Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၀-၄-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများပါဝင်သောအဖွဲ့သည် လယ်ဝေးမြို့နယ်၊ လယ်တာကြီးဘိနယ်၊ ပလွေးကြိုးဝိုင်းအကွက် အမှတ် (၃၃)အတွင်းမှ တရားမဝင် သံသေ/တောင်ပိန္နဲ/လုံးပတ်(၃)ပေအောက်သံသေ သစ်/ခွဲသား (၃၄)လုံး/ချောင်း (၅.၁၀၆၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(၂၂-၄-၂၀၂၀) ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရေယာဥ်ငယ်အသင်းမှ အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ ငေါက်စားကျေးရွာ အနီး ဥတုချောင်းဘေး နေရာတွင် တရားမဝင်ကျွန်းခွဲသား (၁၆၆)ချောင်း (၃.၅၁၉၆)တန် တင်ဆောင် လာသောစက်လှေ(၁)စီး၊ တရားမဝင်ကျွန်းခွဲသား(၁၂၈)ချောင်း (၂.၃၂၇၆)တန် တင်ဆောင် လာသောစက်လှေ(၁)စီး၊ တရားမဝင် ကျွန်းခွဲသား(၃၃၃)ချောင်း (၄.၄၀၉၄)တန် တင်ဆောင်လာသော စက်လှေ(၁)စီးနှင့် တရားမဝင်ကျွန်းခွဲသား (၁၄၂)ချောင်း(၃.၃၆၉၀)တန် တင်ဆောင်လာသော စက်လှေ (၁)စီးတရားမဝင် ကျွန်းခွဲသား(၃၉၂)ချောင်း (၃.၃၅၆၀)တန် တင်ဆောင် လာသောစက်လှေ (၁)စီး စုစုပေါင်း စက်လှေ(၅)စီးနှင့် တရားမဝင်ကျွန်းခွဲသား(၁၁၆၁)ချောင်း(၁၆.၉၈၁၆)တန်အား တရားခံ(စက်လှေပိုင်ရှင်) (၄)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိပစ္စည်းများအား လုံခြုံရာသို့ သယ်ယူသိမ်းဆည်း၍ တရားခံများ သက်ဆိုင်ရာရဲစခန်းတွင်ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေးအမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

(၂၂-၄-၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ ကလုံကြိုးဝိုင်းအကွက်အမှတ် (၃၅)အတွင်း တရားမဝင်သစ်စက်အင်ဂျင်(၁)လုံးနှင့် ဆက်စပ်ပစ္စည်း(၄)မျိုး၊ တရားမဝင်ကျွန်းသစ်/ လုံးပတ်(၃)ပေအောက်ကျွန်းသစ်(၁၅)လုံး(၂.၄၈၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိတရားမဝင် သစ်စက် အင်ဂျင်၊ဆက်စပ်ပစ္စည်းများအားဦးစီးအရာရှိရုံးသို့သယ်ယူသိမ်းဆည်းပြီး၊တရားမဝင်သစ်များအား (သ လ င) သစ်ဆိပ်(ဘိုတဲကုန်း)သို့သယ်ယူသိမ်းဆည်းပြီးဖြစ်ပါသည်။

၂၁-၄-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ပျော်ဘွယ်မြို့နယ်၊ တောင်နီကျေးရွာ၏အနောက်ဘက်(၂)ဖာလုံခန့်အကွာနေရာမှ တရားမဝင် အင်/ စကားဝါ/ သစ်အယ်/ ကတီ/ ဖျောက်ဆိပ်/ လုံးပတ်၃ပေအောက်သစ် ဖျောက်ဆိပ် သစ်/ ခွဲသား/ ခွဲခြမ်း (၄၁)လုံး/ချောင်း/ခြမ်း (၇.၆၃၇၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(၂၁-၄-၂၀၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် စစ်ဆေးရေးဌာန၏ သတင်းချပြချက်အရ လှည်းကူးမြို့နယ် ဖောင်ကြီး၊ မင်းကုန်း၊ ဥတုကျေးရွာများအနီးတဝိုက် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ သယ်ယူခြင်း၊စုပုံခြင်းများမရှိရေးနယ်မြေအတွင်း လှည့်လည် စစ်ဆေးခြင်း ဆောင်ရွက်ရာ စံပြကျေးရွာနှင့် ဥတိုကျေးရွာ(၄)နေရာတို့မှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး / ထောက်ကြံ့/ တောင်သင်္ဘော ခွဲသား (၁၈၃)ချောင်း (၆.၀၈၇၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂၁-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ သရက်ခြံရွာအနောက် တောင်ဘက်ကင်းချောင်းတောင်ဘက်ရှိ လယ်ကွင်းနံဘေးနေရာမှ တရားမဝင် တောင်ပိန်း/တောင်စကား ခွဲသား (၆၀)ချောင်း (၁၀.၀၀၃၀)တန်အား သစ်စက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၁-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ရပ်ကွက်ကြီး(၄)၊ ရာဇာဓိရာဇ်လမ်းမဘေးနေရာ၌ မော်တော်ယာဉ်အမှတ် (MON 1M/4086) FORLAND (၆)ဘီး (ခေါင်းပြာရောင်)ယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုး(၂၄)ချောင်း (၃.၀၅၁၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရဲစခန်းတွင်အမှုဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။

၂၀-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ အိုင်တုံကွန်းကြိုးဝိုင်းအကွက်အမှတ် (၂၀၊ ၃၆) ဒေသအခေါ်ပြစ်ချောင်းနေရာမှ တရားမဝင် ကျွန်း/သင်္ဃန်း/တောင်စကား ခွဲသား (၅၅)ချောင်း (၇.၀၄၂၀) တန်အား ဆိုင်ကယ်(၅)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages