၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ လှူဒါန်းငွေဖြင့် ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်း (၁၀၀)ဧက တည်ထောင်စိုက်ပျိုးပြီးစီးခြင်း အခမ်းအနားကို (၄-၁-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီ၌ နေပြည်တော်-ကံပြားလမ်း၊ မိုင်တိုင်အမှတ်(၁၃/၅) ငလိုက် ကြိုးဝိုင်း၊ အကွက်အမှတ်(၂၉၊ ၃၀)၊ ဥတ္တရသီရိမြို့နယ် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဥက္ကဌ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၊ နေပြည်တော်ကောင်စီဝင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခြင်းနှင့် ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း(၁၀၀)ဧက ကမ္ဗည်းကျောက်စာအား အမွှေးနံ့သာ ရည်ဖြင့် ဖျန်းပက်ဖွင့်လှစ်ပေးခဲ့ပါသည်။
ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်း(၁၀၀)ဧက စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များရှင်းလင်းတင်ပြရာတွင် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ လှူဒါန်းငွေဖြင့် ဂေဟစနစ်ဖြည့်တင်း ရေးစိုက်ခင်း (၁၀၀)ဧကသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်း အကွက်အမှတ် (၂၉၊ ၃၀)၊ နေပြည်တော်- မကွေး-ကံပြားလမ်း မိုင်တိုင်အမှတ် (၁၃/၂ မှ ၁၃/၇)ဘေး အမှတ်(၂၁၆) နေပြည်တော်-မကွေး-ကံပြားလမ်း မိုင်တိုင်အမှတ် (၂၈/၁)ဘေး၌ တည်ရှိပါကြောင်း၊

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁-၁-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေကြည်မြို့နယ်၊ ကြပ်ကွင်းကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းကျေးရွာအနီးမှ တရားမဝင် တောင်သရက် ခွဲသား(၁၁၁)ချောင်း (၁၇.၆၀၄၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၂-၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လိုက်မြို့နယ်၊ နန်းသီရွာအနီး၊ လယ်ကွင်းအတွင်းမှ တရားမဝင် ကျွန်းခွဲသား (၄၄)ချောင်း (၄.၀၇၈၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂-၁-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တုံစီကျေးရွာ၏ အနောက်ဘက်(၄)မိုင် ခွဲခန့်အကွာ၊ နတ်နန်း-ရွှေပြည်အေးကားလမ်း တောင်ဘက်နေရာမှ တရားမဝင် အင် သစ်/ခွဲသား (၃၁၀)လုံး/ချောင်း (၁၁.၈၁၄၆)တန်နှင့် လုံးပတ်၃ပေအောက်အင်သစ် (၁၁)လုံး (၁.၅၉၂၆)တန်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂-၁-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သာပေါင်းမြို့နယ်၊ ပုသိမ်-သာပေါင်းကားလမ်းဘေး၊ ဇီးဖြူကွင်းကျေးရွာအနီးတွင် မော်တော်ယာဉ် (၂)စီးပေါ်မှ တရားမဝင် ဘောင်ဆန့်/တောင်သရက်/သစ်ပုတ် ခွဲသား (၅၀၀)ချပ်/ချောင်း (၄.၃၄၉၉)တန်အား တရားခံ(၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၂-၁-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်ခွဲ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ အကောက်ခွန်ဦးစီးဌာနအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ သန္နီမြို့နယ်ခွဲ၊ လားရှိုး-မူဆယ်လမ်းမကြီးဘေး မိုင်းလီရွာဟောင်းအနီး၊ မိုင်တိုင်အမှတ်(၁၉၄/၃) ယာဉ် (၁)စီးပေါ်မှ တရားမဝင် တမလန်း/ပိတောက် ဓါးရွေ/ခွဲသား(၁၅)ချောင်း (၀.၂၉၆၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃၀-၁၂-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်ဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သောအဖွဲ့သည် မိုင်းတုံမြို့နယ်၊ မဲကင်ဂူကြိုးဝိုင်းနှင့် လွယ်ပွတ်ကြိုးဝိုင်းအတွင်းတို့မှ တရားမဝင် ပိတောက်/ကျွန်း ခွဲသားဆိုဒ်စုံ(၁၁၀)ချောင်း (၁၇.၂၈၇၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁-၁-၂၀၂၀ ရက်နေ့တွင် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတူပီမြို့နယ်၊ မတူပီ-ဟားခါးကားလမ်း (၁၆၉/၆)မိုင်နှင့် (၁၆၉/၇)မိုင်ကြား မော်တော်ယာဉ်အမှတ် (MGY-6A/7060) HINO TE-11 အစိမ်းရောင်ပေါ်မှ တရားမဝင် ကျွန်းတံခါးချပ် (၉၅)ချပ် (၁.၀၀၄၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

Pages