွင်မဘိမ်းမြို့နယ်အတွင်းတောအုပ် ဦးစိုင်းကျော်လွင် ဦးဆောင်၍ သစ်တောဝန်ထမ်း(၃)ဦး၊ နယ်မြေလုံခြုံရေးတပ်စု(၁)မှ ခွဲတကက သိန်းမင်းဇော် (ပိုင်-၈၈၀၂၉၄) ဦးစီး(၁)စိတ် ပူးပေါင်းအဖွဲ့တို့မှ ခိုတာ-လဝါဘိနယ်အတွင်း နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာ အချိန်(၀၉:၃၀)နာရီတွင် ကုန်းမခံကျေးရွာ၏ အရှေ့ဘက်(၂)မိုင်ခန့်အကွာနေရာမှ မိုးမိတ်မြို့ ၊ မြောက်ပိုင်းရပ်ကွက်နေ ဦးသက်နိုင်မင်း(၄၀)နှစ်၊ (ဘ)ဦးညီညီ၊ မှတ်ပုံတင်အမှတ်-၁၃/မမတ(နိုင်)၀၃၅၁၆၅ နှင့်အတူ ရပ်တန့်ထားသော ယမ်းဖောင်(ခေါင်းစိမ်း)ယာဉ်(၁)စီးပေါ်တွင် တင်ဆောင်ထားရှိသည့် တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ(၂၀၇)ချောင်း (၉.၈၁၁၀)တန်နှင့် မဘိမ်းမြို့၊ ကုန်းမခံကျေးရွာနေ ဦးမင်းထက်ဝင်း(၂၇)နှစ်၊ (ဘ)ဦးဝင်းဘို၊ မှတ်ပုံတင်-မမှတ်မိ နှင့်အတူ ရပ်တန့်ထားသော အယ်ဇူး(ခေါင်းစိမ်း)ယာဉ်(၁)စီးပေါ်တွင် တင်ဆောင်ထားရှိသည့် တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ(၁၆၅)ချောင်း (၉.၆၉၉၈)တန် စုစုပေါင်း တရားခံ(၂)ဦး၊ ယာဉ်(၂)စီး၊ တရားမဝင် ကျွန်းသစ်ခွဲသားဆိုဒ်စုံပေါင်း(၃၇၂)ချောင်း (၁၉.၅၁၀၈)တန် တို့အား ဖမ်းဆီးရမိခဲ့ပြီး နှင့် တရားခံ(၂)ဦးနှင့် ယာဉ်(၂)စီးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ အပ်နှံလျက် သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့်အမှုဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပါသည်။

၁-၅-၂၀၂၀ ရက်နေ့တွင် မဘိမ်းမြို့နယ် သစ်တောဦးစီးဌာန မှတောအုပ်ဦးရဲမင်းထွဋ် ဦးဆောင်၍ သစ်တောဝန်ထမ်း(၃)ဦး၊တပ်မတော်တပ်ရင်းတပ်ဖွဲ့မှ နယ်မြေလုံခြုံရေးတပ်စု(၁)၊ ခွဲတကက သိန်းမင်းဇော် (ပိုင်-၈၈ဝ၂၉၄) ဦးစီး(၁)စိတ် ပူးပေါင်းအဖွဲ့တို့မှ ရမ်းဘိုဘိနယ်အတွင်း နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာ အချိန်(၁၃:၃၀)နာရီတွင် မိုင်းသာကြိုးဝိုင်း အကွက်အမှတ်(၉)၊ ခေါတောကျေးရွာ၏ အရှေ့ဘက်(၄)မိုင်ခန့်အကွာနေရာမှ ရပ်တန့်ထားသော ဖောက်ရှဲ(၆)ဘီး (အပြာရောင်) ယာဉ်(၁)စီးနှင့်အတူ တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ (၁၈၈)ချောင်း (၂.၃၆၂၄)တန် အား ပိုင်ရှင်မတွေ့ရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ပိုင်ရှင်စုံစမ်းဖော်ထုတ်၍အရေးယူဆောင်ရွက်ပေးနိုင်ပါရန် ယာဉ်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ အပ်နှံလျက် သစ်တောဥပဒေပုဒ်မ ၄၃(က) ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပါသည်။

CMRS သတင်းအရ မတ္တရာမြို့နယ်သစ်တောဦးစီးဌာနမှတောအုပ်ကြီးဦးသိန်းလွင်ခေါင်းဆောင်သော မြို့မဘိနယ်သစ်တောဝန်ထမ်း(5)ဦး ဆိပ်သာအုပ်စုအုပ်ချုပ်ရေးမှူးပါ(2)ဦးတို့သည် (1-5-2020)ရက်နေ့ (13:50)နာရီအချိန်မြို့မဘိနယ်အတွင်း နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာ ဆိပ်သာကျေးရွာအုပ်စု၊ ဆိပ်သာကျေးရွာတောင်ဘက်(1)မိုင်ခန့်အကွာ ဒေသအခေါ် အုန်းကုန်းတောအတွင်းမှ တရားမဝင် အင်သစ်(18)လုံး (5.5320)တန်အား တွေ့ရှိဖမ်းဆီးရမိပြီး သစ်ပိုင်ရှင်အား စုံစမ်းရှာဖွေ၍ သစ်တောဥပဒေအရထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

CMRSသတင်းအရ (၃၀.၄..၂၀၂၀)ရက်နေ့၊ အောင်လံမြို့နယ်၊ရွှေပန်းတောဘိနယ်အတွင်း အောင်လံမြို့နယ်ဦးစီးအရာရှိဦးဆောင်သော သစ်၀န်ထမ်းများနှင့်သစ်တောရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့ တို့သည်ကျွန်းတောင်ဗွေတဲတိုက်အောက်ဘက်(၂)မိုင်ခန့်အကွာနေရာ ၂ နေရာမှ ကျွန်းခွဲသားဆိုဒ်စုံ(၃၀)ချောင်း(၃.၃၈၀၀)တန် နှင့်ကျွန်းခွဲသားဆိုဒ်စုံ(၃၀)ချောင်း(၃..၂၅၀၆)တန်တို့အားပိုင်ရှင်မတွေ့ ရပဲဖမ်းဆီးရမိခဲ့ပြီးဖမ်းဆီးရမိစုစုပေါင်း ကျွန်းခွဲသား (၆.၆၃၀၆)တန် ကိုရွေပန်းတောဘိနယ်ရုံးသို့သယ်ယူပြီး ဆက်စပ်ပတ်သက်သောတရားခံများကို စုံစမ်း ဖော်ထုတ်၍ သစ်တောဥပဒေအရထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၃၀-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတောင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ်၊ တပ်လွင်ကြိုးဝိုင်းအကွက်(၄၇)အတွင်း တရားမဝင် ကျွန်းသစ်/ လုံးပတ်၃ပေအောက်ကျွန်းသစ် (၂၇)လုံး (၉.၃၃၆၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃၀-၄-၂၀၂၀ ရက်နေ့တွင် ရန်ကုန်းတိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် လှည်းကူးမြို့နယ်၊ ဖောင်ကြီးအနာက်အုပ်စု၊ စည်ပင်လမ်းအုတ်စက်၏ အရှေ့မြောက်ဘက်လယ်ကွင်းစပ်နေရာမှ တရားမဝင် သစ်ဆိမ့်/ သဒီ/ ထောက်ကြန့် / တောင်သင်္ဘော ခွဲသား (၄၂)ချောင်း (၄.၈၂၀၂)တန်အား သစ်စက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃၀-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်းတောင်မြို့နယ်၊ ကျောက်ဖူးကြိုးဝိုင်း အမှတ်(၈၉)အတွင်းမှ တရားမဝင် ကျွန်းခွဲသား (၄၃)ချောင်း (၈.၉၇၃၂)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စစ်ဆေးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ တပ်ကုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ ကလောမြို့နယ်၊ သစ်တောဦးဌာနမှ ဦးစီးအရာရှိနှင့်သစ်တောဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည်(၃၀-၄-၂၀၂၀)ရက်နေ့ နံနက်(၁၁:၃၀)အချိန်တွင် ပင်လောင်းမြို့နယ် တောင်ကျရွာအတွင်းရှိ နေအိမ်ခြံဝန်းအတွင်းရပ်တန့်ထားသော မော်တော်ယာဉ်အမှတ် (2B/3919) Hino (၆)ဘီးယာဉ်အား ရှာဖွေစစ်ဆေးရာ တရားမဝင်ကညင်ခွဲသား (၇၁) ချောင်း (၇.၆၀၄၂) တန်အား တရားခံ(၁)ဦီးနှင့်အတူ ဖမ်းဆီးရမိပြီး ဖမ်းဆီးရမိသစ်များအား လွှဲကြီးဘိနယ်စခန်းသို့ သယ်ယူသိမ်းဆည်းထားရှိပြီး
တရားခံအား ဥပဒေနှင့်အညီးအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိပြီး ဆက်လက်၍ နေ့လည်(၁၄:၀၀)အချိန်တွင် ပေါင်းလောင်းမြို့၊ တလိုင်းမရွာအတွင်း လူမနေသော ခြံဝန်းအတွင်း စုပုံထားရှိသော တရားမဝင်ကညင်ခွဲသား (၃၅၇)ချောင်း (၃.၄၆၉၈)တန်အား ပိုင်ရှင်မတွေ့ရှိပဲ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသစ်များအား လိန်းလီဘိနယ်စခန်းသို့ သယ်ဆောင်ပြီးပိုင်ရှင်အားဖော်ထုတ် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ ပင်လောင်းမြို့နယ်၊ သပြေကုန်းရွာအ ရှေ့ဘက် ပေါင်းလောင်းချောင်း ကမ်းစပ်နေရာ၌ တရားမဝင်ကညင်ခွဲသား (၁၈၄) ချောင်း (၂.၈၀၇၄) တန်အား ပိုင်ရှင် မတွေ့ရှိပဲ ဖမ်းဆီးရမိပြီးဖမ်းဆီးရမိသစ်များအား လိန်းလီဘိနယ်စခန်းသို့ သယ်ဆောင်ပြီးဖြစ်ပြီး ပိုင်ရှင်အား ဖော်ထုတ် အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages