၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၈-၂-၂၀၁၉ ရက်နေ့၊ နံနက် (ဝ၉:ဝ၀)နာရီအချိန်တွင် မြန်မာနိုင်ငံသစ်တောကျောင်း၊ ပြင်ဦးလွင်မြို့ ၂၀၁၈-၂၀၁၉ခုနှစ်၊ အခြေခံသစ်တောပညာ၊ အထူး(၃)လသင်တန်း “ ကျောင်းအုပ်ချုပ်ရေးအဖွဲ့” နှစ်ပတ်လည်အစည်းအဝေးကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ အမှာစကားပြောကြားပြီး ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ စဉ်ကိုင်မြို့နယ်၊ ပုလိပ်အင်းတွင် ငှက်များကို အဆိပ်ချ ဖမ်းဆီးနေကြောင်း Facebook လူမှုကွန်ယက်မှ တွေ့ရှိချက်အရ သစ်တောဦးစီးဌာန၊ ညွှန် ကြားရေးမှူးချုပ်ရုံးမှ Wildlife Mobile Rescue အဖွဲ့သည် ၄-၂-၂၀၁၉ ရက်နေ့မှစ၍ ပုလိပ်အင်းသို့ သွားရောက်ပြီး၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ် သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံ ငှက်ဝါသနာရှင်အသင်း၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ငှက်ဝါ သနာရှင်များနှင့်ပူးပေါင်း၍ အဆိပ်ချမှုအား ကွင်းဆင်း စစ်ဆေးခြင်း၊ တွေ့ရှိရသော အဆိပ် များအား ဖယ်ရှားခြင်း၊ စောင့်ကြည့်ခြင်း၊ ပညာပေး စည်းရုံးခြင်း၊ အသိပညာပေးပိုစတာများ ကပ်ခြင်း စသည်တို့ကို ဆောင်ရွက်လျက် ရှိပါ သည်။  ပုလိပ်အင်းသည် ကမ္ဘာပေါ်တွင် အရှားပါးဆုံး ငှက်မျိုးစိတ်ဖြစ်ပြီး ကောင်ရေ ၁၅၀ နှင့် ၇၀၀ အတွင်းသာ ကျန်ရှိတော့သည့် ရုရှား နှင့် တရုတ်နိုင်ငံ မြောက်ပိုင်းတွင် သားပေါက် သည့် ဘဲပို့ချတ် Baer's pochard (Aythya baeri) လာရောက်ဆောင်းခို ကျက်စားသည့် မြန်မာနိုင်ငံရှိ နေရာ အနည်းငယ်အနက် တစ်နေရာဖြစ်သည်။ ပုလိပ်အင်း အတွင်း အဆိပ် ကြောင့် သေဆုံးရသည့် ငှက်မျိုးများတွင် ဘဲပို့ချတ်လည်း ပါဝင်သဖြင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်း သိမ်းကာကွယ်မှုတွင် ကြီးမားသည့် နစ်နာဆုံးရှုံးမှု ဖြစ်ပါသည်။  ဘဲပို့ချတ်သည် မြန်မာနိုင်ငံတွင် လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ တွင် ပါဝင်ပြီး ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့် ရှောက်ခြင်းဆိုင်ရာ ဥပဒေ၊ ပုဒ်မ ၄၁ (က) အရ သတ်ဖြတ်ခြင်း သို့မဟုတ် အနာတရ ဖြစ်စေ ခြင်းအတွက် အနည်းဆုံးသုံးနှစ်မှ အများဆုံး တစ်ဆယ်နှစ်အထိ ထောင်ဒဏ်ချ မှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။  မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ကောင်းမွန်မှု၊ အစာရေစာရှိခြင်းတို့ကြောင့် ကမ္ဘာ့မြောက်ဖျားမှ မိုင် ထောင်သောင်းချီ၍ လာရောက်သည့် ဧည့်သည်ငှက်များ ၎င်းတို့ မူလ နေရာသို့ ဘေးကင်းစွာ ပြန်သွားနိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံးမှ ပူးပေါင်းပါဝင်ရန် လိုအပ်ပါသည်။

၂၀၁၉ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ 2019 World Wetlands Day အထိမ်းအမှတ် အခမ်း အနားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့၊ နံနက် (၈:၃၀) နာရီတွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ခေါင်တိုင်ကျေးရွာရှိ ဟူပင်ဟိုတယ်တွင် ပြုလုပ်ရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဌာနအကြီး အကဲများ၊ Ramsar Convention အတွင်း ရေးမှူးရုံး နှင့် Norwegian Environment Agency တို့မှ ကိုယ်စားလှယ်များ၊ ပြည်ပ ပညာရှင်များ၊ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ NGO၊ CBO နှင့် INGO တို့မှ ကိုယ်စားလှယ်များ၊ ဆရာ/ဆရာမများ နှင့် ကျောင်းသူ/ကျောင်းသားများ၊ လုပ်ငန်းရှင်များ စုစုပေါင်း ၁၂၀ ဦးခန့် တက်ရောက်ကြသည်။

၃-၂-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ်၊ ဖောင်းကတော ကြိုးဝိုင်းအကွက် (၃)အတွင်း၌ စစ်ဗျူဟာအဖွဲ့(အခြေချ)(မိုးမိတ်)ခမရ(၃၄၈)မှ မှူး/ဗက အောင်ဇော်ထက် ဦးစီးထုတ်နှုတ်(၁)စိတ်မှ တုံဖုန်း(၆)ဘီး(အပြာရောင်)ယာဉ်၊ တုံဖုန်း(၆)ဘီး(အစိမ်းရောင်) ယာဉ်နှင့် သရီးကရောင်း(၆)ဘီးအပြာရောင်ယာဉ်တို့ပေါ်မှ တရားမဝင်ကျွန်းသစ်စုစုပေါင်း(၃၆)လုံး (၆.၀၈၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဗျူဟာအဖွဲ့(အခြေချ) (မိုးမိတ်)ခမရ (၃၄၈)မှ ဖမ်းဆီးရမိယာဉ်(၃)စီးနှင့် သစ်များအား ဗိုလ်မှူးဟန်ဇော်ထွန်းမှ မိုးမိတ်မြို့နယ်၊ သစ်တောဦးစီးဌာနသို့လွှဲပြောင်းပေးအပ်လာပါသဖြင့် ဆက်စပ်ပက်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၂၃၂.၈၇၅၂)တန်၊ သစ်မာ(၉၂.၀၁၇၆)တန်၊ အခြား (၂၉၁.၉၂၆၅)တန်၊ စုစုပေါင်း(၆၁၆.၈၁၉၃)တန်၊ တရားခံ(၆၆)ဦး၊ ယာဉ်/ယန္တရား(၅၃)စီး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်း မြို့နယ်၊ ခပေါင်းကြိုးဝိုင်း အကွက်အမှတ်(၂၈၊ ၁၅၅၊ ၁၆၂)တို့မှ တရားမဝင် ကျွန်းသစ်/ခွဲသား(၂၁၁၆)လုံး/ချောင်း (၅၆.၁၄၉၂)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

ဒုတိယအကြိမ် အိတ်ဖွင့်တင်ဒါအောင်မြင်ခဲ့သည့် တင်ဒါလုပ်ကွက်အမှတ် (၂၅)ဧရိယာ (၁၀ဝ၀)ဧကအား ပြန်လည်သိမ်းဆည်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာန ထုတ်လုပ်ရေးအလုပ်တိုက်နယ်များအတွင်း သစ်တောသယံဇာတစာရင်းကောက်ယူခြင်းသင်တန်း ဆင်းပွဲအခမ်းအနားကို (၃၁-၁-၂၀၁၉)ရက်နေ့၊ (၁၅:ဝ၀)နာရီအချိန် တွင် သစ်တောသုတေသနဌာန၊ ရေဆင်း(စုဝေးခန်းမ)၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက် အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များချီးမြှင့်ခဲ့ပါသည်။

ပင်လယ်ကမ်းရိုးတန်းဒေသဘက်စုံစီမံအုပ်ချုပ်မှုဆိုင်ရာ သင်တန်းအမှတ်စဉ် (၁) ကို ၂၈-၁-၂၀၁၉ ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်၌ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန၊ သစ်တောဦးစီးဌာန၊ မှော်ဘီမြို့၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အမှာစကားပြောကြားပါသည်။ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ပင်လယ်ပြင်နှင့်ကမ်းရိုးတန်းဒေသသည် ဘင်္ဂလား ပင်လယ်အော်ဒေသ ဂေဟစနစ်ကြီးတစ်ခုလုံး၏ ၅ ပုံ တစ်ပုံရှိပါကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝပြီး ရှည်လျားသည့် ကမ်းရိုးတန်းနှင့် ကျယ်ပြန့်သည့့် ပင်လယ်ပြင်၊ ကျွန်းကြီးကျွန်းငယ်ပေါင်း (၈၀၀)ကျော်နှင့် ဖွဲ့စည်းထားသည့် မြိတ်ကျွန်းစုစသည့် မြေပြင်ရေပြင်အခြေအနေများသည် သဘာဝမှ ပေးထားသည့် နိုင်ငံ၏ အဖိုးတန်အမွေအနှစ်ဖြစ်ပါကြောင်း၊ အဆိုပါ ဒေသများသည် နိုင်ငံအတွက် ထုတ်ကုန်ပစ္စည်း (Goods)နှင့် ဝန်ဆောင်မှု (Services) အမျိုးမျိုးကို ပံ့ပိုးပေးနေသည့် ဒေသကြီးများ ဖြစ်သည့်အတွက် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍမှပါဝင်နေပါကြောင်း၊ ကမ္ဘာပေါ်တွင် သက်ရှိသတ္တဝါများ ရှင်သန်နေထိုင်ကျက်စားနိုင်သည့် နေရာများ၏ ၉၀ ရာခိုင်နှုန်းသည်လည်း ကမ်းရိုးတန်းနှင့် အဏ္ဏဝါဒေသအတွင်းတွင် တည်ရှိနေပါကြောင်း၊ ထိုကဲ့သို့ ကမ်းရိုးတန်းဒေသ၏ ပေါကြွယ်ဝသည့် သယံဇာတများကို အပြိုင်အဆိုင်သုံးစွဲရန် ကမ္ဘာ့လူထု၏ ၅၀ ရာခိုင်နှုန်းခန့်သည် ပင်လယ်ကမ်းရိုးတန်းအစပ်မှ ကီလိုမီတာ ၆၀ အတွင်းတွင် မှီတင်းနေထိုင်နေ ကြပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးကဲ့သို့ ကမ်းရိုးတန်းဒေသလည်း ဖြစ် မြစ်ဝကျွန်းပေါ်ဒေသလည်းဖြစ်သည့် နေရာများသည် လူဦးရေအထူထပ်ဆုံး နေရာဒေသများ ဖြစ်ပါကြောင်း

Pages